Friday, January 8, 2016

တိုက်ခိုက်သူပါလက်စတိုင်းလေးဦးကို အစ္စရေးစစ်သားများက အသေပစ်သတ်


သိမ်းပိုက်ထားသည့် အနောက်ဘက်ကမ်းခြေဒေသတွင် သီးခြားနေရာနှစ်ခုတွင် ဓါးဖြင့်တိုက်ခိုက်သူ ပါလက်စတိုင်းလေးဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်န၀ါရီ ၇ တွင် အသေပစ်သတ်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောသည်။ လမ်းပေါ်အကြမ်းဖက်တိုက်ခိုက်မှုမြင့်မားလာမှုမှာ စတုတ္ထလထဲသို့ ၀င်ရောက်လာပြီဖြစ်သည်။ပထမတိုက်ခိုက်မှုမှာ မကြာသေးမီက အလားတူတိုက်ခိုက်မှု အများအပြားဖြစ်ပွားခဲ့သော Gush Etzion Junction တွင်ဖြစ်ပွားခဲ့သည်။ ပါလက်စတိုင်းသုံးဦးသည် အစ္စရေးစစ်သားအဖွဲ့တစ်ဖွဲ့ကို ဓါးများဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်သားများက တိုက်ခိုက်မှုကို တားဆီးရန် တိုက်ခိုက်သူများကို ပစ်ခတ်ခဲ့သည်ဟု စစ်တပ်၏ ကြေညာချက်တွင် ဖော်ပြသည်။ ယင်းနောက်မကြာမီ ဟီဘရွန်မြို့အနီး အစ္စရေးစစ်ဆေးရေးဂိတ်အနီး ပါလက်စတိုင်းတစ်ဦးသည် စစ်သားတစ်ဦးကို ဓါးဖြင့်ထိုးရန် ကြိုးစားခဲ့ရာ ပစ်သတ်ခံရသည်ဟု စစ်တပ်က ထုတ်ပြန်သည်။

တိုက်ခိုက်မှုများတွင် မည်သည့်စစ်သားမျှ ထိခိုက်ဒဏ်ရာမရခဲ့ပေ။ အောက်တိုဘာလ စကတည်းက ပါလက်စတိုင်းတို့၏ ဓါးဖြင့်ထိုးမှု၊ ကားဖြင့်တိုက်မှုနှင့် ပစ်ခတ်မှုတို့ကြောင့် အစ္စရေး ၂၁ဦးနှင့် အမေရိကန်နိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့သည်။အလားတူကာလအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် လက်နက်ကိုင်အရပ်သားများ၏ ပစ်ခတ်မှုကြောင့်လည်း အနည်းဆုံးပါလက်စတိုင်း ၁၃၇ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

တိုက်ခိုက်မှုမြင့်တက်လာခြင်းမှာ ၂၀၁၄က အမေရိကန်ကမကထလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပျက်ပြားခြင်း၊ အနာဂတ်နိုင်ငံအတွက် ပါလက်စတိုင်းများလိုချင်သော မြေပေါ်တွင် ဂျူးအိမ်ရာများတိုးလာခြင်းနှင့် အစ္စရေးကို ဖျက်ဆီးပစ်ရန် အစ္စလာမ္မစ်က တောင်းဆိုနေခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်သူများက ပြောသည်။

mizzimaburmese

0 comments:

Post a Comment