Thursday, January 7, 2016

အသက် ၄၆ နှစ်အထိ လှနေတဲ့ ဂျေလိုရဲ့ လျှို့ဝှက်ချက်

ယခုအရွယ်အထိ လှပနေတဲ့ အဆိုတော် သရုပ်ဆောင် ဂျနီဖာလိုးပက်ဇ်ဟာ သူမရဲ့ နေ့စဉ်စားနေကျ အစားအစာတွေ၊ နေထိုင်မှုပုံစံနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အကြောင်း ဖွင့်ဟပြောပြခဲ့တာပါ။


အသက် ၄၆ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ အသက်အရွယ်နဲ့မလိုက်အောင် တကယ့်ကို ပြစ်မျိုးမှဲ့မထင်ပါပဲ။ ဂျေလိုဟာ မနက်စာအတွက် ၉၀ ကယ်လိုရီ ရှိတဲ့ ချောကလက်ရှိတ်တစ်ခွက် သောက်ပါတယ်တဲ့။

“အဲဒါကို ကီနိုရာ (အစေ့တစ်မျိုး) နို့နဲ့ ဒါမှမဟုတ် ရေနဲ့ သောက်တယ်” လို့ ဂျေလိုက ပြောပါတယ်။


သူမဟာ ကော်ဖီလည်း သောက်ပေမယ့် ကဖိန်းဓာတ် မပါတာကိုသာ သောက်ပါတယ်။ ကဖိန်းဓာတ်ကို ရှောင်တာ နှစ်ပေါင်းများစွာတောင် ရှိပြီလို့ ဂျေလိုက ဆိုပါတယ်။

“နေ့စာစာ စားချိန်ဆိုရင်တော့ ကျွန်မအရမ်းဆာတယ်” လို့ ဆိုလာတဲ့ ဂျေလိုရဲ့ နေ့စဉ် စားနေကျအစားအစာက ဆော်လမွန်ငါးနဲ့ အသီးအရွက်သုပ်ပါ။

သူမဟာ ပန်းပွင့်စိမ်း၊ ငရုတ်ကောင်းနဲ့ သခွားဖရုံတို့ကို ဆီမွှေးလေးအနည်းငယ် စမ်းပြီး စားရတာ ကြိုက်ပါတယ်။

ညစာကိုတော့ ကီနိုရာကိုပဲ သူမစားလေ့ရှိပါတယ်တဲ့။

“အဲဒါက ကျွန်မငယ်ငယ်က စားခဲ့ရတဲ့ ဆန်နဲ့ ပဲတွေလိုပဲ။ ပြီးတော့ ဝက်သားနဲ့ ကြက်သားလည်း ကျွန်မ ကြိုက်တယ်။ အထူးသဖြင့် ပေါ်တိုရီကိုစတိုင်ချက်တာ ပိုကြိုက်တယ်” လို့ ဆိုပါတယ်။

အစားအစာဆင်ခြင်ရုံနဲ့တင် ဂျေလို လှပနေတာမဟုတ်ပါဘူး။



သူမဟာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ရှောင်သလို မဖြစ်မနေထိတွေ့ရတော့မယ်ဆိုရင်လည်း နေရောင်ခြည်ခံ ခရင်မ်တွေ အများကြီးလိမ်းတယ်လို့ သိရပါတယ်။

“ကျွန်မ ဘယ်တုန်းကမှ နေရောင်ခြည် အများကြီး မခံဖူးဘူး။ အဲဒါကြောင့် ကျွန်မအသားအရေက သူ့အလိုလို ထိန်းသိမ်းပြီးသား ဖြစ်နေတာပါ။ နောက်ပြီး ကျွန်မက ဆေးလိပ်မသောက်သလို ကဖိန်းဓာတ်ပါတာတွေလည်း မမှီဝဲဖူးလေ။ အဲဒါတွေကြောင့် အသက်ကြီးလာချိန်မှာ အသားအရေတွန့်ကြတာ” လို့ ဂျေလိုက ပြောပြပါတယ်။


ဒါတွေအပြင် ဂျေလိုက တစ်နေ့ကို ၇ နာရီနဲ့ ၈ နာရီကြား အိပ်ချိန် ပုံမှန်ထားသလို လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်တဲ့သူပါ။

“တစ်ပတ်ကို လေ့ကျင့်ခန်း သုံးလေးကြိမ်လုပ်တယ်။ နယူးယော့ခ်မှာနေရင် ဒေးဗစ်ခရစ်ရှ်နဲ့ အတူကစားတယ်။ သူက အရမ်းတော်တဲ့ ထရိန်နာပါ။ အယ်လ်အေမှာနေရင်တော့ ထရေဒီ အန်ဒါဆန်နဲ့ ကစားပါတယ်။ သူတို့နှစ်ယောက်ရဲ့ နည်းလမ်းတွေက မတူကြဘူး။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အဲဒီလို ပြောင်းလဲပြီး လေ့ကျင့်ခန်းလုပ်ရတာ သဘောကျတယ်” လို့ လေ့ကျင့်ခန်းလုပ်ဖို့ ထရိန်နာနှစ်ယောက်ရှိတဲ့ ဂျေလိုက ရှင်းပြခဲ့ပါတယ်။

Source & Photos : Hollywood Life
Duwun

0 comments:

Post a Comment