Thursday, January 7, 2016

နှစ်သစ်မှာ ပျော်ရွှင်မှုပေးမယ့် ပရိုဂျူဆာ မိုးဟေကို


မိုးရုပ်ရှင် ထုတ်လုပ်ရေး၏ ပရိုဂျူဆာ မိုးဟေကိုက ပထမဦးဆုံး ထုတ်လုပ်ပြီး ရုံတင်ပြသမည့် ဇာတ်ကား နှင့် ပရိသတ်ကို ပျော်ရွှင်မှုပေးချင်ကြောင်း ပြောသည်။

''မိုးရဲ့ပထမဦးဆုံး ပရိုဂျူဆာ လုပ်ပြီးပြတော့မယ့် ကားက ''ရုံးပတီ သီးလေးများ'' ပါ။ အဲဒီအတွက် ရင်လည်း ခုန်တယ်။ ရင်လည်း တုန်တယ်။ ပထမဆုံး ကိုယ်လုပ်တဲ့ အလုပ်ကို ခက်ခက်ခဲခဲ ဆိုတာထက် ပေါ့ပေါ့ပါးပါးနဲ့ အတွေ့အကြုံ ယူချင်တာပေါ့၊ ကိုယ့်ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ပျော်ရွှင်စေချင်တာနဲ့ ပျော်ရွှင်မှုတွေ အရင်စပေးချင်တာပါ။ဒါက မိုးထုတ်လုပ်ရေး အနေနဲ့ပါ။ ပြီးတော့ ဒီကားက ရုံပြိုင်အနေနဲ့ ပြမှာဆိုတော့ ကောင်းပါတယ်။ ဘယ်ကားမဆို ပရိသတ် တစ်ယောက်အနေနဲ့ ရွေးချယ်ပြီး ကြည့်လို့ရတယ်။ အရင်တုန်းကဆိုရင် သမ္မတရုံ တစ်ရုံတည်း။ အခုဆို အများကြီး ကြည့်လို့ရတယ်။ ကြိုက်တဲ့ ကားကိုရွေးလို့ရတယ်။

ပရိသတ် အတွက်ကတော့ ပိုကောင်းတယ်လို့ မိုးမြင်ပါတယ်။ လုပ်ငန်းပိုင်းမှာ ဘယ်လိုလာဦးမလဲ မသိဘူး။ ဒါက ပထမဦးဆုံး ဆိုတော့ မသိသေးဘူး။ အပြောင်းအလဲလည်း ရှိမယ်။ အခက်အခဲလည်း ရှိမယ်'' လို့ မိုးဟေကိုက ပြောသည်။

မိုးဟေကို၏ မိုးရုပ်ရှင် ထုတ်လုပ်ရေးမှ ပထမဦးဆုံး ထုတ်လုပ်ပြီး ရုံတင်ပြသမည့် ဇာတ်ကားမှာ ' ရုံးပတီ သီးလေးများ' ဇာတ်ကားဖြစ်ပြီး ၂၀၁၆ ဇန်န၀ါရီ (၇) ရက်နေ့တွင် စတင်ပြသမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal

0 comments:

Post a Comment