Wednesday, January 27, 2016

ဒါရိုက်တာ ပရိုဂျူဆာတွေက သဘောကျပေမယ့် ပရိသတ်ကြိုက်ပါ့မလားစိတ်ပူတယ် - မာရီကိုးလ်


နာဂတိုင်းရင်းသူ မာရီကိုးလ်ရဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားတဲ့အေဒင်ရဲ့နတ်သမီး ရုပ်ရှင်မီဒီယာ မိတ်ဆက်ပွဲကို ဇန်န၀ါရီလ ၂၀ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ Junction Square ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ ပါတယ်။ မာရီကိုးလ်က အေဒင်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ထုတ်လုပ်သူရဲ့သမီး အေဒင်ကို တစ် ဖက်သတ်ကြိုက်တဲ့နေရာက သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်စာနယ်ဇင်းပွဲအမီ နာဂရိုးရာပွဲတော်က ပြန် လာတဲ့မာရီကိုးလ်ကို ခဏတာမေး ဖြစ်ခဲ့ပါတယ်။Q. ကိုယ်ပထမဆုံး သရုပ်ဆောင်တဲ့ ရုပ်ရှင်ကို ရိုက်ကူးခဲ့စဉ်က အချိန်နဲ့ပြန်ကြည်တဲ့အချိန် အမှတ်တရရင်ခုန်သံကို ပြောပေးပါ။

A. နာဂပွဲတော်ကနေ လာရတာဆိုတော့ သိပ်မကြည့်လိုက်ရဘူး။ တစ်ခန်းနှစ်ခန်းလောက်ပဲ ကြည့်ရတယ်။ ကြည့်လိုက်ရတဲ့အခန်းက ၀င့်ယမုံလှိုင်နဲ့ အခြေအတင် စကားပြောရတဲ့အခန်း၊ အဲဒီအခန်းလေးကြိုက်တယ်။ ဒီရုပ်ရှင်က ကိုယ်ပထမဆုံးသရုပ်ဆောင်ရတဲ့ရုပ်ရှင်ပါ။ ကိုစိုင်းနဲ့ ညီမ အခြေအတင်ပြောရတဲ့ ဇာတ်ဝင်ခန်းဆို တစ်နေကုန်ရိုက်ရတယ်။
အခက်အခဲတွေ ရှိခဲ့တယ်။

Q. ၀ါရင့်ဒါရိုက်တာ၊ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်အဆိုတော်တစ်ယောက်တို့နဲ့အတူ ရိုက်ခွင့် ရတဲ့ခံစားမှုက ...

A. ဦးမီးပွားရိုက်ခဲ့တဲ့ ရုပ်ရှင်တွေကို ညီမ သိပ်ကြိုက်ခဲ့ဖူးတဲ့ ပရိသတ်ပါ။ သဘာဝဆန်တဲ့ ဇာတ်ရုပ်တွေ သဘောကျတယ်။ ညီမကာရိုက်တာနဲ့ ခုဇာတ်ရုပ်ကလိုက်တယ် သရုပ်ဆောင်ဆိုပြီး အများကြီးသင် ပေးခဲ့ကြပါတယ်။

Q. စိုင်းစိုင်းကတော့ ဒီကားနဲ့ ပတ်သက်ပြီး တော်တော်လေးရင်ခုန်နေတယ်။ ညီမလေးကရော..

A. ညီမလည်း ရင်ခုန်ပါတယ်။ ဒီရုပ်ရှင်ကို အခန်းတွေဆက်တဲ့အချိန်ကတည်းက ဦးပွားက မာရီနာ အရမ်းမိုက်တယ်။ မခင်စန္ဒာမြင့်ကလည်း ဖုန်းဆက်ပြောတယ်။ မာရီနာသရုပ်ဆောင်တာမိုက်တယ်တဲ့။ အဲဒီကတည်းကကြောက်လည်းကြောက်၊ ရင်လည်းခုန်တယ်။ ဒါရိုက်တာ၊ ပရိုဂျူဆာတွေက ကြိုက်တယ်၊ သဘောကျတယ်ဆိုပေမယ့် ပရိသတ်အကြိုက်နဲ့ ထပ်တူကျပါ့မလားဆိုတာတော့ အရမ်းစိတ်ပူတယ်။ ရုံတင်ရင် ပရိသတ်အကြိုက်နဲ့ထပ်တူကျပါစေလို့ ဆုတောင်းပါတယ်။

Q. ဒီရုပ်ရှင်က မာရီနာအတွက် ခွန်အားဖြစ်စေမယ်လို့ ယုံကြည် လား ...

A. ဟုတ်ကဲ့၊ ယုံကြည်ပါတယ်။

Q. စိုင်းစိုင်းကို ရမှတ်ဘယ် လောက်ပေးထားလဲ...

A. ကိုစိုင်းက သူအရမ်းကြိုးစားတယ်။ ညီမကိုခိုင်းလို့အားနာတယ်။ သူနဲ့စကားများတဲ့အခန်းဆို တစ်နေ ကုန်အဲဒီတစ်ဆင်းထဲကို မာရီနာသရုပ်ဆောင်တာ အဆင်မပြေမချင်း သူစိတ်ရှည်ရှည်ထားပြီးသင်ပေးရှာတယ်။ တကယ်လည်းစိတ်မကောင်းဘူး။ အဲဒီအခက်အခဲလေးအတွက် မာရီနာကိုစိုင်းကို ဒီစာမျက်နှာပေါ် ကတောင်းပန်ပါတယ်။

Q. မာရီကိုးလ် ဒီလတွေမှာ အနုပညာလှုပ်ရှားမှုတွေ သိပ်မတွေ့ရသလိုပဲ ...

A. ညီမကို ဇာတ်ကားရိုက်ကူးမှုတွေ ကမ်းလှမ်းတာရှိတယ်။ ဒါပေမဲ့ ကိုယ်ရိုက်တဲ့ဇာတ်လမ်းကို သေ သေချာချာလေးဖြစ်ချင်တယ်။ အများကြီး၊ ပြောက်သောက်လည်း မရိုက်ချင်ဘူး။ ပြင်ဆင်ချိန်မရဘဲ လာကမ်းလှမ်းတဲ့ ကားမျိုးတွေလည်း မရိုက်ချင်ဘူး။ အဲဒီအတွက် မရိုက် ဖြစ်တာများတယ်။ MTV ရိုက်ဖြစ် တာရှိတယ်။ ပြီးတော့ သီချင်းဆိုဖို့ ပြင်ဆင်နေတာရှိတယ်။

Q. ပရိသတ်ကို ပြောချင်တာ များရှိသေးလား ...

A. သီချင်းခွေ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ရုပ်ရှင်ဆိုရင်လည်း တကယ်ပရိသတ်ကို စိတ်ကျေနပ်မှု ရစေနိုင်မယ့် ဇာတ်ကားမျိုးပဲ ရိုက်ကူးသွားမယ်။ မြန်မာရုပ်ရှင်ကို မြန်မာလူမျိုးက မကြည့်ချင်ဘူးဆိုတာ မဖြစ်စေချင်ဘူး။ ဒီရုပ်ရှင်လောကကြီးကိုလည်း ပြောင်းလဲတိုး တက်စေချင်တယ်။ အဲဒီလိုရွေးနေတာကြောင့် မာရီကိုးလ်က ဇာတ်ကားရိုက်ကူးမှုရှားပါတယ်။ ရှားပါးတဲ့ ကားတွေထဲမှာမှ မာရီကိုးလ်ကိုပရိ သတ်ကချစ်ခင်အားပေးတယ်ဆိုရင် အတိုင်းမသိ ပျော်ရွှင်ရပါတယ်။ ကျေးဇူးတင်ပါတယ်။

8days

0 comments:

Post a Comment