Monday, March 4, 2019

မြန်မာ−ထိုင်း နယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမီးလောင်၍ မြန်မာဒုက္ခသည်ထောင်ချီ မီးလွတ်ရာပြေးရ


မြန်မာ - ထိုင်းနယ်စပ် တာ့ခ်ျခရိုင် အုန်းပျံမြို့နယ်ရှိ မြန်မာဒုက္ခသည်များ နေထိုင် သော နို့ဖိုးဒုက္ခသည်စခန်းနှစ် နာရီကြာ မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး ဒုက္ခသည်နေအိမ် ၁၀၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

အာဖဂန်သမ္မတ ဂါနီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဟန့်တားနေဟု ပြိုင်ဘက် စွပ်စွဲ


အာဖဂန်သမ္မတ ဂါနီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဟန့်တားနေတယ်လို့ ရွေးကောက်ပွဲ ပြိုင်ဘက်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ 

အင်ဒိုနီးရှားနှင့် သြစတြေးလျ နှစ်နိုင်ငံကုန်သွယ်ရေး တိုးမြှင့်ရန် သဘောတူ


အင်ဒိုနီးရှားနဲ့ သြစတြေးလျ နှစ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးတွေဟာ နယ်ပယ်အမျိုးမျိုးမှာ ရင်းနှီးမြှုပ်နှံရေးနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ရည်မှန်းတဲ့ သဘောတူညီချက်တွေကို မတ်လ ၄ ရက်က လက်မှတ်ထိုးလိုက်ပါတယ်။ 

မူးယစ်ဆေးဝါးကို ထိန်းချုပ်ရန် လွှတ်တော်တွင် တိုက်တွန်းနေသော်လည်း လက်တွေ့တွင် ထိရောက်စွာမလုပ်ဆောင်နိုင်သေး ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌပြော


မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် အဆိုများ အကြိမ်ကြိမ်တင်သွင်း တိုက်တွန်း ထားသော်လည်း ဌာနဆိုင်ရာများမှ လက်တွေ့လုပ်ဆောင်မှုများမှာ ကျေနပ်အားရဖွယ် အနေအထားမရှိကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။ 

မယားများစွာယူသော အလေ့အထမှာ အမျိုးသမီးတွေအပေါ် မျှတမှုမရှိသည့် ဓလေ့ဟု အီဂျစ် အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦး ပြောဆို


မယားများစွာ ယူကြတဲ့ အလေ့အထဟာ ကိုရန်ကျမ်းကို နားလည်မှုလွဲနေသူတွေရဲ့ အလေ့အထဖြစ်ပြီး အမျိုးသမီးတွေအပေါ် တရားမျှတမှုကင်းမဲ့တဲ့ ဓလေ့တစ်ခုဖြစ်တယ်လို့  အရှိန်အ၀ါကြီး အီဂျစ် အစ္စလာမ်မစ် ဘာသာရေးခေါင်းဆောင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ ၄င်းရဲ့  ယင်းမှတ်ချက်ကြောင့် အငြင်းပွားပြောဆိုမှုတွေလည်း ပေါ်ထွက်စေခဲ့ပါတယ်။ 
  

မန္တလေး-မူဆယ် ရထားလမ်း စီမံကိန်းနှင့် မလွတ်ကင်းသော မြေနေရာများအတွက် ထိုက်သင့်လျော်ကြေးများ ပေးအပ်သွားမည်


မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်းနှင့် မလွတ်ကင်းသော မြေနေရာများနှင့် အဆောက်အအုံများအတွက် ထိုက်သင့်သော လျော်ကြေးများပေးအပ်မည့်အပြင် စီမံကိန်း၌ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်များပါ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား(နေပြည်တော်)မှ သိရသည်။ 

စားသုံးသူကာကွယ်ရေးဥပဒေမူကြမ်းတွင် စားသုံးသူများအတွက် အကျိုးမပြုသောဥပဒေပုဒ်မများပါဝင်နေဟု ဆို



စားသုံးသူကာကွယ်ရေးဥပဒေမူကြမ်းတွင် စားသုံးသူများအတွက် အကျိုးမပြုသောဥပဒေပုဒ်မများ ပါဝင်နေကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ 

  

ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာတွင် စိတ်ဝေဒနာခံစားနေရသူတစ်ဦးက ဘုန်းကြီးကျောင်းသို့ လက်လုပ်မိုင်းဗုံးဖြင့်ပစ်ပေါက်ခဲ့ပြီး ကျေးရွာသားများ အထိတ်တလန့်ဖြစ်


ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာတွင် စိတ်ဝေဒနာခံစားနေရသူတစ်ဦးက လက်လုပ် မိုင်းဗုံးဖြင့် ဒက္ခိဏာရုံဘုန်းကြီးကျောင်းသို့ ပစ်ပေါက်ခဲ့မှုတစ်ခု မတ် ၄ရက်နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး မနက်အရုဏ်ဆွမ်းပို့လာသူကျေး ရွာသူကျေးရွာသားများ အထိတ်တလန့်ဖြစ် ပွားခဲ့သည်ဟု သိရသည် ။

မြန်မာအစိုးရ၀န်ထမ်းတွေ တရုတ်ဘာသာစကားသင်ကြပြီ


မြန်မာနိုင်ငံအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမှုထမ်း အရာထမ်းများ တရုတ်ဘာသာစကား သင်ယူနေကြပြီး သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ 

အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ၂၀၁၈ ခုနှစ်အတွင်း တရားရုံးပြန်နှင့် ထောင်ဝင်စာရှာဖွေရေးတို့က မူးယစ်ဆေးဝါး ၆၈ ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဒုဝန်ကြီး ပြောကြား


အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ၂၀၁၈ ခုနှစ်အတွင်း တရားရုံးပြန်နှင့် ထောင်ဝင်စာ ရှာဖွေရေးတို့က မူးယစ်ဆေးဝါး ၆၈ ကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောကြားသည်။ 

တရားမ၀င်ပစ္စည်းများကို ထောင်အတွင်းသို့ စအိုအတွင်းထည့်၍ဖြစ်စေ၊ ပါးစပ်မှမျိုချ၍ဖြစ်စေ နည်းလမ်းမျိုးစုံဖြင့်သွင်းယူလာကြခြင်းကိုရှာဖွေရန် X-ray စက်အတွက် ငွေကြေးကို တင်ပြတောင်းခံသွားမည်



အကျဉ်းဦးစီးဌာနအနေဖြင့် တရားရုံးထုတ်ရုံးပြန်ထောင်ဝင်စာများတွေ့ဆုံမှုများပြားသော အကျဉ်းထောင်များ၊ မူးယစ်ဆေးဝါးပြန့်ပွားမှုများပြားသောဒေသများရှိအကျဉ်းထောင်များတွင်အသုံးပြုရန်Body Search Scanner (၃)စုံနှင့်X-ray စက်(၃)လုံးကို (၂၀၁၈-၂၀၁၉)ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရံပုံငွေဖြည့်စွက်တွင် လည်းကောင်း၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလရံပုံငွေတွင်လည်းကောင်း ထည့်သွင်းလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဗိုလ်ချုပ်အောင်သူကရှင်းလင်းဖြေကြားခဲ့သည်။ 

အင်္ဂါဂြိုဟ်လေ့လာရေး ကိုယ်ပိုင်ဂြိုဟ်တု ရှေ့နှစ်တွင် လွှတ်တင်ရန် တရုတ် စီစဉ်ထား


လာမည့် ၂၀၂၀ခုနှစ်တွင် မိမိတို့ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်၍ အင်္ဂါဂြိုဟ်အား လေ့လာရန် တရုတ် အာကာသအေဂျင်စီမှ စီစဉ်ထားကြောင်း တရုတ်နိုင်ငံမှ ထင်ရှားသော အာကာသ သိပ္ဗံပညာရှင်တစ်ဦးကပြောသည်။ 

စင်္ကာပူက မြန်မာအမျိုးသမီးကို လူမှောင်ခိုကူးဖို့ ကြိုးစားတဲ့ မလေးရှားနိုင်ငံသား ၄ဦး ဖမ်းဆီးခံရ


စင်္ကာပူနိုင်ငံက မြန်မာအမျိုးသမီးတဦးကို လူမှောင်ခိုကူးဖို့ ကြိုးစားတဲ့ မလေးရှားနိုင်ငံသားလေးဦးကို စင်္ကာပူရဲတပ်ဖွဲ့က တားဆီးလိုက်ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ဟိုတယ်မှာ မိခဲ့တဲ့ စုံတွဲ ၆ တွဲကို ကြိမ်ဒဏ်ပေး


အင်ဒိုနီးရှားနိုင်ငံ အေဇက်ပြည်နယ်တွင် ဟိုတယ်မှာမိခဲ့တဲ့ စုံတွဲ ၆ တွဲကို မတ်လ ၄ ရက်နေ့မှာ လူပုံအလယ် ကြိမ်ဒဏ်ပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ အေဇက်ဟာ မွတ်စလင်ဦးရေ အများဆုံးရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကြိမ်ဒဏ်စနစ်ကျင့်သုံးတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပါတယ်။ ၄င်းမှာ လောင်းကစား၊ အရက်သောက်၊ လိင်တူစက်ယှက်၊ လက်မထပ်ပဲ အတူနေတာတွေကို ကြိမ်ဒဏ်ဖြင့် အပြစ်ပေးပါတယ်။ ယခု ကြိမ်ဒဏ်ထိ ၁၂ ဦးကို ၂၀၁၈ နှစ်ကုန်တွင် ဟိုတယ်တစ်ခုမှာ ဖမ်းမိခဲ့ကြပါတယ်။ ၄င်းတို့ကို ကြိမ်ဒဏ်မပေးခင်မှာ လအနည်းငယ်ကြာ ထောင်ချခဲ့ပါတယ်။ 

ထိုင်း အထွေထွေရွေးကောက်ပွဲတွင် စစ်ဦးစီးချုပ်ဟောင်း အာဏာသိမ်းဝန်ကြီးချုပ် ဝင်ပါဦးမည်


ထိုင်းအာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးချုပ် ပရာယွတ်ဟာ ၄င်းတို့အာဏာသိမ်းအပြီး ၅ နှစ်ခန့်အကြာ မတ်လ ၄ ရက်နေ့မှာတော့ လာမယ့် ၂၀၁၉ မတ်လ ၂၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ဝင်အရွေးခံမယ်လို့ ထပ်ပြောကြားခဲ့ပါတယ်။ 

အမြန်လမ်းမကြီးတွင် ကလေး-ရန်ကုန် ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားပြီး ကနဦးသတင်းအရ ၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ


ယနေ့ (မတ်လ ၅ ရက်) က နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် ၇၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံအကြားတွင် ကလေး-ရန်ကုန် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ကနဦးသတင်းများအရ သေဆုံးသူ ၈ ဦးရှိပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး၏ လူမှုကွန်ရက်စာမျက်နှာမှ ထုတ်ပြန်ချက်အရ သိရသည်။ 

ကမ္ဘာ့အကြီးဆုံးထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ဖြစ်လာမည့် ဂေါတမဗုဒ္ဓရုပ်တုတည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော် ပြီးစီးနေပြီး လာမည့်ဧပြီလဆန်းတွင် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ ကျင်းပမည်


မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဘုရားသုံးဆူတောင်ပေါ်၌ တည်ထားလျက်ရှိသည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် ဖြစ်လာမည့် ဂေါတမဗုဒ္ဓဘုရားရုပ်တု တည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော်ပြီးစီးနေပြီး လာမည့်ဧပြီလဆန်းတွင် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆက်ကြေးကောက်ခံနေသော TNLA မှ ဒုဗိုလ်အဆင့်ရှိသူအပါအ၀င် ၃ ဦးအား ဖမ်းဆီးအမှုဖွင့်


မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မတရားသဖြင့်ဆက်ကြေးကောက်ခံနေသော TNLA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးကိုတပ်မတော်မှဖမ်းဆီးကာ မိုးကုတ်မြို့မရဲစခန်းသို့အပ်နှံပြီးအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။ 

ပြည်ခိုင်ဖြိုးတင်သွင်းသည့်ခြေဥပြင်ဆင်ရေးမူကြမ်း ဆွေးနွေးမည့်နည်းလမ်း လွှတ်တော်၏အဆုံးအဖြတ် ယနေ့ရယူမည် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ခြေဥပြင်ရေးပူးပေါင်းကော်မတီ၌ ထည့်သွင်း ဆွေးနွေးရန် ဒီချုပ်ပြော

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ တီက တင်သွင်းထားသည့်ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဒုတိယအ ကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်း အား ဆွေးနွေးမည့်နည်းလမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်း ကော်မတီအတွင်း သဘောထား ကွဲလွဲ၍ ယနေ့ကျင်းပမည့်ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် လွှတ်တော်၏အဆုံးအ ဖြတ်ရယူမည်ဟု ကော်မတီအဖွဲ့ ၀င်ဦးအောင်ကြည်ညွန့်က ပြောသည်။ 

Thursday, February 28, 2019

ဧရာဝတီတိုင်းလွှတ်တော်အတွင်း အုပ်စုဖွဲ့ခြင်း၊ သတင်းထောက်များကို ကိုယ်ပိုင်သတင်းထောက်အဖြစ်ထားရှိခြင်း၊ ကိုယ်စားလှယ်များအား ကိုယ်ပိုင်လူယုံအဖြစ်ထားရှိခြင်းနှင့် အဂတိလိုက်စားခြင်းများရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား


ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အတွင်း အုပ်စုဖွဲ့ခြင်းများ၊ သတင်းထောက်များကို ကိုယ်ပိုင်သတင်းထောက်အဖြစ်ထားရှိခြင်းများ ကိုယ်စားလှယ်များကို ကိုယ်ပိုင်လူယုံအဖြစ် ထားရှိခြင်းများရှိနေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ပြောကြားသည်။