Monday, March 4, 2019

အာဖဂန်သမ္မတ ဂါနီ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဟန့်တားနေဟု ပြိုင်ဘက် စွပ်စွဲ


အာဖဂန်သမ္မတ ဂါနီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဟန့်တားနေတယ်လို့ ရွေးကောက်ပွဲ ပြိုင်ဘက်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။ 
အာဖဂန်နစ္စတန်သမ္မတ အက်ရှ်ရက်ဖ် ဂါနီရဲ့ သြဇာကြီးတဲ့ အကြံပေးဟောင်းနဲ့ ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက် မိုဟမ်မက်ဒ် ဟာနိဖ် အတ်မာက ခုလို ပြောလိုက်တာပါ။ 

ဂါနီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နိုင်မယ့် အားထုတ်မှုတွေကို ပိတ်ဆို့ရင်း တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးကို နှောင့်နှေးအောင် လုပ်နေတယ်လို့ သူက စွပ်စွဲပါတယ်။ 

အာဖဂန်နိုင်ငံတွင်း ဆွေးနွေးပွဲတွေကို ကျိုးကြောင်းမခိုင်လုံဘဲ ဆန့်ကျင်နေတာ၊ လုပ်ငန်းစဉ် အတွင်းက လုပ်ဆောင်ချက်တွေကို အစွန်းရောက်အောင် မျက်နှာသာမပေးတာ၊ ပထမအနေနဲ့ မော်စကို ထိပ်သီးညီလာခံထဲမှာပါတဲ့ လူတိုင်းကို သူက ဝေဖန်တယ်၊ ဒုတိယအနေနဲ့ တာလီဘန်တွေ ခရီးသွားလို့ မရအောင် တားဖို့ ကုလသမဂ္ဂဆီ စာပို့တယ်လို့ အတ်မာက ဆိုပါတယ်။ 

အတ်မာဟာ မနှစ်က အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်ခဲ့သူဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမားလည်း ဖြစ်ကာ ရှုပ်ထွေးလှတဲ့ အာဖဂန်နိုင်ငံရေးမှာ ဦးဆောင်ပြိုင်ဘက်လည်း ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်နိုင်ရေး အိမ်စောင့်အစိုးရကို လမ်းဖယ်ပေးဖို့ ဂါနီ မေလမှာ ရာထူးကဆင်းပေးရေး တခြားကိုယ်စားလှယ်တွေလိုပဲ အတ်မာက ဆော်သြထားပါတယ်။ 

အတ်မာက “ကျနော်တို့က မော်စကိုညီလာခံမှာ ကြားဖြတ်အစိုးရ အတွေးအခေါ်ကို မဆွေးနွေးခဲ့ဘူး။ ဒါပေမယ့် အိမ်စောင့်အစိုးရကို ထောက်ခံတယ်။ မေ ၂၁ ရက်မှာ လက်ရှိ အစိုးရရဲ့ အခွင့်အာဏာ အဆုံးသတ်ပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ အနေအထားအရ အစိုးရဟာ အခြေခံဥပဒေရဲ့ ကန့်သတ်ချက်နဲ့အညီ ဖြစ်ရမယ်” လို့ ပြောပါတယ်။ 

ဂါနီရဲ့ပြောခွင့်ရ ဟာရွန် ချာခန်းစူရီကတော့ အတ်မာရဲ့ စွဲချက်တွေက အခြေအမြစ် မရှိဘူးလို့ ငြင်းပါတယ်။ 

“အာဖဂန်မှာ ငြိမ်းချမ်းရေးရဖို့ ရှင်းလင်းတဲ့စီမံကိန်းတွေ သမ္မတမှာ ရှိထားတယ်။ အာဖဂန်တွေနဲ့ ဆွေးနွေးဖို့ တာလီဘန်တွေကို ထပ်ခါတလဲ ဆော်သြခဲ့ပြီးပြီ။ ရွေးကောက်ပွဲ ပြီးတဲ့အထိ သမ္မတက ရာထူးမှာ ဆက်နေမယ်” လို့ ချာခန်းစူရီက ပြောပါတယ်။ 

အမေရိကန်အစိုးရက ခန့်အပ်တဲ့ ရုပ်သေးအစိုးရလို့ ရှုမြင်လို့ တာလီဘန်တွေက ဆွေးနွေးဖို့ ငြင်းဆိုထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဂါနီက တိုက်ရိုက်အခန်းကဏ္ဍတွေမှာ မပါဝင်ဘဲ ဘေးထွက်နေခဲ့တာ ကြာပြီဖြစ်ပါတယ်။

DVB

0 comments:

Post a Comment