လာမည့် ၂၀၂၀ခုနှစ်တွင် မိမိတို့ ကိုယ်ပိုင်ဂြိုဟ်တုလွှတ်တင်၍ အင်္ဂါဂြိုဟ်အား လေ့လာရန် တရုတ် အာကာသအေဂျင်စီမှ စီစဉ်ထားကြောင်း တရုတ်နိုင်ငံမှ ထင်ရှားသော အာကာသ သိပ္ဗံပညာရှင်တစ်ဦးကပြောသည်။
”လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်ကာလအတွင်းမှာ ကျွန်တော်တို့ဟာ အောင်မြင်မှုတွေ အများကြီးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာကာသဆိုင်ရာဖက်မှာတော့ အလှမ်းဝေးနေလျှက်ရှိပါသေးတယ်။ ဒါကြောင့် အာကာသလေ့လာရေးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ခြေလှမ်းကို အရှိန်မြှင့်တင်ရမှာဖြစ်ပါတယ်”ဟု တရုတ်နိုင်ငံ အာကာသစူးစမ်းလေ့လာရှာဖွေရေးအစီအစဉ်ကို ဦးဆောင်ရေးဆွဲခဲ့သူ မစ္စတာ ၀ူဝေရန်းက တရုတ်နိုင်ငံ CCTV ရုပ်သံမှ ပြောကြားခဲ့သည်။
”တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ရုရှားပြီးရင် အာကာသလေ့လာစူးစမ်းရေးနဲ့ပတ်သက်လို့ တတိယဖြစ်လာမှာပါ။ ရှေ့နှစ်ကျရင် အင်္ဂါဂြိုဟ်လေ့လာရေးဂြိုဟ်တုကို ကျန်တော်တို့ လွှတ်တင်မှာပါ။ အဲဒီဂြိုဟ်တုဟာ အင်္ဂါဂြိုဟ်ပတ်လမ်းမှာ လှည့်ပတ်မယ်၊ ပြီးရင် ဂြိုဟ်ပေါ်ဆင်းမယ်၊ လေ့လာမှုတွေပြုမယ်”ဟုလည်း သူက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ပထမဆုံးသော အာကာသလေ့လာရေးဂြိုဟ်တုကို ၁၉၇၀ ခုနှစ်က အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။
Ref: China Plans to Launch Its Own Mars Probe Next Year
Popular News Journal
0 comments:
Post a Comment