Monday, March 4, 2019

ထိုင်း အထွေထွေရွေးကောက်ပွဲတွင် စစ်ဦးစီးချုပ်ဟောင်း အာဏာသိမ်းဝန်ကြီးချုပ် ဝင်ပါဦးမည်


ထိုင်းအာဏာသိမ်းအစိုးရရဲ့ ဝန်ကြီးချုပ် ပရာယွတ်ဟာ ၄င်းတို့အာဏာသိမ်းအပြီး ၅ နှစ်ခန့်အကြာ မတ်လ ၄ ရက်နေ့မှာတော့ လာမယ့် ၂၀၁၉ မတ်လ ၂၄ ရက်နေ့ အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်နေရာအတွက် ဝင်အရွေးခံမယ်လို့ ထပ်ပြောကြားခဲ့ပါတယ်။ 
ထိုင်းနိုင်ငံမှာ ယင်လပ်အစိုးရကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ငါးနှစ်ကြာတဲ့အထိ နိုင်ငံရေးတွင် အုပ်စုများ အပီအပြင်ကွဲနေဆဲပါပဲ။ ယင်လပ်အစိုးရကို လနဲ့ချီဆန္ဒပြခဲ့ကြတဲ့နောက်မှာတော့ စစ်ဦးစီးချုပ်ဟောင်း ပရာယွတ်ဟာ တာဝန်နဲ့ဝတ္တရားအရဟုဆိုပြီး အာဏာတက်သိမ်းခဲ့ပါတယ်။ 

၎င်းဟာ ထိုစဉ်ကတည်းက အာဏာကိုဆုပ်ကိုင်ထားခဲ့ပြီး ရွေးကောက်ပွဲကျင်းပပေးရန် ငြင်းဆန်၊ ဝေဖန်သူတွေကို နှိပ်ကွပ်ခဲ့တဲ့အပြင် နောင်အနှစ် ၂၀ အထိ နိုင်ငံရေးမှာ စစ်တပ်ဝင်ပါခွင့်ရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ခဲ့ပါတယ်။ 

ယင်းလုပ်ရပ်တွေကြောင့် ဒီမိုကရေစီဘက်တော်သားတွေ အမျက်ချောင်းချောင်း ထွက်ခဲ့ရပါတယ်။ ၂၀၁၉ မတ်လ အထွေထွေရွေးကောက်ပွဲမှာ PPRP ပါတီမှယှဉ်ပြိုင်သူအဖြစ် ပါဝင်မည်ဟု ပြောကြား ခဲ့ပေမယ့် နိုင်ငံရေးစကားစစ်ထိုးပွဲမှာ ယှဉ်ပြိုင်ရန်အတွက်ကိုတော့ ပရာယွတ်က ငြင်းဆန်ထားပါတယ်။ 

၂၀၁၄ ခုနှစ်တုန်းက ယင်လပ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ်ဟာ ထိုမတိုင်ခင် ၈ နှစ် အကြာတုန်း ကလည်း ယင်လပ်အစ်ကိုဖြစ်သူသက်ဆင်ရဲ့ အစိုးရကိုလည်း အာဏာသိမ်းပြီး ဖယ်ရှားခဲ့ပါတယ်။ ထိုင်းမှာ ၂၀၁၁ ခုနှစ်ပြီးကတည်းက အထွေထွေရွေးကောက်ပွဲများ ဆိတ်သုဉ်း၊ အဆက်ပြတ် နေခဲ့ပါတယ်။ စစ်အုပ်ချုပ်ရေးအောက်ရောက်ခဲ့တဲ့ နှစ်များအတွင်း ရွေးကောက်ပွဲဝင်ယှဉ်ပြိုင်တဲ့ အင်အားစုအသစ်များ ပေါ်ထွက်လာခဲ့ရာ နဂိုရှိခဲ့တဲ့အတိုင်း ပြတ်ပြတ်သားသား နှစ်ခြမ်းကွဲကြတာမျိုး မဟုတ်တော့ပဲ ပို၍ရှုပ်ထွေးလာခဲ့ပါတယ်။ 

ZHO (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment