ဂန့်ဂေါမြို့နယ် ဇဟောကျေးရွာတွင် စိတ်ဝေဒနာခံစားနေရသူတစ်ဦးက လက်လုပ် မိုင်းဗုံးဖြင့် ဒက္ခိဏာရုံဘုန်းကြီးကျောင်းသို့ ပစ်ပေါက်ခဲ့မှုတစ်ခု မတ် ၄ရက်နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး မနက်အရုဏ်ဆွမ်းပို့လာသူကျေး ရွာသူကျေးရွာသားများ အထိတ်တလန့်ဖြစ် ပွားခဲ့သည်ဟု သိရသည် ။
“ရွာထဲက ဦးဝင်းဖေဆိုတာ နည်းနည်း စိတ်မနှံ့တဲ့သူ အသက် ၅၃ နှစ် အရွယ်တစ်ယောက်ရှိတယ်။ သူကမိုင်းခွဲတာတွေ ဘာ တွေဝါသနာပါတယ်။ မိုင်းတွေလည်း ကျွမ်းကျင်တဲ့သဘောရှိတယ်။ ပြီးခဲ့တဲ့ ၁၅ ရက်တုန်းကလည်း တစ်ခါထုပြီးပြီ။ အဲဒီတုန်းက ဘုန်းကြီးကျောင်းအဝင် ရေကန်လေးရှိတယ်။ ရေကန်လေးကို ပေါက်ထွက်သွားတယ်။ ဒီကနေ့မနက် ၅ နာရီခွဲထုတာကတော့ မိုင်းထဲမှာ ခဲစာတွေလည်း ထည့်ထားပုံရတယ်။ ကျောင်းနံရံမှာလာစဉ်တာရှိတယ်။ နှစ်ပေါက်၊ တံခါးပေါက်သွားတယ်။ အားလုံး လေးပေါက် လောက်ထိသွားတယ်။ နယ်ထိန်းခေါင်းဆောင်က ၆ နာရီခွဲလောက် ရောက်လာပြီးတော့ မိုင်းဗုံးကတစ်ခု၊ ဓားကတစ်ခု၊ နောက်သူနေတဲ့ တောမှာငါးခွဲတဲ့ မိုင်းတစ်လုံးရှိသေးတယ်ပြောလို့ လိုက်သိမ်းသွားတာတွေ့လိုက်တယ်။ ခွဲတယ်လို့ယူဆသူကို လောလောဆယ် ထိန်းသိမ်းထားတယ်ပြောတယ်။ အုပ်ချုပ်ရေးမှူးကတော့ အမှုဖွင့်မယ်လို့ ပြောသွားတယ်။ ဒါက ဒုတိယအကြိမ် ဖြစ်တာပါ။ အခု ဖြစ်တာကတော့ လူတွေတော့ ဘာမှမထိခိုက်ဘူး။ ဘုန်းကြီးကျောင်းက မိုင်းနဲ့ပေါက်တယ်လို့ ယူဆရတဲ့သူရဲ့အိမ်ဝင်းနဲ့က ကပ်လျက်ဖြစ်နေတာ။ သူ့အိမ်ဝင်းကနေပေါက်တာလား၊ လမ်းကြား ကနေပေါက်တာလားမသိဘူး။ သူက ပစ်လိုက်တော့ သွပ်မိုးပေါ်ကနေ မိုင်းကသွပ်မိုးပေါ်ကလိမ့်ထွက်ပြီး ကျောင်းနံရံကြားကို ကျ သွားပြီး ထပေါက်တဲ့အချိန် မိုင်းထဲကခဲစက တံခါးကိုမှန်တယ်လို့ အကြမ်းဖျင်းယူဆတာပေါ့ ။ တံခါးတွေ၊ နံရံတွေ မှန်တဲ့ ဒဏ်ရာမျိုးတွေရှိတယ်။ ဒဏ်ရာလေးခုတွေ့တယ်။ မိုင်း ဗုံးလုပ်တယ်လို့ ယူဆလိုက်တဲ့ ပလတ်စတစ် ကော်ဘူးအစတွေလည်း တွေ့တယ်။ မိုင်းဗုံးကို ကော်ဘူးထဲ ထည့်လုပ်တယ်လို့ ယူဆရပါတယ်” ဟု ဇဟောကျေးရွာမှ ရပ်မိရပ်ဖ ဦးချိုဝင်းက ပြောကြားသည်။
ဇဟောကျေးရွာသည် ဂန့်ဂေါမြို့နယ် အတွင်းတည်ရှိပြီး မြစ်သာမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိကာ အိမ်ခြေ ၆၇၀ ရှိ ပြီး လူဦးရေ ၂၀၀၀ ကျော်ရှိကာဘုန်းတော် ကြီးကျောင်းနှစ်ကျောင်းရှိသည်ဟု သိရသည်။
“အဲဒါလေ။ စခန်းထဲမှာ ထိန်းထားပြီးပြီ။ သူက စိတ်ဝေဒနာခံစားနေရတဲ့သူ။ သူက အရင်နှစ်နှစ်က ကိုရင်ဝတ်တာ။ သူက တောင် ကျောင်းမှာ သူက ဦးဇင်းဝတ်ချင်တာ၊ သူက စိတ်မမှန်တော့ ဘုန်းကြီးက လက်မခံတာ။ အဲဒါကို အခုမှ စိတ်ဖောက်လို့ လက်မခံရတာ လားဆိုတဲ့ပုံစံမျိုးလို့ ယူဆရတာပေါ့။ ကျွန်တော်တို့က စိတ်ကျန်းမာရေးဆေးရုံကို ပို့မှာပါ။ စိတ်ဝေဒနာရှင်ဆိုတော့ အမှုလည်းဖွင့် မရဘူး။ သူ့စိတ်ရောဂါက တအားကြီးလည်း အဆိုးမဟုတ်ဘူး။ ဆေးစားလိုက်ရင် ကောင်းသွားမှာပါ။ ရွာက အထိတ်တလန့် ဖြစ်တာပေါ့။ သူထောင်ကျတယ်ဆိုရင်လည်း ပိုဆိုးမှာလေ။ ဒါ့ကြောင့် စိတ်ကျန်းမာရေးဆေးရုံ ပို့ဖို့ သူ့ဆွေမျိုးတွေလည်း ပြောထားပြီးသားပါ”ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment