Monday, March 4, 2019

စင်္ကာပူက မြန်မာအမျိုးသမီးကို လူမှောင်ခိုကူးဖို့ ကြိုးစားတဲ့ မလေးရှားနိုင်ငံသား ၄ဦး ဖမ်းဆီးခံရ


စင်္ကာပူနိုင်ငံက မြန်မာအမျိုးသမီးတဦးကို လူမှောင်ခိုကူးဖို့ ကြိုးစားတဲ့ မလေးရှားနိုင်ငံသားလေးဦးကို စင်္ကာပူရဲတပ်ဖွဲ့က တားဆီးလိုက်ပါတယ်။ 
စင်္ကာပူနဲ့ မလေးရှားနယ်စပ် စစ်ဆေးရေးဂိတ်မှာ မလေးရှား နံပတ်ပြားနဲ့ ကားတစီးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ဆေးရာမှာ တွေ့ရှိခဲ့ပြီး တားဆီးနိုင်ခဲ့တာလို့ စင်္ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေက ပြောပါတယ်။ 

ကားထဲမှာ မလေးရှားအမျိုးသမီးနှစ်ဦး လိုက်ပါလာပြီး မြန်မာအမျိုးသမီးကတော့ ကားနောက်ဖုံးထဲမှာ ပုန်းနေခဲ့တာလို့ ဆိုပါတယ်။ ကားကို စစ်ဆေးနေချိန်အတွင်း စစ်ဆေးရေးဂိတ်အကျော်မှာ နောက်ထပ် မလေးရှား နံပတ်ပြားနဲ့ ကားတစီးကို သံသယရှိတာကြောင့် စစ်ဆေးတဲ့အခါ တဖွဲ့တည်းဖြစ်နေတာမို့ သူတို့အားလုံးကို ဖမ်းဆီးလိုက်တာလို့လည်း ဆိုပါတယ်။
  
မလေးရှားနိုင်ငံသားလေးဦးကို စင်္ကာပူနိုင်ငံထဲက ရွှေ့ပြောင်းနေထိုင်သူတွေကို လူမှောင်ခိုကူးဖို့ ကြိုးစားမှုနဲ့ အမှုဖွင့်အရေးယူထားပြီး မြန်မာအမျိုးသမီးကိုတော့ စင်္ကာပူနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအပြင် တရားမဝင်ထွက်ခွာဖို့ အားထုတ်မှုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ 

Photo: ICA/ FB 
ကားနောက်ဖုံးထဲမှာ ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာအမျိုးသမီး။
RFA

0 comments:

Post a Comment