Monday, March 4, 2019

ပြည်ခိုင်ဖြိုးတင်သွင်းသည့်ခြေဥပြင်ဆင်ရေးမူကြမ်း ဆွေးနွေးမည့်နည်းလမ်း လွှတ်တော်၏အဆုံးအဖြတ် ယနေ့ရယူမည် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ခြေဥပြင်ရေးပူးပေါင်းကော်မတီ၌ ထည့်သွင်း ဆွေးနွေးရန် ဒီချုပ်ပြော

ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါ တီက တင်သွင်းထားသည့်ဖွဲ့စည်း ပုံအခြေခံဥပဒေကို ဒုတိယအ ကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်း အား ဆွေးနွေးမည့်နည်းလမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်း ကော်မတီအတွင်း သဘောထား ကွဲလွဲ၍ ယနေ့ကျင်းပမည့်ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် လွှတ်တော်၏အဆုံးအ ဖြတ်ရယူမည်ဟု ကော်မတီအဖွဲ့ ၀င်ဦးအောင်ကြည်ညွန့်က ပြောသည်။ 
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင်များသည် မတ်လ ၄ ရက် တွင် အစည်းအဝေးပြုလုပ်ကာ ပြည်ခိုင်ဖြိုးအမတ်ဦးသိန်းထွန်း တင်သွင်းသည့်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းခဲ့ သည်။ 

ယင်းဥပဒေမူကြမ်းတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကို ပြင်ဆင်ရန်အဆိုပြုထားရာ ပြည်ထောင်စုလွှတ်တော်၌ ဆက် လက်ဆွေးနွေးမည် (သို့တည်း မဟုတ်)ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ၌ ထည့်သွင်းဆွေးနွေးမည်ဆိုခြင်း ကို လွှတ်တော်၏အဆုံးအဖြတ်ရ ယူရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

‘‘၂၆၁ တစ်ခုတည်းကိုကွက် ပြီး ပြင်မယ့်အစားပေါ့နော်။လွှတ် တော်မှာ အားလုံးသိပြီးသားဖြစ် တဲ့အတိုင်း ပူးပေါင်းကော်မတီ၊ ပူးပေါင်းကော်မတီကလည်း အား လုံး Over All ပြင်မယ့်အနေအထား ရှိတဲ့အတွက်ကြောင့်မို့လို့ အဲဒီအ ချိန်ကျမှ ပူးပေါင်းကော်မတီက ဆွေးနွေးတဲ့အချိန်မှာ ဒါမှမဟုတ် သင့်တော်တဲ့အချိန်ကျမှ အဲဒီမှာပဲ ထည့်သွင်းဆွေးနွေးပြီးတော့ စဉ်း စားလိုက်တာပိုပြီးသင့်တော်တယ် လို့ ဆွေးနွေးကြတာရှိတယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်ဦး အောင်ကြည်ညွန့်က ပြောသည်။ 

ဥပဒေကြမ်းပူးပေါင်းကော်မ တီ၏ သဘောထားမှတ်ချက်အစီ ရင်ခံစာကို ယနေ့(မတ်လ ၅ ရက်)ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းမည် ဖြစ်သည်။ 

‘‘လွှတ်တော်ရဲ့ အဆုံးအ ဖြတ်ကို ခံယူလိုက်ကြရင် ကောင်း မယ်ဆိုပြီးတော့ ဆုံးဖြတ်ကြ တယ်။ ဒါကြောင့်မို့လို့ အစီရင်ခံ စာကတော့ အဲဒီအတိုင်းတင် မယ်’’ ဟု ဦးအောင်ကြည်ညွန့်က ပြောသည်။ 

ဥပဒေကြမ်းပူးပေါင်းကော်မ တီတွင် ပါဝင်သည့်တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များအပါအ၀င် ပြည်ခိုင်ဖြိုးနှင့်အ ခြားလွှတ်တော်ကိုယ်စားလှယ်အ ချို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်မည့်ဥပဒေ ကြမ်းအား လွှတ်တော်နည်းဥပဒေ အတိုင်း ပြည်ထောင်စုလွှတ်တော် ၌ ဆက်လက်ဆွေးနွေးရန် မှတ် ချက်ပြုခဲ့သည်ဟု ဥပဒေကြမ်းပူး ပေါင်းကော်မတီဝင် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။ 

‘‘ကျွန်တော်တို့ ကတော့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပူးပေါင်းကော် မတီရဲ့ အစီရင်ခံစာကို ပြည် ထောင်စုလွှတ်တော်ကို တင်သွင်း ပြီးတော့မှ ပြည်ထောင်စုလွှတ် တော်မှာ ဆွေးနွေးဖို့တင်ပြတယ်။ ကော်မတီထဲမှာတော့ သဘော ထားနှစ်ခုကွဲသွားတာပေါ့’’ ဟု ၎င်းကပြောသည်။ 

ပြည်ခိုင်ဖြိုးအမတ်က ပြင် ဆင်ရန် အဆိုပြုသည့်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၁ တွင် တိုင်းဒေသကြီး (သို့မဟုတ်)ပြည် နယ်ဝန်ကြီးချုပ်ခန့်အပ်တာဝန် ပေးခြင်းနှင့် သက်ဆိုင်သည့်အ ကြောင်းအရာများပါဝင်သည်။

7Day

0 comments:

Post a Comment