မြန်မာ - ထိုင်းနယ်စပ် တာ့ခ်ျခရိုင် အုန်းပျံမြို့နယ်ရှိ မြန်မာဒုက္ခသည်များ နေထိုင် သော နို့ဖိုးဒုက္ခသည်စခန်းနှစ် နာရီကြာ မီးလောင်မှုဖြစ်ပွားရာ အနည်းဆုံး ဒုက္ခသည်နေအိမ် ၁၀၀ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
မီးလောင်မှုကြောင့် ဒုက္ခ သည် ၂၇၀ ကျော် မီးဘေးသင့်ခဲ့ ပြီး ၎င်းတို့ကို စခန်း၏အခြားတစ် နေရာသို့ ပြောင်းရွှေ့ထားကြောင်း ကရင်ဒုက္ခသည်စခန်းကော်မတီ ဥက္ကဋ္ဌရောဘတ်ထွေးက ပြော သည်။
သို့သော် မီးလောင်မှုကြောင့် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုမရှိ ကြောင်း ၎င်းက ပြောသည်။
‘‘အတိအကျပြောဖို့ မရ သေးဘူးဖြစ်နေတယ်။ နောက် ရက်မှပြောပေးနိုင်မယ်။ နားလည် ပေးစေချင်တယ်’’ ဟု ရောဘတ် ထွေးကပြောသည်။
ယမန်နေ့ နေ့လယ်က မီးလောင်မှုဖြစ်ပွားပြီး နို့ဖိုးဒုက္ခ သည်စခန်း ဇုန် (၁၆) (အေ) အပိုင်းမှဇုန် (၁၆) (ဘီ) အပိုင်းထိ အပိုင်းနှစ်ပိုင်း ကူးစက်လောင် ကျွမ်းခဲ့ကြောင်း ထိုင်းသတင်းဌာန WorkPoint က ဖော်ပြသည်။
မီးလောင်မှုကြောင့် ဒုက္ခ သည် ထောင်ချီ မီးဘေးလွတ် ရာသို့ထွက်ပြေးခဲ့ရကြောင်း ထိုင်း သတင်းဌာနက ဖော်ပြသည်။
မီးလောင်မှုနှင့် ပတ်သက်ပြီး 7Day Daily သတင်းစာက နို့ဖိုး ဒုက္ခသည်စခန်းက တာဝန်ရှိသူ များကို ယမန်နေ့ကအကြိမ်ကြိမ် ဆက်သွယ်မေးမြန်းရာမရပေ။
နို့ဖိုးဒုက္ခသည် စခန်းတွင် မြန်မာဒုက္ခသည်တစ်သောင်း ကျော်ခိုလှုံနေသည်။
၂၀၁၇ ဇူလိုင်ကလည်း မယ်ဟောင်ဆောင်မြို့အနီးရှိက ရင်နီဒုက္ခသည်စခန်း မီးလောင်မှု ဖြစ်ပွားရာ ဒုက္ခသည်နေအိမ် ၃၀ ကျော်မီးလောင်ဆုံးရှုံးခဲ့သည်။
ထို့အပြင် ၂၀၁၃ မတ်လက ကရင်နီဒုက္ခသည် စခန်းမီးလောင် မှုဖြစ်ပွားရာ ဒုက္ခသည် ၃၆ ဦးသေ ဆုံးခဲ့သည်။
လက်ရှိတွင် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ကရင်ဒုက္ခ သည်စခန်းခုနစ်ခုနှင့် ကရင်နီ (ကယား) ဒုက္ခသည်စခန်းနှစ်ခု စုစုပေါင်းစခန်းကိုးခု၌ မြန်မာဒုက္ခ သည် ၉၇,၀၀၀ ဦးခိုလှုံနေပြီးအ များစုသည် ကရင်၊ ကရင်နီ (ကယား) များဖြစ်ကြောင်း ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး(UNHCR) ကဖေဖော် ၀ါရီ ၂၀ ရက်တွင် ထုတ်ပြန်ထား သည်။
မြန်မာ - ထိုင်း နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင် နေသော မြန်မာဒုက္ခသည် ငါးရာ ကျော်ကို UNHCR အပါအ၀င် မြန်မာ - ထိုင်း အစိုးရတို့က ဖေ ဖော်ဝါရီ တတိယပတ်တွင် နေ ရပ်ပြန်ပို့ခဲ့သည်။
မြန်မာဒုက္ခသည်ငါးရာကျော် ကို တတိယအကြိမ်အဖြစ်နေရပ် ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။
ဒုက္ခသည်များပြည်တော် ပြန်နိုင်ရေး ဒေါ်အောင်ဆန်းစု ကြည်၏ ၂၀၁၆ ထိုင်းခရီးစဉ်အ တွင်း နှစ်နိုင်ငံအစိုးရက သဘော တူညီခဲ့သည်။ ဒုက္ခသည်များဌာ နေသို့ မိမိဆန္ဒအလျောက်ပြန်နိုင် ရန် UNHCR ကဒုက္ခသည်စခန်း တိုင်းတွင် ဌာနေပြန်နိုင်ရေးအကျိုး ဆောင်ဌာနများ ဖွင့်လှစ်ထား မည်ဖြစ်၍ ပြန်လိုသူများစာရင်း ပေးနိုင်ကြောင်း ကြေညာထား သည်။
7Day
0 comments:
Post a Comment