Monday, March 4, 2019

မူးယစ်ဆေးဝါးကို ထိန်းချုပ်ရန် လွှတ်တော်တွင် တိုက်တွန်းနေသော်လည်း လက်တွေ့တွင် ထိရောက်စွာမလုပ်ဆောင်နိုင်သေး ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌပြော


မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေမှုများနှင့် ပတ်သက်ပြီး လွှတ်တော်တွင် အဆိုများ အကြိမ်ကြိမ်တင်သွင်း တိုက်တွန်း ထားသော်လည်း ဌာနဆိုင်ရာများမှ လက်တွေ့လုပ်ဆောင်မှုများမှာ ကျေနပ်အားရဖွယ် အနေအထားမရှိကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။ 
မတ်လ (၄) ရက်က ရန်ကုန်မြို့ Rose Garden Hotel တွင် ကျင်းပသည့် UNDP ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ လေ့လာဆန်းစစ်ချက်များ အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

“တိုက်တွန်းတာကတော့ အကြိမ်ကြိမ်ပါပဲ ၊ မေးခွန်းပေးတာရော၊ အဆိုတင်သွင်းတာရော၊ အများကြီးလုပ်ပါတယ်။ တကယ့်အ ကောင်အထည်ဖော်ရမယ့် ဌာနဆိုင်ရာအဖွဲ့အစည်းတွေက အားနည်းချက်တွေ အများကြီး ရှိနေတယ်၊ ဘဏ္ဍာရေးအရ သော် လည်းကောင်း၊ ၀န်းထမ်းအရေအတွက်အရသော်လည်းကောင်း၊ လိုအပ်ချက်တွေ တော်တော်များပါတယ်၊ နောက်ပြီး လုပ်ပိုင်ခွင့် ပိုင်းဆိုင်ရာ အားနည်းမှုလည်း ရှိနေပါတယ်”ဟု ဦးအောင်နိုင်ဦးက ပြောသည်။ 

လက်ရှိတွင် မွန်ပြည်နယ်ရှိ လူငယ်များစုမှာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး နယ်စပ်ဒေသနှင့် နီးစပ်နေသည့်အတွက် မူးယစ်ဂိုဏ်း များ အများအပြားရှိနေသောကြောင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ထိန်းချုပ်ရန် အခက်အခဲရှိကြောင်းလည်း ၄င်းက ဆိုသည်။ 

မွန်ပြည်နယ်တွင် အကျဉ်းကျနေသူများ၏ ၇၀ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးမှုနှင့် ကျခံနေရသူများဖြစ်ပြီး ပြည်နယ်လွှတ်တော် တွင် အဆိုတင်သွင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ယခုချိန်တိုင် ကျဆင်းသွားခြင်း မရှိသေးကြောင်း သိရသည်။ 

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတမှ အထူးကြတ်မတ် ဆောင်ရွက်ရန် ပြောကြားထားပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမှုများနှင့် ပတ်သက်ပြီးလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးလျက် ရှိသည်။ 

ထက်ဝေလင်း(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment