Monday, March 4, 2019

မြန်မာအစိုးရ၀န်ထမ်းတွေ တရုတ်ဘာသာစကားသင်ကြပြီ


မြန်မာနိုင်ငံအစိုးရ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမှုထမ်း အရာထမ်းများ တရုတ်ဘာသာစကား သင်ယူနေကြပြီး သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။ 
သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး သံမှူးကြီး Ms. Li Xiaoyan၊ ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးတို့ တက်ရောက်၍ သင်တန်းဆင်းလက်မှတ်ပေး အပ်ကြောင်း သိရှိရသည်။ 

တရုတ်ဘာသာစကားသင်တန်းကို နေပြည်တော်တွင် ငါးကြိမ်တိုင်တိုင် ဖွင့်လှစ်ပြီးဖြစ်ပြီး မြန်မာအစိုးရ ၀န်ထမ်း ၈၀ ကျော် သင်တန်းဆင်းပြီးဖြစ်ကြောင်း သိရှိရသည်။ 

သင်တန်းဆင်းပွဲအခမ်းအနားတွင် သံမှူးကြီး Ms. Li Xiaoyan က တရုတ်-မြန်မာနှစ်နိုင်ငံသည် "Belt and Road" မူဘောက်အောက်ရှိ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုကို အင်တိုက် အားတိုက် တွန်းအားပေးနေကာ နှစ်ဦးနှစ်ဘက် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများလည်း ထပ်ဆင့်  တိုးပွားလာ ကြောင်း၊ အဆိုပါအခြေအနေတွင် ဘာသာစကားလူရည်ချွန်၏ အားသာချက်နှင့် အကျိုးရှိမှုသည် ပိုမိုသိသာထင်ရှားလာကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ သည်တရုတ်ဘာသာစကားသင်ကြားရေး ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအပါအဝင် မြန်မာနိုင်ငံအစိုးရ သက်ဆိုင်ရာ ဌာနများအတွက် ပိုမိုများပြားသော တရုတ်ဘာသာစကား လူငယ်လူရည်ချွန်များကို မွေးထုတ်ပေးနိုင်ပြီး နှစ်နိုင်ငံ လက်တွေ့ ကျကျ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပိုမိုအထောက်အပံ့ပေးနိုင်မည်ဟု မျှော်လင့် ကြောင်း ပြောဆိုသည်။ 

ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေး သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ဆောက်လုပ်ရေးဝန်ကြီးဌာန အတွက် တရုတ်ဘာသာစကားသင်တန်းများ ဆက်လက်ဖွင့်လှစ်ပေးပြီး သင်တန်းသား၊ သင်တန်းသူများ၏ တရုတ် ဘာသာစကား အသုံးပြုမှုစွမ်းရည်ကို တိုးမြှင့်နိုင်ရန် ၎င်းတို့ကို တရုတ်နိုင်ငံသို့ သွားရောက်လေ့လာဖို့ ဖိတ်ခေါ် ရန် မျှော်လင့်ကြောင်း ပြောဆိုသည်။

Khit Thit Media 

0 comments:

Post a Comment