Sunday, August 31, 2014
UNFC ညီလာခံက KNU ဘာကြောင့် ထွက်လာရသလဲ
အလုပ်မှာ နောက်ကျမှ နေ့လည်စာစားရတဲ့အခါ လွယ်ကူပြီး အာဟာရဖြစ်စေမယ့် အစားအစာ(၃)မျိုး
ရုံးမှာ လုပ်စရာတွေကလည်းများ။ အစည်းအဝေးပွဲတွေကတစ်မျိုး၊ အပြီးသတ်လုပ်ဆောင်ရမယ့် အလုပ်တွေကလည်း ရှိနေတယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ စားကောင်းတဲ့ နေ့လည်စာကို မြန်မြန်စားပြီး အလုပ်ဆက်လုပ်ဖို့ စိတ်ဆန္ဒတွေ ဖြစ်မိနေပါလိမ့်မယ်။ လွယ်ကူပေမယ့် နေ့လည်စာအတွက် အာဟာရပြည့်ဝတဲ့အစားအစာတော့ ဖြစ်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုနေ့လည်စာမျိုးတွေက သင့်အတွက် အဆင်ပြေစေနိုင်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
မေမြတ်နိုးအား မီဒီယာရှေ့တွင် တောင်းပန်ခိုင်းပြီး သရဖူပြန်အပ်ရန် တောင်းဆို
မီဒီယာရှေ့တွင်တောင်း ပန်ပြီး သရဖူပြန်အပ်ရန်မေမြတ် နိုးအား Miss Asia Pacific World Organization၏ ကိုရီးယားနှင့်အ ရှေ့တောင်အာရှပိုင်း တာဝန် ယူထားသောဥက္ကဋ္ဌမစ္စတာချွိုင် ဂျင်းကပြောသည်။
မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာပြီး အိမ်ခြံမြေဈေးကွက်တွင် အဆမတန် ဈေးပေးဝယ်နေသူများ၌ ၎င်းတို့ ပါဝင်နေမှုအပေါ် ဒေသခံများစိုးရိမ်နေ
တရုတ်စာဆိုင်းဘုတ် အများအပြား မြင်တွေ့နေရသော မန္တလေးမြို့လယ် မြင်ကွင်းတစ်နေရာ
မန္တလေးမြို့သို့ တရုတ်နိုင်ငံသားဝင်ရောက်မှု သိသာစွာမြင့်တက်လာကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာန၏ စာရင်းဇယားများအရ သိရသည်။
စာရင်းဇယားများအရ ၂၀၁၄ ခုနှစ်အတွင်း လစဉ်အလုပ်အကိုင်ဗီဇာဖြင့် ၀င်ရောက်သူ နိုင်ငံခြားသား ၁၀၀၀ ကျော်ရှိသည့်အနက် ၁၀၀၀ ၀န်းကျင်မှာ တရုတ်နိုင်ငံသားများ ဖြစ်နေသည်။
ကာချုပ်မိန့်ခွန်းက အခြေခံဥပဒေပြင်ဆင်ရေး တွန်းအားပင် ဖြစ်စေဟု သုံးသပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗိုလ်သင်တန်းကျောင်းတွင် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-မြ၀တီ)
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားလိုက်သည့် စကားကြောင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများ ကြိုးပမ်းနေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တွန်းအားတစ်ရပ်ပင် ဖြစ်စေကြောင်း နိုင်ငံရေး အင်အားစုများက ဆိုလာသည်။
Saturday, August 30, 2014
ဗိုလ်ကြီးမမတို့ တခေတ်ဆန်းပြီ
တချိန်ကတော့ ဗိုလ်လောင်းလို့ ဆိုလိုက်ရင် အမျိုးသား ဗိုလ်လောင်းတွေကိုပဲ မျက်စေ့ထဲ ပြေးမြင်မိကြပါလိမ့်မယ်။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်)
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို မှော်ဘီမှာ ရှိတဲ့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ သြဂုတ်လ ၂၈ ရက်နေ့ က ကျင်းပခဲ့ပါတယ်။
အမျိုးသမီးဗိုလ်လောင်းတွေလည်း ပေါ်ပေါက်လာပြီး သူတို့ဟာ တပ်မတော် ပြန်တမ်းဝင် အရာရှိတွေ ဖြစ်လာမှာလို့ သိရပါတယ်။

အမျိုးသားတွေဆီမှာ အမျိုးသမီးတွေ ရှာဖွေတတ်တဲ့ အရည်အချင်း (၅) ခု
အရပ်အမောင်းရှည်တာ၊ အသားညိုတာ၊ ရုပ်ရည်ချောမောတာတွေအပြင် အမျိုးသမီးတွေဟာ ယောက်ျားလေးတွေကို အကဲခတ်တိုင်းတာတတ်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ သင့်ဆီမှာ အဲဒီအရည်အချင်းတွေ ဘယ်လောက်ရှိသလဲ ကြည့်ရအောင်။
UNFC ညီလာခံတွင် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်
ကျင်းပဆဲ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC) ညီလာခံ တွင် အခြေခံအယူအဆအချို့နှင့် ပတ်သက်၍ သဘောထားကွဲလွဲ မှုများ ရှိနေကြောင်း သတင်းရရှိ သည်။
UNFC ဖွဲ့စည်းပုံတွင် ပါဝင် သည့် ဗဟိုချုပ်ကိုင်မှုနှင့် ပတ် သက်သော သဘောထားအမြင်၊ လက်ရှိကာလတွင် နိုင်ငံရေးနှင့် စစ်ရေးမည်သည့် အချက်ကိုဦး စားပေးဆောင်ရွက်မည် စသည့် အခြေခံအယူအဆများနှင့်ပတ် သက်၍ အမြင်မတူမှုများ ရှိနေ ခြင်းဖြစ်ကြောင်း UNFC တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။
‘‘အခြေခံအယူအဆ တချို့ မှာ ညှိဖို့နည်းနည်း လိုတာပါ။ နည်းနာပိုင်းလေးတွေ ဆက်ပြီးညှိ ရမှာ’’ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဆိုသည်။
UNFC ညီလာခံတွင် အဆို ပါ အခြေခံ အယူအဆများနှင့် ပတ်သက်၍ သဘောထားကွဲလွဲ နေသည့်အတွက် ခေါင်းဆောင် ပိုင်းပြန်လည်ရွေးချယ်ခြင်း၊ ရှေ့ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သုံးသပ်ခြင်းတို့ကို ဆွေးနွေးနိုင် ခြင်းမရှိသေးကြောင်း သတင်းရရှိ သည်။
ပထမအကြိမ် UNFC ညီလာခံကို သြဂုတ် ၂၅ ရက်မှစတင်၍ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေခြင်းဖြစ်သည်။ သြဂုတ် ၂၉ ရက်နှင့် ၃၀ ရက်များတွင် ညီလာခံကို ခေတ္တရပ်နား၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အပါအ၀င် ပြည်တွင်းနိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံခဲ့သည်။
UNFC ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး လက်ရှိဥက္ကဋ္ဌတာ ၀န်ကို ကေအိုင်အိုမှ ဒုတိယဗိုလ် ချုပ်ကြီး အင်ဘန်လက တာဝန် ယူထားသည်။ သြဂုတ် ၃၁ ရက်မှ စတင်၍ UNFC ညီလာခံကို အနည်းဆုံး ၂ ရက်ခန့် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

မြန်မာနိုင်ငံတွင် အမျိုးသားထက် အမျိုးသမီးဦးရေ နှစ်သန်းခန့်ပိုများ
ရှေ့ပြေးသန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၁ သန်း ကျော်တွင် အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် နှစ်သန်းနီးပါး(၁ ဒသမ ၇ သန်း) ခန့် ပိုများပြားနေကြောင်း ၂၀၁၄ ခုနှစ်လူဦးရေနှင့် သန်းခေါင်စာရင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။
Friday, August 29, 2014
ကန်ဒေါ်လာတစ်သိန်းတန် သရဖူယူပြီး တိမ်းရှောင်နေသည်ဟု မေမြတ်နိုး စွပ်စွဲခံရ
အာရှပစိဖိတ်အလှမယ် သရဖူကို ပူပူနွေးနွေးအသိမ်းခံခဲ့ရ သည့် မြန်မာအလှမယ် မေမြတ်နိုး သည်အမေရိကန်ဒေါ်လာ တစ်သိန်းတန်ကြေးရှိ သရဖူကိုယူပြီးတိမ်းရှောင်နေသည်ဟု တောင်ကိုရီး ယား အာရှပစိဖိတ်အလှမယ်အ ဖွဲ့အစည်းက သောကြာနေ့တွင်စွပ်စွဲလိုက်သည်။
လှနုထွန်း ထပ်ပြောတဲ့ သရဖူကိစ္စနဲ့ မေမြတ်နိုး
တောင်ကိုရီးယား အခြေစိုက် Miss Aisa Pacific World 2014 သရဖူ ပြန်ရုပ်သိမ်းခံရတဲ့ မြန်မာအလှမယ်
မေမြတ်နိုး ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းကို သရဖူ ပြန်မအပ်သေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တချိန်က သူ့ရဲ့ နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်ခဲ့သူ လှနုထွန်းက ထပ်မံ ဖြေရှင်းချက် ထုတ်ထားပြန်ပါတယ်။
ကမ္ဘာတ၀ှမ်းမှာ နေထိုင်ကြပါသော မြန်မာနိုင်ငံသားဟောင်းများနှင့် ၄င်းတို့မှ မွေးဖွားလာပါသော မျိုးဆက်သစ်များ၊ မျိုးချစ်မြန်မာနိုင်ငံသားမိဘပြည်သူများ၊ရှင့်။
လတ်တလောဖြစ်ပျက်နေသော သရဖူနှင့် စလွယ်ပြန်မအပ်သော သားအမိနှစ်ဦးကြောင် မြန်မာတို့ အား သဘောရိုးဖြင့်မေးမြန်းခြင်း၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ဆိုသည့် စကားအတိုင်း လှောင်
ပြောင် ပြော ဆိုခြင်းကို ခံရနိုင်ပါသည်။

မြန်မာ ယူ-၁၉ အသင်းအား အစိုးရက ကျပ်သိန်း ၂,၅၀၀ ကျော် ပေးအပ်ဂုဏ်ပြု
နိုင်ငံတော်အစိုးရက ဘရူနိုင်း ဘုရင့်ဖလား ဗိုလ်စွဲခဲ့ သော မြန်မာ့လက်ရွေးစင် ယူ-၁၉ဘောလုံးအသင်းအား ဂုဏ်ပြုငွေ ကျပ်သိန်းနှစ်ထောင့်ငါးရာကျော် ပေးအပ်ခဲ့သည်။
ဗိုလ်စွဲခဲ့သော မြန်မာ ယူ-၁၉ဘောလုံး အသင်းသားများအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဂုဏ်ပြုလက်မှတ်များနှင့် အားက စားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းက ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂,၅၅၀ ကျော်ကို သြ ဂုတ် ၂၉ ရက် ညနေက နေပြည် တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် ပြု လုပ်သော ဂုဏ်ပြုပွဲ၌ ပေးအပ် ခဲ့ကြောင်း သတင်းထုတ်ပြန် သည်။ထို့ကြောင့် ပြိုင်ပွဲကြီးမဟုတ် ဘဲ မြန်မာ ယူ-၁၉ အသင်းမှာဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်သိန်း ၄,၅၀၀ ကျော်နှင့် အမေရိကန်ဒေါ် လာ ၄,၃၀၀ ရရှိထားပြီးဖြစ်သည်။

သမံတလင်းကို လျှာဖြင့် လျက်ခိုင်းသော ဆရာမအား နှစ်တိုးတစ်ကြိမ် ရပ်ဆိုင်း
အတန်းထဲတွင် စကား များသော အကြောင်းပြချက်ဖြင့် စတုတ္ထတန်း ကျောင်းသားအား သမံတလင်းကိုလျှာဖြင့် လျက်ခိုင်း သော မူလတန်းပြဆရာမကို နှစ် တိုး တစ်ကြိမ်ရပ်ဆိုင်းရန် ပညာ ရေးဝန်ကြီးဌာနက ဆုံးဖြတ်လိုက် သည်။
အိန္ဒိယတွင် သခင်၏ သင်္ချိုင်းမြေပုံအနီး နှစ်ပတ်ကြာ စောင့်ရှောက်နေသည့် ခွေးကလေးကို ကယ်တင်ခဲ့ရ
အိန္ဒိယ နိုင်ငံတွင် သခင်ဖြစ်သူကို မြှုပ်နှံထားသည့် မြေပုံနံဘေးမှ နှစ်ပတ်လုံးလုံး မခွာဘဲ တွယ်ကပ်နေသည့် သစ္စာရှိ ခွေးကလေး တစ်ကောင်ကို တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး ဝန်ထမ်းတစ်ဦးက ကယ်တင်ကာ သက်ဆိုင်ရာ မိသားစုထံ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အွန်လိုင်းတွင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖြန့်ဝေနေခြင်းများမှာ အဆင့်အတန်းမရှိဟု သန္တာလှိုင်တုံ့ပြန်
မကြာမီ ရက်ပိုင်းအတွင်း က ၀ါရင့်မော်ဒယ်သန္တာလှိုင်နှင့် ပတ်သက်၍ အွန်လိုင်းတွင် ရေးသားဖြန့်ဝေထားသည်များကို သြဂုတ် ၂၈ ရက်က ၎င်း၏ကိုယ်ပိုင်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အဆင့်အတန်းမရှိ သော အရေးအသားဖြစ်သည်ဟု တုံ့ပြန်လိုက်သည်။
Subscribe to:
Posts (Atom)