" အဓိက ကတော့ အခွေတွေဖြန့်တာ နယ်တွေမှာ ရောင်းရပေမယ့် အကြွေးတွေနဲ့ ဆိုတော့ အရှုံးပေါ်တာပေါ့။ အစ်မက ကိုယ်တိုင်လည်း ထုတ်လုပ်ရေးမှာ မထိုင်တော့ မသိဘူး။ အစ်မက Beauty Saloon နဲ့ Spa ဘက်ပဲ အလုပ်လုပ်ဖြစ်တော့ အိမ်ကလူတွေ ပြန်ပြောမှ သိတာ။ အဲဒီလိုရှုံးတာချင်း အတူတူ ကိုယ့်ဇာတ်ကားတွေ နယ်ဘက်မှာ ပရိသတ်ကို အလကားပေးလိုက်တာကမှ သူတို့နဲ့ တိုက်ရိုက်ထိတွေ့ခွင့် ရဦးမယ်။ ဒါကြောင့် ဒီအလုပ်ကို ပိတ်ထားလိုက်တာ" ဟု ၎င်းက ပြောသည်။၎င်းအနေဖြင့် မဟာဆန်တဲ့ မာယာမျက်နှာဖုံး ဇာတ်ကားရိုက်ကူးမှုပြီးတွင် ဇာတ်ကားရိုက်ကူးမှုများကို ရပ်နားလိုက်ပြီး အနုပညာလောကနှင့် ဆက်နွယ်နေသည့် ဇာတ်ကား ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းများကိုလည်း ရပ်နားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် နဝရတ်သည် ၎င်း၏ Beauty Saloon နှင့်Spa စီးပွားရေးကိုသာ အဓိကထား လုပ်ဆောင်လျက်ရှိပြီး ညအနုပညာဘက်ကိုမူ အချိန်မပေးနိုင်ခြင်းကြောင့် လုပ်ဆောင်နိုင်မည် မဟုတ်ဟု ပွင့်လင်းစွာ ဆိုသည်။ ၎င်းအနေဖြင့် ဇာတ်လမ်းဇာတ်အိမ်ကောင်းပြီး ပရိသတ်များ အတွက် အကျိုးရှိမည့် ဇာတ်ကားမျိုး လာရောက်ကမ်းလှမ်းမှုမျိုး ရှိမှသာ အချိန်ပေး ရိုက်ကူးမည် ဖြစ်သည်။
သရုပ်ဆောင် နဝရတ်သည် Art & T8 ဆိုင်ကို အင်တာနေရှင်နယ်ဟိုတယ် အတွင်း၌ စတင်ဖွင့်လှစ်ခဲ့ပြီး နယ်မြို့များတွင်လည်း ဆိုင်ခွဲများ ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းကြောင့် အနုပညာလုပ်ငန်းများကို ရပ်နားလိုက်ဖြင်းဖြစ်သည်။ နဝရတ်သည် သရုပ်ဆောင်ပိုင်းတွင် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ခြင်းသည် ၎င်း၏ဆရာ ကျော်ဟိန်းက စနစ်တကျသင်ပေးခဲ့ ခြင်းဖြစ်သည်။ ၎င်းသရုပ်ဆောင်ခဲ့သည့် တိမ်မင်းသမီး ဒဏ္ဍာရီ၊ အမွေခံထိုက်သူဖြစ်ပါစေ စသည့် ရုပ်ရှင်များနှင့် ဗီဒီယိုများကို ရိုက်ကူးခဲ့သူ ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment