Tuesday, August 5, 2014

မိန်းကလေးတွေက စိတ်ကူးယဉ်ဆန်စရာလို့ ထင်ပေမယ့် ယောင်္ကျားလေးတွေအတွက် စိတ်ကူးယဉ်စရာလို့ မမြင်တဲ့အရာများ



ချစ်သူကောင်မလေးတွေက တစ်ချို့အရာတွေကို စိတ်ကူးယဉ်စရာကောင်းတယ်လို့ ထင်နေမြင်နေပေမယ့် သူ့ချစ်သူကောင်လေးတွေအတွက်တော့ အဲ့ဒီအရာတွေဟာ စိတ်ပျက်စရာအလုပ်တွေ ဖြစ်နေတတ်ပါတယ်။ ဘယ်လိုအရာမျိုးတွေလည်း ဆိုတာ တစ်ချက်လောက် ကြည့်လိုက်ပါဦး။
အသည်းပုံဒီဇိုင်းပါတဲ့ လက်ဝက်ရတနာများ

ယောကျာ်းတွေဟာ အလယ်တန်းအဆင့်လောက် ရောက်ပြီးကတည်းက လက်ဆောင်တွေဝယ်ဖို့ စိတ်ဝင်စားမှုမရှိတော့ပါဘူး။ အဲဒါကြောင့် လက်ဆောင်ကောင်းတွေကို စိတ်မ၀င်စားတော့တဲ့ ယောက်ျားတွေအတွက် ရတနာတွေက မိန်းကလေးတွေ ထင်သလို စိတ်ဝင်စားစရာမကောင်းတော့ပါဘူး။

ကစားစရာဝက်ဝံရုပ်များ

အဲဒီအရုပ်တွေကို သူပွဲတစ်ခုခုမှာ နိုင်ခဲ့တာဆိုရင်ကိစ္စမရှိပါဘူး။ ဒါပေမဲ.သူက သူ့ချစ်သူကောင်မလေးကို အဲဒီအရုပ်တွေပေးလာပြီဆိုရင်တော့ ပြသနာ၇ှိလာပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီအရုပ်က သူပွဲက နိုင်လာတာဖြစ်နေလို့ပါ။

သင့်ကြောင့်ရန်ဖြစ်၇ခြင်း

ကိုယ့်အတွက်နဲ့ သူ တခြားယောကျာ်းတစ်ယောက်နဲ့ရန်ဖြစ်ပြီး အဖမ်းခံရတာဟာလည်း စိတ်ကူးယဉ်ဆန်စရာမကောင်းပါဘူး။

စိတ်ပျက်ဖွယ်ရာ အိမ်လုပ်အစားအစာများ

ပင်ပင်ပမ်းပမ်း ချက်ကျွေးတဲ့ အိမ်ချက်အစားအစာတွေ စားရတာကတော့ အရသာရှိလှပါတယ်။ ဒါပေမဲ့ မီးကျွမ်းနေတဲ့ အစားအစာတွေစားဖို့တော့ ဘယ်ယောင်္ကျားကမှ သဘောကျမှာမဟုတ်ပါဘူး။

လူသိရှင်ကြား ချစ်ရေးဆိုခံရခြင်း

ပတ်ဝန်းကျင်ရဲ့ပြောဆိုတာတွေ ဖိအားပေးတာတွေမရှိရင်တော့ ချစ်ရေးဆိုခံရတဲ့ကိစ္စက တော်တော်စိတ်ကူးယဉ်စရာကောင်းပါတယ်။

ကတိခံပြီးပစ္စည်းဝယ်ခိုင်းခြင်း

ခရစ္စမတ်အတွက် ကားအသစ်ဝယ်ခိုင်းတာမျိုးဟာ စိတ်ကူးယဉ်ဆန်တဲ့ကိစ္စမျိုးပေါ့။ နှစ်စကတည်းက အကြွေးတွေအများကြီးတင်နေတာတောင် အပေါင်စာချုပ်နဲ့ လက်ဆောင်ပစ္စည်းဝယ်ခိုင်းတာမျိုးကတော့ စိတ်ကူးယဉ်ဆန်စရာ မကောင်းလှပါဘူး။

သင့်ကိုရုတ်တရက်ခြောက်လန့်ခြင်း

သင်မုန့်လုပ်နေတုန်းဖြစ်ဖြစ် သင့်နောက်ကနေ သင့်ကိုခြောက်လှန့်တာဟာ စိတ်ကူးယဉ်ဆန်စရာမကောင်းပါဘူး။

ကလိထိုးခြင်း

ကလိထိုးတာက ရယ်မောစေဖို့၊ အသက်ရှုရခက်ခဲစေဖို့ လုပ်ခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလုပ်လုပ်လိုက်လို့ မျက်လုံးကို လက်သီးနဲ့ထိုးခံရတဲ့အထိ ဖြစ်တတ်ပါတယ်။

Ref:womenhealthmag

Trend Myanmar

0 comments:

Post a Comment