Sunday, September 1, 2013

မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် မာဒေးကားဖလား ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲ တိုက်ရိုက်လွှင့်မည်

Photo: (၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့်  မြန်မာယူ-၂၃ အမျိုးသားလက်ရွေးစင်အသင်း၏ ယှဉ်ပြိုင်ကစားပုံများကို မိဘပြည်သူညီအစ်ကိုမောင်နှများဂုဏ်ယူစွာအားပေးနိုင်ရန်အတွက် မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် မာဒေးကားဖလား ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲ ၏ မြန်မာ့ယူ-၂၃ အမျိုးသားလက်ရွေးစင်အသင်းယှဉ်ပြိုင်မည့် ပွဲစဉ်များအားလုံးနှင့် အခြားပွဲစဉ်များအားလုံးကို SKY NET SPORTS ရုပ်သံလိုင်းများတွင် စက်တင်ဘာလ (၇) ရက်နေ့မှစတင်၍တိုက်ရိုက် (LIVE)ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲ၏ အုပ်စုပတ်လည်ပွဲစဉ်များဖြစ်သည့် မြန်မာယူ-၂၃အသင်းနှင့် ထိုင်းယူ-၂၃အသင်း (Myanmar U-23 Vs Thailand U-23) ပွဲစဉ်ကိုစက်တင်ဘာလ (၇) ရက် စနေနေ့ည(၇း၁၅) အချိန်တွင်လည်းကောင်း၊ မြန်မာယူ-၂၃အသင်းနှင့် မလေးရှားယူ-၂၃ အသင်း (Myanmar U-23 Vs Malaysia U-23) ပွဲစဉ်ကိုစက်တင်ဘာလ (၉) ရက် တနင်္လာနေ့ ည(၇း၁၅) အချိန်တွင်လည်းကောင်း ၊ မြန်မာယူ-၂၃အသင်းနှင့် စင်္ကာပူယူ-၂၃ (Myanmar U-23 Vs Singapore U-23 ) ပွဲစဉ်ကိုစက်တင်ဘာလ (၁၁) ရက် ဗုဒ္ဓဟူးနေ့ ည(၇း၁၅) အချိန်တွင် SKY NET SPOTRS – 1 ရုပ်သံလိုင်းတွင် တိုက်ရိုက် (LIVE) ထုတ်လွှင့်သသွားမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာအစီရင်ခံအပ်ပါသည်။

(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာယူ-၂၃ အမျိုးသားလက်ရွေးစင် အသင်း၏ ယှဉ်ပြိုင်ကစားပုံများကို မိဘပြည်သူညီအစ်ကိုမောင်နှများ ဂုဏ်ယူစွာ အားပေးနိုင်ရန်အတွက် မလေးရှားနိုင်ငံတွင်ကျင်းပပြုလုပ်မည့် မာဒေးကားဖလား
ဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲ ၏ မြန်မာ့ယူ-၂၃ အမျိုးသားလက်ရွေးစင်အသင်းယှဉ်ပြိုင်မည့် ပွဲစဉ်များ အားလုံးနှင့် အခြားပွဲစဉ်များ အားလုံးကို SKY NET SPORTS ရုပ်သံလိုင်းများတွင် စက်တင်ဘာလ (၇) ရက်နေ့မှစတင်၍တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

အဆိုပါပြိုင်ပွဲ၏ အုပ်စုပတ်လည်ပွဲစဉ်များဖြစ်သည့် မြန်မာယူ-၂၃အသင်းနှင့် ထိုင်းယူ-၂၃အသင်း (Myanmar U-23 Vs Thailand U-23) ပွဲစဉ်ကိုစက်တင်ဘာလ (၇) ရက် စနေနေ့ည(၇း၁၅) အချိန်တွင် လည်းကောင်း၊ မြန်မာယူ-၂၃အသင်းနှင့် မလေးရှားယူ-၂၃ အသင်း (Myanmar U-23 Vs Malaysia U-23) ပွဲစဉ်ကိုစက်တင်ဘာလ (၉) ရက် တနင်္လာနေ့ ည(၇း၁၅) အချိန်တွင်လည်းကောင်း ၊ မြန်မာယူ-၂၃ အသင်းနှင့် စင်္ကာပူယူ-၂၃ (Myanmar U-23 Vs Singapore U-23 ) ပွဲစဉ်ကိုစက်တင်ဘာလ (၁၁) ရက် ဗုဒ္ဓဟူးနေ့ ည(၇း၁၅) အချိန်တွင် SKY NET SPOTRS – 1 ရုပ်သံလိုင်းတွင် တိုက်ရိုက် (LIVE) ထုတ်လွှင့်သသွားမည်ဖြစ်ပါကြောင်း ရိုသေလေးစားစွာအစီရင်ခံအပ်ပါသည်။


Myanmar Football Federation

0 comments:

Post a Comment