Thursday, September 26, 2013

၂၀၁၄ ကျရင် သန်းကြွယ်သူဌေးဦးရေ အာရှတိုက်မှာ အများဆုံးရှိမယ်

၂၀၁၄ ​ခုနှစ်ကျရင် ​ဒေါ်လာ ​သန်းကြွယ်သူဌေးတွေရဲ့ ​လူဦးရေက ​အာရှတိုက်မှာ ​အများဆုံးရှိမယ်လို့ ​Royal ​Bank ​of ​Canada ​ရဲ့ ​အစီရင်ခံစာမှာ ​ဖော်ပြထားပါတယ်။

အာရှတိုက်မှာ ​စီးပွားရေးအခြေအနေ ​ကောင်းမွန်တာတွေ၊ ​လူဦးရေ ​တိုးတက်မှုနှုန်း ​ဆက်လက် ​ရှိနေတာတွေနဲ့  ​ငွေစုဆောင်းလိုသူတွေ ​များပြားတဲ့အတွက် ​နှစ်စဉ်နှစ်တိုင်း ​သန်းကြွယ် ​သူဌေးဦးရေ ​၁၀% ​နီးပါး ​တိုးများလာပြီး ​သူတို့ပိုင်ဆိုင်မှု ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​၁၆ ​ထရီလီယံ ​ရှိတယ်လို့ ​ပြောပါတယ်။

ခုလောလောဆယ် ​ကမ္ဘာ့ ​သန်းကြွယ်သူဌေး ​အများဆုံးရှိရာ ​နေရာက ​မြောက်အာမေရိက ​တိုက်ဖြစ်နေပြီး ​အာရှတိုက်က ​ဒုတိယနေရာ ​လိုက်နေပေမယ့် ​လာမယ့်နှစ်ကျရင် ​အာရှတိုက်က ​ပထမနေရာ ​ရောက်သွားနိုင်တယ်လို့ ​ပြောပါတယ်။ 

အာရှတိုက်ထဲမှာမှ ​ဟောင်ကောင်ကျွန်းမှာ ​သန်းကြွယ်သူဌေး ​ဦးရေ ​ပိုများနေပြီး ​ရင်းနှီးမြုပ်နှံနိုင်တဲ့ ​ပိုင်ဆိုင်မှုတွေလည်း ​ရှိကြတယ်လို့ ​ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ​သန်းကြွယ်သူဌေးဦးရေ ​တစ်နှစ်ကို ​၃၅% ​တိုးပွားလာတယ်လို့ ​ဖော်ပြထားပါတယ်။

အာရှတိုက်တစ်ခုလုံးမှာ ​သန်းကြွယ်သူဌေး ​ဦးရေ ​တိုးပွားမှု ​အနည်းဆုံးနိုင်ငံက ​ဂျပန်နိုင်ငံဖြစ်ကြောင်းလည်း ​ဖော်ပြထားပါတယ်။

ABC Radio Australia

0 comments:

Post a Comment