Sunday, September 29, 2013

သြစီဝန်ကြီးချုပ် ဂျာကာတာမြို့သို့ ထွက်ခွာ

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့သို့ ထွက်ခွာသွားတဲ့ သြစတြေးလျ ၀န်ကြီးချုပ် Tony Abbott (Credit: AAP) 

သြစတြေးလျနိုင်ငံ ​၀န်ကြီးချုပ် ​Tony ​Abbott ​က ​အင်ဒိုနီးရှားနိုင်ငံ ​မြို့တော် ​ဂျာကာတာကို ​ဒီကနေ့ ​ရောက်ရှိမှာဖြစ်တယ်လို့ ​သိရပါတယ်။ ​အခုခရီးစဉ်ဟာ ​၀န်ကြီးချုပ်တိုနီအာဘာ့ရဲ့ ​ပထမဦးဆုံး ​ပြည်ပခရီးစဉ်ပဲဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ ​အကြောင်းအရာ ​အမျိုးမျိုးကို ​ဆွေးနွေးဖြစ်မယ်လို့ဆိုပေမယ့် ​အများဆုံးဆွေးနွေး ​ဖြစ်မဲ့အကြောင်းအရာကတော့ ​လက်ရှိ ​တင်းမာမှုဖြစ်နေတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ပေါ်လစီအကြောင်းပဲ ​ဖြစ်မယ်လို့ ​ဆိုပါတယ်။

မြို့တော် ​ဂျာကာတာကို ​ဒီကနေ့ ​ညနေပိုင်းမှာ ​ရောက်ရှိမှာဖြစ်ပြီးတော့ ​အင်ဒိုနီးရှား ​သမ္မတ ​Susilo ​Bambang ​Yudhoyono ​နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ ​နှစ်နိုင်ငံ ​စီးပွားရေး ​တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် ​ခရီးစဉ်မှာ ​စီးပွားရေးသမားတွေအပါအ၀င် ​ကိုယ်စားလှယ်ပေါင်း ​အယောက် ​၂၀လောက် ​ပါဝင်မှာဖြစ်ပါတယ်။

လက်ရှိ ​သြစတြေးလျအစိုးရရဲ့ ​ခိုလုံခွင့်တောင်းခံသူတွေရဲ့ ​ပေါ်လစီကြောင့် ​အင်ဒိုနီးရှားနိုင်ငံနဲ့ ​အခြေအနေတင်းမာမှုတွေဖြစ်နေပါတယ်။ ​လက်ရှိပေါ်လစီအရ ​လှေတွေနဲ့ရောက်တဲ့ ​ခိုလုံခွင့်တောင်းခံ ​သူတွေအားလုံးကို ​လာရာလမ်းအတိုင်းဖြစ်တဲ့ ​အင်ဒိုနီးရှားနိုင်ငံကို ​ပြန်ပို့ဆောင်ရမှာဖြစ်ပါတယ်။

ABC Radio Australia

0 comments:

Post a Comment