အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ အဆောက်အဦး (Credit: Reuters)
ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် အမေရိကန်နိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုတွေ ပိုမိုလာရောက်လုပ်ဆောင်ကြဖို့ အမေရိကန်ပြည်သူတွေကို တိုက်တွန်းလိုက် ပါတယ်။
မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံလိုသူတွေအနေနဲ့ ဒီအချိန်မှာ ၀င်ရောက်ပြီး စီးပွားရေး စတင် လုပ်ဆောင်ရမဲ့အချိန်ဖြစ်ပြီး အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံသူတွေကို မြန်မာနိုင်ငံထဲကို လာရောက် ရင်းနှီးမြုပ်နှံလုပ်ကိုင်ကြဖို့ ဖိတ်ခေါ်လိုတဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်က ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ သဘာဝ သယံဇာတတွေ ပေါကြွယ်သလို အလုပ်လုပ်နိုင်တဲ့ အလုပ်သမားတွေလည်း အများအပြားရှိတဲ့အတွက် ပုဂ္ဂလိကနယ်ပယ်တွေအနေနဲ့ မြန်မာနိုင်ငံထဲကို ရင်းနှီးမြုပ်နှံဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်တယ်လို့ ဦးဝဏ္ဍမောင်လွင်က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။
အခုလို စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ပိုမိုတိုးချဲ့လုပ်ကိုင်မယ်ဆိုရင် ရင်းနှီးမြုပ်နှံသူတွေအတွက်ရော မြန်မာပြည်တွေအတွက်ပါ နှစ်ဖက်စလုံး အကျိုးမြတ်ဖြစ်စေမှာဖြစ်တဲ့အကြောင်းလည်း ဦးဝဏ္ဍမောင်လွင်က ရှင်းပြခဲ့ပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်လာတဲ့အပေါ် အသိအမှတ်ပြု တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်နိုင်ငံက အရင်မြန်မာစစ်အစိုးရလက်ထက်က ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေကိုပယ်ဖျက်ခဲ့ပါတယ်။
ABC Radio Australia
0 comments:
Post a Comment