Monday, September 30, 2013

လုံခြုံရေးဆိုင်ရာဥပဒေကို ပြင်ဆင်ရန် အဆိုပြုချက် မလေးရှားအတိုက်အခံများ ပြင်းထန်စွာ ဝေဖန်


မလေးရှားနိုင်ငံ၌ လုံခြုံရေးဆိုင်ရာဥပဒေတစ်ရပ်ကို ပြင်ဆင်ပြောင်းလဲနိုင်ရန် ဝန်ကြီးချုပ် နာဂျစ်ရာဇတ်က အဆိုပြုခဲ့ခြင်းနှင့်ပတ်သက်၍ အတိုက်အခံများက ပြင်းထန် စွာဝေဖန်လျက်ရှိကြကြောင်း ဒေသဆိုင်ရာသတင်းဌာနများ က စက်တင်ဘာ ၃၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ဝန်ကြီးချုပ် နာဂျစ်၏အစိုးရအဖွဲ့သည် ၁၉၅၉ ခုနှစ် ပြစ်မှုတားဆီးကာကွယ်ရေး  အက်ဥပဒေကိုပြင်ဆင်ရန် အဆိုပြုခဲ့သည်။ ယင်းသို့ အဆိုပြုချက်အရ ပြစ်မှုကျူးလွန် ဖွယ်ရှိသည်ဟု မသင်္ကာသူများကို တရားရုံးတင်စစ်ဆေး ခြင်းမပြုဘဲ ကာလအကန့်အသတ်မရှိ နှစ်ပေါင်းကြာရှည်စွာ ထိန်းသိမ်းနိုင်မည့် အခွင့်အာဏာကို ရဲတပ်ဖွဲ့ကရရှိမည် ဖြစ်သည်။

မလေးရှားနိုင်ငံ၌    မကြာသေးမီလများအတွင်း အကြမ်းဖက်သည့် ရာဇဝတ်ပြစ်မှုများ ဆက်တိုက်ဖြစ်ပေါ် ခဲ့ပြီးနောက်  အဆိုပါအက်ဥပဒေကို ပြင်ဆင်ရန်  လိုအပ် သည်ဟု ဝန်ကြီးချုပ်နာဂျစ်က အကြောင်းပြပြောဆိုခဲ့သည်။ မလေး ရှားနိုင်ငံ ၌ အာဏာရှင်ဆန်သောအုပ်ချုပ်မှုစနစ် အဆုံးသတ်စေရန် ဆောင်ရွက်မည်ဟု ဝန်ကြီးချုပ် နာဂျစ်က ကတိပြုခဲ့သော်လည်း လုံခြုံရေးဆိုင်ရာ အက်ဥပဒေများကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းနေခြင်းသည် ၎င်း၏ကတိ ကဝတ် ကို ချေဖျက်ရာရောက်စေသည်ဟု အတိုက်အခံတို့ က ဝေဖန်လျက်ရှိကြသည်။

၁၉၅၉ ခုနှစ် ပြစ်မှုတားဆီးကာကွယ်ရေး အက်ဥပဒေ အား ပြင်ဆင်ရန် အစိုးရကကြိုးပမ်းနေမှုကို ကန့်ကွက် သည့်အနေဖြင့် လူ့အခွင့်အရေးရှေ့နေများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် ပြည်သူများသည် မြို့တော်ကွာလာလမ်ပူရှိ ပါလီမန် အဆောက်အအုံသို့ စုဝေးချီတက်ကာ ဆန္ဒပြခဲ့ကြ သည်။      

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

    

0 comments:

Post a Comment