Thursday, September 26, 2013

ကျိုက်မရောမြို့နယ် တရနာ ကျေးရွာတွင် ကျပ်သိန်း ၃၀၀ ကျော် ဖိုး ဓားပြတိုက်ခံရ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရနာကျေးရွာတွင် စက်တင် ဘာ ၂၃ရက် ညနေပိုင်းက ဓား ပြတိုက် လုယက်မှုတစ်ခုဖြစ်ပွား ခဲ့ကြောင်း ဒေသခံများထံမှ သိ ရသည်။

ကျိုက်မရောမြို့နယ် တရနာ ကျေးရွာ အိမ်အမှတ်၅/၁ဝ၇ တွင်နေထိုင်သော မ---တစ်ဦး တည်း စက်တင်ဘာ ၂၃ရက်နေ့ ည ၆နာရီက ဘုရားရှိခိုးနေစဉ် မျက်နှာဖုံးစွပ်ထားသောလူလေး ဦးက နေအိမ်အတွင်းဝင်ရောက် ကာ ဓားပြတိုက်ခြင်းဖြစ်ကြောင်း သိရသည်။

''ဓားပြတိုက်ခံရတဲ့အိမ်က ရွာလယ် မှာရှိပြီး ကုန်စုံဆိုင်ဖွင့် ထားတဲ့အိမ်ဖြစ် တယ်။ ဘေးမှာ လဲဈေးဆိုင်နဲ့ အိမ်တွေအများ ကြီးပဲ။ ဘုရားရှိခိုးနေတဲ့သူကို ရင်ဘတ်နဲ့ ကျောကိုကန်ပြီး ရွှေနဲ့ ပိုက်ဆံတောင်းတယ်။ ပြီးတော့ အိမ်ကိုမီးပိတ်ပြီး ထွက်ပြေးသွား တယ်။ ဒါပေမဲ့ ထူးဆန်းတဲ့အချက် က ဓားပြတွေ ထွက်ပြေးသွားတာ ကို ဘယ်သူမှမတွေ့လိုက်ဘူး။ အ မှန်ဆို အိမ်ရှေ့ကပြေးပြေး၊ နောက် ဖေးကပြေးပြေး ပတ်ဝန်းကျင်က လူ တွေ အများကြီး ဆိုတော့ တွေ့တဲ့ သူတော့ရှိရမှာပေါ့''ဟု ကျေးရွာ မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ရွာလယ်ဓားပြတိုက်မှုဖြစ် စဉ်တွင် ဓားပြများ ထွက်ပြေး လွတ် မြောက် သွားသော အခါမှသာ ဓားပြတိုက်ခံရသူ၏ အော်သံ ကြောင့် ယင်း၏ ခင်ပွန်းအပါအ ဝင် ဒေသခံများရောက်ရှိလာပြီး ဓားပြများကို ဖမ်းဆီးရန်ရှာဖွေ သော်လည်း သဲလွန်စရှာမတွေ့ ခဲ့ကြောင်း သိရသည်။

ဓားပြတိုက်မှုကြောင့် ကျပ် သိန်း ၃ဝဝကျော်တန်ဖိုးရှိ ရွှေ ၄၇ ကျပ်သားနှင့် ငွေကျပ် ၃ရသိန်း လုယူခြင်းခံခဲ့ရပြီး တရနာကျေး ရွာတွင် ယခုကဲ့သို့ဖြစ်စဉ်မျိုး ယ ခင်ကဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရသည်။

ဓားပြတိုက်မှုဖြစ်စဉ်အား ကျိုက်မရောမြို့မရဲစခန်းတွင် (ပ)၇၈/၂၀၁၃ပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၃၉၂ဖြင့် အမှုဖွင့်အရေး ယူကာ ပြည်နယ်ရဲတပ်ဖွဲ့မှ ဆက် လက်စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

Yangon Media Group

0 comments:

Post a Comment