Monday, September 30, 2013

ကိုးရီးယားနိုင်ငံတွင်း တပ်သားအင်အားလျှော့ချမည်မဟုတ်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြောကြား

U.S. Secretary of Defense Hagel observes training at the RLFC, just miles south of the DMZ, in South Korea

ကိုးရီးယားနှစ်နိုင်ငံကြားမှ စစ်တပ်ကင်းမဲ့ဇုန်တွင်းသို့ ယနေ့သွားရောက် လည်ပတ်သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချတ်ခ်ဟက်ဂယ်က ဘတ်ဂျက်ကန့်သတ်ချက်များ ရှိသော်လည်း တောင်ကိုးရီးယား နိုင်ငံတွင်းမှ အမေရိကန် တပ်သား ၂၈၅၀၀ကို လျှော့ချရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။

ပါတဂွန်သည်လည်း လာမည့် ဆယ်စုနှစ်တွင် အသုံးစရိတ်ကို ဒေါ်လာ တစ် ထရီလျံနီးပါး လျှော့ချရန် ဖိအားပေးခံရနေရချိန်တွင် ကိုးရီးယားနိုင်ငံတွင်း အမေရိကန် တပ်ဖွဲ့အရွယ်အစားကို လျှော့ချရန် အစီအစဉ် မရှိကြောင်း ပြောကြားခြင်းဖြစ်သည်။

ဓာတုလက်နှက်အများအပြား ရှိသည်ဟု ယုံကြည်ရသော မြောက်ကိုးရီးယား နိုင်ငံသည် ဆီးရီးယားတို့ ပြည်တွင်းစစ်အတွင်း ဓာတုလက်နက်များ သုံးစွဲခဲ့ခြင်းကို စောင့်ကြည့် နေခဲ့သည်ဟု ၎င်းထင်ကြောင်း ပြောကြားပြီး မြောက်ကိုးရီးယားတို့မည်သို့ ပြုလုပ်မည်ကို သိရှိရန် ခက်ခဲကြောင်း ပြောကြားသည်။

“ဒီကိုးရီးယား နိုင်ငံတွင်း ဒါမှမဟုတ် ဒီဒေသတွင်း အခြားဘယ်နေရာမှာမဆို ကျွန်တော်တို့ တပ်ဖွဲ့ကာကွယ်မှု ဒါမှမဟုတ် တပ်ဖွဲ့ပါဝင်မှုကို ပြောင်းလဲဖို့ ဘယ်တုန်းကမှ စဉ်းစားထားတာ မရှိဘူး” ဟု ၎င်းက ပြောကြားသည်။

“ဒီနေရာဟာ ရင်ဆိုင်တိုက်ခိုက်ရမယ့် ဘေးအမြဲရှိနေတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နေရာဖြစ်နိုင်ပါတယ်” ဟု မြောက်ကိုးရီးယားတို့နှင့် တွေ့ဆုံပွဲ ပြုလုပ်လေ့ရှိသည့် အပစ်အခတ် ရပ်စဲစာချုပ် ချုပ်ဆိုသည့်ရွာ ပန်မွန်ဂျုံရှိ တစ်ထပ်အဆောက် အဦးကို သွားရောက်လည်ပတ်ပြီးနောက် ပြောကြားသည်။

ဟက်ဂယ်သည် စစ်တပ်ကင်းမဲ့ ဇုန်အတွင်းရှိ တောင်ထိပ်စောင့်ကြည့်ရေးတိုင် အူလက်တီ သို့လည်း သွားရောက်ခဲ့ပြီး မြောက်ကိုးရီးယားဘက်သို့ ကြည့်ရှုခဲ့ပြီး တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးထံမှ သတင်းအချက်အလက်လည်း လက်ခံရရှိခဲ့သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး၏ နှစ်နိုင်ငံကြား လုံခြုံရေး မဟာမိတ် နှစ်ခြောက်ဆယ်ပြည့်ကို ဂှုဏ်ပြုရန် လာရောက်သည့် ကိုးရီးယား လေးရက်ကြာ ခရီးစဉ် ပထမဆုံးရက်တွင် ယခုကဲ့သို့ သွားရောက်ခြင်းဖြစ်သည်။

ဟက်ဂယ်သည် တောင်ကိုးရီးယား ကာကွယ်ရေးဝန်ကြီးနှင့် မဟာမိတ်ဖြစ်မှု အနာဂါတ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲ ဆောင်ရွက်မည်ဖြစ်ပြီး တောင်ကိုးရီးယားနိုင်ငံတွင်းရှိ အမေရိကန် တပ်ဖွဲ့အတွက် အမိန့်အာဏာ လဲလှယ်ခြင်း အခမ်းအနားကို တက်ရောက်မည်ဖြစ်သည်။

မြန်မာ့ခေတ်

0 comments:

Post a Comment