Thursday, September 26, 2013

တောရက်စ်မှ မိမိနှင့် ဘ တို့ထက် နည်းပြကြီးက အီတိုးအား ပွဲစဉ်တွေမှာ ပိုအလေးပေးနေသည်ဟု မထင်မြင်မိကြောင်း ပြောကြား


မော်ရင်ဟို၏ ရာသီအစပွဲတွေမှာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့်နည်းလာတဲ့ တောရက်စ်က သူ့အနေဖြင့် နည်းပြမော်ရင်ဟိုက သူ နှင့် ဘ တို့ထက် ပိုပြီး ဆီမြူရယ် အီတိုးကို အလေးထားနေသည်ဟု မထင်မြင်တဲ့အကြောင်း ပြောခဲ့တာပါ။ 
တောရက်စ်က "ကျွန်တော်တို့အသင်းမှာ ကြီးကျယ်ခန်းနားတဲ့ တိုက်စစ်မှုးများရှိပါတယ်။ ပွဲတိုင်းမှာလည်း ကျွန်တော်တို့ တိုက်စစ်မှုးများဟာ အသင်းဂိုးရရှိရေးကို ဦးတည်ကြိုးစားကစားနေကြတာပါ။ တစ်ယောက်နဲ့ တစ်ယောက်ပိုကြိုးစားကစားနိုင်မှ ပွဲထွက်ခွင့်သေချာမှာမို့ အလွန် နှစ်သက်ဖွယ်ကောင်းတဲ့ ပြိုင်ပွဲတစ်ခုလည်းဖြစ်နေပါတယ်။ ဒီရာသီက အရှည်ကြီးပါ အခုမှ ရာသီအစဘဲရှိသေးတာပါ နောက်လာမည့် အချိန်တွေမှာ အရေးကြီးတဲ့ ပွဲစဉ်တွေအတွက် နှင့် တချို့ သွင်းဂိုးတွေ ရယူနိုင်ဖို့ ကျွန်တော်တို့ အားလုံး မဖြစ်မနေ ကစားရအုံးမှာပါ " ဟု ပြောကြားလိုက်သေးသည်။

"အဓိကလိုအပ်ချက်ကတော့ ကျွန်တော်တို့ ပွဲတိုင်းအနိုင်ရလဒ်တွေကိုရယူ အစွမ်းပြကစားနိုင်ဖို့ပါဘဲ၊ ခုလက်ရှိလည်း ပရီးမီးယားလိပ်မှာ အဆင့် (၄)နေရာရနေပါတယ်။ ဒါ့အပြင် ကပီတန်ဝမ်း ဖလားလည်း စတုတ္ထဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ" ဆိုတဲ့ အကြောင်းကိုလည်း ပြောခဲ့သည်။ ထပ်ပြီးတော့ "ကျွန်တော်တို့ အသင်းသားအားလုံးက ပထမပွဲထွက်ခွင့် တနေရာအတွက် ကြိုးကြိုးစားစား ကစားနေရပါတယ်။ ဒါဟာလွယ်ကူတဲ့ ကိစ္စမျိုးမဟုတ်ပါဘူး ဒါပေမဲ့ အသင်းကို ပိုပြီးတော့ တိုးတက်ကောင်းမွန်စေမှာတော့ အသေအချာပါဘဲ။ ဆွင်ဒန် နဲ့ပွဲအပြီးမှာ ပရိတ်သတ်တွေရဲ့ တုံ့ပြန်အားပေးမှုကို ရရှိခဲ့လိုက်ပါတယ်။ ကျွန်တော့်အတွက်တော့ ဆွင်ဒန်အသင်းနှင့်ကန်ရတဲ့ ပွဲစဉ်ဟာ ဘိုင်ယန်အသင်းနဲ့ UEFA စူပါဖလား ပွဲအပြီး ပထမဦးဆုံးအဖြစ် မိနစ် ၉၀အချိန်ပြည့် ကန်ခွင့်ရတဲ့ ပွဲပါ " ဆိုပြီး ပြောကြားခဲ့တဲ့ တောရက်စ်၏ နည်းပြ နှင့် အသင်းအပေါ်ထားတဲ့ အမြင်ကို ချဲလ်ဆီးသတင်း ၀က်ဆိုက်တစ်ခုမှာ ဖော်ပြထားတာကို တွေ့ခဲ့ရတာပါ။ ချဲလ်ဆီးအသင်းကတော့ ဒီတပတ် ၂၈ ရက်နေ့မှာ ဗွေဆော်ဦး ပွဲစဉ်အဖြစ်  စပါးအိမ်ကွင်းမှာ သွားကန်ရအုံးမှာပါ။ ဆရာ တပည့် နှစ်ယောက်တွေ့ကြတဲ့ လန်ဒန်ဒါဘီ ပွဲမှာ ချဲလ်ဆီး အတွက် ပွဲထွက်တိုက်စစ်မှုးကို မည်သူ့ကို ထည့်သုံးမလဲ ဆိုတာကိုတော့ စောင့်မျှော်ရပေအုံးတော့ မည်……..။။။

Written by မိုးတိမ် (တမာမြေ) 

0 comments:

Post a Comment