Sunday, September 29, 2013

ကမ္ဘာ့အဆင့်(၁)နေရာအတွက် နာဒယ် ပစ်မှတ်ထားနေ

ကမ္ဘာ့အဆင့်(၁)နေရာအတွက် နာဒယ် ပစ်မှတ်ထားနေ

စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က လာမည့်ချိုင်းနားအိုးပင်းပြိုင်ပွဲတွင် ဂျိုကိုဗစ်ထံမှ ကမ္ဘာ့အဆင့်(၁)နေရာကိုပြောင်းလဲရယူရန် ကြိုးပမ်းသွားမည်ဟု ဖွင့်ဟလိုက်သည်။ နာဒယ်မှာ ပြီးခဲ့သည့်နှစ်အတွင်း ယူအက်စ်အိုးပင်းနှင့်ပြင်သစ်အိုးပင်း ဖလားများအပါအ၀င် ဖလား(၁၀)လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တင်းနစ်သမားအဖြစ် သက်သေထူခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့် နာဒယ်က“ကမ္ဘာ့အဆင့်(၁)နေရာရဖို့ တော်တော်ခက်ခဲပါတယ်။ ဒါပေမဲ့ မနှစ်တုန်းကလက်စွမ်းမျိုးနဲ့ဆိုရင် ကျွန်တော့်အနေနဲ့ လာမယ့်သီတင်းပတ်အတွင်း ကမ္ဘာ့အဆင့်(၁)နေရာအတွက် အခွင့်အရေး ရလာပါလိမ့်မယ်”ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဂျိုကိုဗစ်ကလည်း ပြီးခဲ့သည့်နှစ်အတွင်း နာဒယ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့သည်ဟု ချီးကျူးသွားခဲ့သည်။ သို့သော် ဂျိုကိုဗစ်က မိမိအနေဖြင့် ကမ္ဘာ့အဆင့်(၁)နေရာကို လွယ်လွယ်ကူကူ ဆုံးရှုံးခံမည်မဟုတ်ဘဲ တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ထားသည်။

ဂျိုကိုဗစ်က “ ပြီးခဲ့တဲ့နှစ်တုန်းက နာဒယ် အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူဟာ မနှစ်တုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး ကျွန်တော်ကတော့ လက်စွမ်းအတက်အကျ များလွန်းခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးနေရာအတွက် အခွင့်အရေးရသမျှ တိုက်ပွဲဝင်သွားမှာပါ”ဟု ပြောခဲ့သည်။ ဂျိုကိုဗစ်မှာ ချိုင်းနားအိုးပင်း လက်ရှိချန်ပီယံဖြစ်ပြီး ပထမအဆင့်ပွဲစဉ်တွင် ချက်တင်းနစ်သမား ရေးဆိုးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
http://yoyarlay.com/sport/tennis/38190-2013-09-30-03-45-18
ဇော်ထွန်း(ရိုးရာလေး)
စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ်က လာမည့်ချိုင်းနားအိုးပင်းပြိုင်ပွဲတွင် ဂျိုကိုဗစ်ထံမှ ကမ္ဘာ့အဆင့်(၁)နေရာကိုပြောင်းလဲရယူရန် ကြိုးပမ်းသွားမည်ဟု ဖွင့်ဟလိုက်သည်။ နာဒယ်မှာ ပြီးခဲ့သည့်နှစ်အတွင်း ယူအက်စ်အိုးပင်းနှင့်ပြင်သစ်အိုးပင်း ဖလားများအပါအ၀င် ဖလား(၁၀)လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တင်းနစ်သမားအဖြစ် သက်သေထူခဲ့သူလည်း ဖြစ်သည်။

ထို့ကြောင့် နာဒယ်က“ကမ္ဘာ့အဆင့်(၁)နေရာရဖို့ တော်တော်ခက်ခဲပါတယ်။ ဒါပေမဲ့ မနှစ်တုန်း ကလက်စွမ်း မျိုးနဲ့ဆိုရင် ကျွန်တော့်အနေနဲ့ လာမယ့်သီတင်းပတ်အတွင်း ကမ္ဘာ့အဆင့်(၁)နေရာအတွက် အခွင့်အရေး ရလာပါလိမ့်မယ်”ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဂျိုကိုဗစ်ကလည်း ပြီးခဲ့သည့်နှစ်အတွင်း နာဒယ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့သည်ဟု ချီးကျူးသွားခဲ့သည်။ သို့သော် ဂျိုကိုဗစ်က မိမိအနေဖြင့် ကမ္ဘာ့အဆင့်(၁)နေရာကို လွယ်လွယ်ကူကူ ဆုံးရှုံးခံမည်မဟုတ်ဘဲ တိုက်ပွဲဝင်သွားမည်ဟု တုံ့ပြန်ထား သည်။

ဂျိုကိုဗစ်က “ ပြီးခဲ့တဲ့နှစ်တုန်းက နာဒယ် အကောင်းဆုံးရလဒ်တွေ ပိုင်ဆိုင်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူဟာ မနှစ်တုန်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ပြီး ကျွန်တော်ကတော့ လက်စွမ်းအတက်အကျ များလွန်းခဲ့ပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးနေရာအတွက် အခွင့်အရေးရသမျှ တိုက်ပွဲဝင်သွားမှာပါ”ဟု ပြောခဲ့သည်။ ဂျိုကိုဗစ်မှာ ချိုင်းနားအိုးပင်း လက်ရှိချန်ပီယံဖြစ်ပြီး ပထမအဆင့်ပွဲစဉ်တွင် ချက်တင်းနစ်သမား ရေးဆိုးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment