![Photo: ပြင်သစ်အစားအသောက်ကုမ္ပဏီ လာဘ်ပေးလာဘ်ယူမှုဖြင့် တရုတ်တွင် စစ်ဆေးခံရ
[ Ref-BBC , စက်တင်ဘာ ၂၆ ၊ ပေကျင်း ]
ပြင်သစ်၏အစားအသောက် ကုမ္ပဏီ Danone အား လာဘ် ပေးလာဘ်ယူမှုဖြင့် ကုမ္ပဏီအတွင်း စစ်ဆေးမှုများကို တရုတ်၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။ တရုတ် သတင်းစာ 21st Century Business Herald သတင်းစာက စွပ်စွဲဖော်ပြသည်မှာ Karicare ဖော်မြူလာဖြင့် ထုတ်လုပ်ထား သော Nutricia စားသောက်ကုန် သည် ပိုမိုရောင်းချမှုရှိစေရန် ဆရာ ဝန်များကို လာဘ်ထိုးခဲ့သည်ဟု ဆိုသည်။
အမည်မဖော်လိုသူတစ်ဦး က ပြောကြားသည်မှာ ကုမ္ပဏီ တွင် ပေကျင်းမြို့ဆေးရုံများမှ ဆရာဝန်၁၀ဝအား လက်ဆောင် ပစ္စည်းနှင့် ခရီးသွားလက်မှတ်များ ပေးခဲ့သည်ဟုဆိုသည်။ ဒါနန်းယူ နစ်အား ဤသို့စွပ်စွဲခဲ့သည်မှာ ဒု တိယအကြိမ်ဖြစ်ပြီး မကြာသေး မီကလည်း အရေးယူမှုရှိခဲ့ကြောင်း သိရသည်။
''ယခုအချိန်အထိ ကျွန် တော်တို့အသေးစိတ်မသိရသေး ပါဘူး''ဟု တရုတ် Nutricia လုပ်ငန်းမှ ပြောရေးဆိုခွင့်ရသူချောင် ကင်းဟွာ၏ပြောကြားချက်အား ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ ''ကျွန်တော်တို့ရဲ့ နောက်ထပ်စီမံ ကိန်းတစ်ခုမစမီ စစ်ဆေးရေးရဲ့ အဖြေကို စောင့်ကြည့်သွားရဦး မယ်''ဟု ၎င်းက ဆိုသည်။
ယခုလအစောပိုင်းကလည်း တရုတ်ဗဟိုရုပ်သံက ဒူးမက်၏ဒါ နန်းကုမ္ပဏီပိုင်ကလေးအစားအစာ တစ်ခုကိုလည်း ဆရာဝန်များအား လာဘ်ပေးမှုဖြင့် စွပ်စွဲခဲ့သည်။ ဆေးရုံဝန်ထမ်းများအား တာဝန်ခံ ရောင်းပေးခြင်းအတွက် ယွန် ၁၀၀၀၀(၁၆၃၂ဒေါ်လာ)ပေးခဲ့ သည်ဟု ဖော်ပြခဲ့သည်။ ဒူးမက်က ဤစွပ်စွဲမှုနှင့် စစ်ဆေးမှုများ ပြု လုပ်ခဲ့ခြင်းကို တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်ကုမ္ပဏီမှာလည်း ယခုနှစ်တွင် အလားတူပြဿနာ မျိုး ကြုံတွေ့ရလျက်ရှိနေသည်။ ဩဂုတ်လက ဈေးနှုန်းကန့်သတ် ထားသည်ဆိုကာ တရုတ်ထိပ်တန်း စီးပွားရေးစီမံကိန်းအဖွဲ့က ဒဏ် ရိုက်ခဲ့ပြီးနောက် ဒန်နာကုမ္ပဏီ က သူ၏ထုတ်ကုန်များအား ရာ ခိုင်နှုန်း ၂ဝဈေးနှုန်း လျှော့ချခဲ့ သည်။
ကုမ္ပဏီအနေဖြင့် လွန်ခဲ့ သောလက ၎င်း၏နို့မှုန့်ဖော်မြူ လာထုတ်ကုန်များကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ ၎င်း၏ဖောက် သည်ဖွန်တာရာက ပစ္စည်းတချို့ ပျက်စီးနေသည်ဟု ပြောကြားခဲ့ ၍ ပြန်လည်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းဖြစ် နို့ထွက်ပစ္စည်း များ အရည်အသွေးမမီမှု လွန်ခဲ့ သော နှစ်များက ပေါ်ပေါက်ခဲ့ရာ လူအများက နိုင်ငံခြားဖြစ်ကုန် ပစ္စည်းများ အသုံးများလာခဲ့ကြ ခြင်းဖြစ်သည်။ ကလေးနို့မှုန့်ထက် ဝက်မှာ နိုင်ငံခြားဖြစ်ပစ္စည်းများ ဖြစ်နေရာ အစိုးရက နှိမ်နင်းမှုပြု လျက်ရှိနေကြောင်း သိရသည်။](https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-frc1/p480x480/1150243_653534664665457_15377042_n.jpg)
ပြင်သစ်၏အစားအသောက် ကုမ္ပဏီ Danone အား လာဘ် ပေးလာဘ်ယူမှုဖြင့် ကုမ္ပဏီအတွင်း စစ်ဆေးမှုများကို တရုတ်၌ ပြု လုပ်ခဲ့ကြောင်း သိရသည်။ တရုတ် သတင်းစာ 21st Century Business Herald သတင်းစာက စွပ်စွဲဖော်ပြသည်မှာ Karicare ဖော်မြူလာဖြင့် ထုတ်လုပ်ထား သော Nutricia စားသောက်ကုန် သည် ပိုမိုရောင်းချမှုရှိစေရန် ဆရာ ဝန်များကို လာဘ်ထိုးခဲ့သည်ဟု ဆိုသည်။
အမည်မဖော်လိုသူတစ်ဦး က ပြောကြားသည်မှာ ကုမ္ပဏီ တွင် ပေကျင်းမြို့ဆေးရုံများမှ ဆရာဝန်၁၀ဝအား လက်ဆောင် ပစ္စည်းနှင့် ခရီးသွားလက်မှတ်များ ပေးခဲ့သည်ဟုဆိုသည်။ ဒါနန်းယူ နစ်အား ဤသို့စွပ်စွဲခဲ့သည်မှာ ဒု တိယအကြိမ်ဖြစ်ပြီး မကြာသေး မီကလည်း အရေးယူမှုရှိခဲ့ကြောင်း သိရသည်။
''ယခုအချိန်အထိ ကျွန် တော်တို့အသေးစိတ်မသိရသေး ပါဘူး''ဟု တရုတ် Nutricia လုပ်ငန်းမှ ပြောရေးဆိုခွင့်ရသူချောင် ကင်းဟွာ၏ပြောကြားချက်အား ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ ''ကျွန်တော်တို့ရဲ့ နောက်ထပ်စီမံ ကိန်းတစ်ခုမစမီ စစ်ဆေးရေးရဲ့ အဖြေကို စောင့်ကြည့်သွားရဦး မယ်''ဟု ၎င်းက ဆိုသည်။
ယခုလအစောပိုင်းကလည်း တရုတ်ဗဟိုရုပ်သံက ဒူးမက်၏ဒါ နန်းကုမ္ပဏီပိုင်ကလေးအစားအစာ တစ်ခုကိုလည်း ဆရာဝန်များအား လာဘ်ပေးမှုဖြင့် စွပ်စွဲခဲ့သည်။ ဆေးရုံဝန်ထမ်းများအား တာဝန်ခံ ရောင်းပေးခြင်းအတွက် ယွန် ၁၀၀၀၀(၁၆၃၂ဒေါ်လာ)ပေးခဲ့ သည်ဟု ဖော်ပြခဲ့သည်။ ဒူးမက်က ဤစွပ်စွဲမှုနှင့် စစ်ဆေးမှုများ ပြု လုပ်ခဲ့ခြင်းကို တုန်လှုပ်မိကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်ကုမ္ပဏီမှာလည်း ယခုနှစ်တွင် အလားတူပြဿနာ မျိုး ကြုံတွေ့ရလျက်ရှိနေသည်။ ဩဂုတ်လက ဈေးနှုန်းကန့်သတ် ထားသည်ဆိုကာ တရုတ်ထိပ်တန်း စီးပွားရေးစီမံကိန်းအဖွဲ့က ဒဏ် ရိုက်ခဲ့ပြီးနောက် ဒန်နာကုမ္ပဏီ က သူ၏ထုတ်ကုန်များအား ရာ ခိုင်နှုန်း ၂ဝဈေးနှုန်း လျှော့ချခဲ့ သည်။
ကုမ္ပဏီအနေဖြင့် လွန်ခဲ့ သောလက ၎င်း၏နို့မှုန့်ဖော်မြူ လာထုတ်ကုန်များကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ ၎င်း၏ဖောက် သည်ဖွန်တာရာက ပစ္စည်းတချို့ ပျက်စီးနေသည်ဟု ပြောကြားခဲ့ ၍ ပြန်လည်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းဖြစ် နို့ထွက်ပစ္စည်း များ အရည်အသွေးမမီမှု လွန်ခဲ့ သော နှစ်များက ပေါ်ပေါက်ခဲ့ရာ လူအများက နိုင်ငံခြားဖြစ်ကုန် ပစ္စည်းများ အသုံးများလာခဲ့ကြ ခြင်းဖြစ်သည်။ ကလေးနို့မှုန့်ထက် ဝက်မှာ နိုင်ငံခြားဖြစ်ပစ္စည်းများ ဖြစ်နေရာ အစိုးရက နှိမ်နင်းမှုပြု လျက်ရှိနေကြောင်း သိရသည်။
Yangon Media Group
0 comments:
Post a Comment