Thursday, September 26, 2013

ကမ္ဘာတွင် မရှိခဲ့ဖူးသည့်စေတီတော်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြင်းမှူးကျေးရွာအုပ်စု၊ ဆင်ရွာကွင်းအတွင်း တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက်စိမ်း စေတီတော်နှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၀ ရက်၊ နံနက် ၉ နာရီက စေတီတော် အနီးရှိ ယာယီအစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။


မြင်းမှူး ကျေးရွာအုပ်စု၊ ဆင်ရွာကွင်းတွင် တည်ထား ကိုးကွယ်မည့် ဝေရောစန ကျောက် စိမ်း စေတီတ်ာနှင့် ကျောက်စိမ်း ဓမ္မာရုံ တည်ဆောက်ရေး နာယက၊ သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီးက ““ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်မှုမှာ သာမန် အုတ်ပုံ၊ ကျောက်ပုံများကို ကြည်ညို ပူဇော်ခြင်း မဟုတ်ဘဲ အနှိုင်းမဲ့သော မြတ်ဗုဒ္ဓ၏ အရဟံ အစရှိသော ဂုဏ်တော် အနန္တတို့ကို ရည်မျှော် ပူဇော်ခြင်းဖြစ်သည်။ ကျောက်စိမ်း စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းမှာ ဓာတ်တော်မွေတော် ဌာပနာသွင်း ပူဇော်သည့် ဓာတုစေတီ၊ သုတ်ဝိနည်း၊ အဘိဓမ္မာတို့ကို ဌာပနာသည့် ဓမ္မစေတီ ကိုယ်စားတော်၊ ကိုယ်ပွားတော်ကို ဌာပနာသည့် ဥဒ္ဒိဿစေတီ၊ အသုံးအဆောင်များကို ဌာပနာသည့် ပရိဘောဂစေတီ စသည့် စေတီလေးမျိုး ထိုက်အောင် ထည့်သွင်းပူဇော်မည့် စေတီတော် မြတ်ကြီးဖြစ်ပြီး ကမ္ဘာတွင် မရှိခဲ့ဖူးသည့် …ကမ္ဘာ့အံ့ဖွယ် စေတီတော်ကြီး ဖြစ်ပါတယ်”” ဟုပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝေရောစန ကျောက်စိမ်း စေတီတော်မြတ်ကြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့သည်။

သာသနာရေး

Myanmartandawsint Newspaper

0 comments:

Post a Comment