Sunday, September 29, 2013

ဆီးဂိမ်းတွင် ရွှေတံဆိပ် ၇၀ ကျော်ရရန် ဗီယက်နမ်ရည်မှန်းထား


(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ဗီယက် နမ်အားကစားအဖွဲ့များ အနေ ဖြင့် အားကစားနည်း ၃၃ မျိုးမှ ရွှေ ၇၆ ခုအထိ ရရှိရန် ရည်မှန်း ထားကြောင်း သိရသည်။ပြီးခဲ့သည့် အင်ဒိုနီးရှားဆီး ဂိမ်းပြိုင်ပွဲတွင်မူ အားကစားနည်း ၄၄ မျိုးမှ ဆုတံဆိပ်ပေါင်း ၅၄၅ ခုချီးမြှင့်ခဲ့ပြီး ၂၀၁၃ ဆီးဂိမ်းတွင် အားကစားနည်း ၃၃ မျိုးမှ ဆုတံ ဆိပ်ပေါင်း ၄၆၀ ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲ ထက် အားကစားနည်း ၁၀ မျိုး လျော့နည်းနေသည့် အတွက်ကြောင့် ဗီယက်နမ် အားကစားအဖွဲ့အနေ ဖြင့်မန်မာနိုင်ငံဆီးဂိမ်းပြိုင်ပွဲသို့ အားကစားသမား ၇၅၀ စေလွှတ် ယှဉ်ပြိုင်စေရန် လျာထားချက်ရှိ ထားကြောင်း သိရသည်။မြန်မာနိုင်ငံ ဆီးဂိမ်းပြိုင်ပွဲ တွင် ရွှေတံဆိပ် ၇၀ ကျော် ရရှိနိုင် ရန် ရည်မှန်းနေခြင်းနှင့် ပတ်သက် ၍ ဗီယက်နမ်အားကစားအဖွဲ့များ ကိုယ်စားလှယ် Mr. Lam Quang Thanh က ''ကျွန်တော်တို့အနေ နဲ့ ရွှေတံဆိပ် ၇၀ အနည်းဆုံးရ နိုင်မယ်လို့ ထင်တယ်။ ထိပ်ဆုံး သုံးသင်းရပ်တည်မှုမှာ ဗီယက်နမ် ပါနိုင်အောင် ကြိုးစားသွားမယ်။ ကျွန်တော်တို့ ထိပ်ဆုံးနှစ်နေရာ အတွက် ပြိုင်ဆိုင်ရမှာက အိမ်ရှင် နိုင်ငံနဲ့ ထိုင်းနိုင်ငံပါပဲ။ ထိုင်းနိုင်ငံ က ဒေသတွင်း နိုင်ငံတွေထဲမှာ အင် အားအကောင်းဆုံးပဲ''ဟု ပြော သည်။

ထို့အပြင်ယင်းကဗီယက်နမ် ပြေးခုန်ပစ်အသင်းမှ ရွှေတံဆိပ် ၁၂ ခုကျော် ရရှိနိုင်ကြောင်း၊ ရေ ကူးတွင်လည်း နာမည်ကျော် ရေ ကူးသမားများ ဝင်ပြိုင်မည်ဖြစ် ရာ ရွှေတံဆိပ်များကိုလည်း ယင်း ပြိုင်ပွဲများမှ အများဆုံးရရှိနိုင် ကြောင်း ပြောခဲ့သည်။ဗီယက်နမ်အသင်း ရွှေရနိုင် သည်ဟု ခန့်မှန်းထားသော အား ကစားနည်းများတွင် ဘောလုံးပြိုင် ပွဲ ပါဝင်ခြင်းမရှိဘဲ တိုက်ကွမ်ဒို၊ ဂျူဒို၊ နပန်း၊ ကရာတေး၊ ဝူရှူး၊ ပန်ကြပ်ဆီလတ်၊ မွေထိုင်းလက် ဝှေ့၊ ကမ်ပို၊ ဗိုဗီနမ်နှင့် လက်ဝှေ့တို့ ဖြစ်ကြောင်းသိရသည်။

Yangon Media Group

0 comments:

Post a Comment