Friday, September 27, 2013

ပညာရေး ၊ ဆက်သွယ်ရေး ကျန်းမာရေးနှင့် ဘဏ္ဍာရေး ကဏ္ဍဖွံ့ဖြိုးရန် ကမ္ဘာ့ဘဏ်က ကန်ဒေါ်လာသန်း ၂၆၀ ကျော် ချေးရန် သဘောတူ

ကမ္ဘာ့ ဘဏ်မှ မြန်မာနိုင်ငံ၏ပညာရေး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေး ကဏ္ဍများအတွက် ကန်ဒေါ်လာ သန်း၂၆ဝကျော်ကို ထုတ်ချေးရန်အတွက် သဘော တူညီလိုက်ပြီဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်၏ မြန်မာနိုင်ငံ ကိုယ်စား လှယ် မစ္စတာခန်သန်ရှန်ကာက ပြောကြားသည်။  စက်တင်ဘာ ၂၄ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ ကမ္ဘာ့ဘဏ် ၏ရုံးတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာ၏ မေးမြန်း မှု ကို ယင်းကဲ့သို့ ပြောကြားသည်။

မစ္စတာခန်သန်ရှန်ကာက ''ကမ္ဘာ့ဘဏ်က သန်း၂၆၀ ချေး ဖို့အတွက် သဘောတူလိုက်ပါပြီ'' ဟု ပြောသည်။ လက်ရှိတွင် ကမ္ဘာ့ဘဏ်အ နေဖြင့် အဆိုပါချေးငွေများ၏အ စိတ်အပိုင်းဖြစ်သည့် မြန်မာ့လျှပ် စစ်ကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် အတိုးမဲ့ ထုတ်ချေးငွေ ကန်ဒေါ်လာသန်း၁၄ဝကို ထုတ် ချေးရန်အတွက် စက်တင်ဘာ၂၄ ရက်က သဘောတူညီခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါကမ္ဘာ့ဘဏ်မှ ချေး ယူမည့် ချေးငွေကန်ဒေါ်လာ၂၆၁ ဒသမ၅ဝသန်းကို မြန်မာ့ဆက်သွယ် ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံ ကိန်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနအတွက် ကန်ဒေါ်လာ ၃၁ ဒသမ ၅ဝ သန်း၊ မဂ္ဂါဝပ်၁၂၀ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူ သုံးဓာတ်အားပေးစက်ရုံ စီမံကိန်း (သထုံ) လျှပ်စစ်ဝန်ကြီးဌာနအ တွက် ကန်ဒေါ်လာသန်း၁၄၀၊ လာ မည့် ၂၀၁၄ခုနှစ်မှ ၂၀၁၆ခုနှစ် အထိ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်း များ အတွက် ကန်ဒေါ်လာသန်း ၆ဝနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုပြု ပြင်ပြောင်းလဲရေး စီမံကိန်းများ အတွက် ကန်ဒေါ်လာသန်း ၃၀ စသဖြင့် ဝန်ကြီးဌာနအသီးသီး အလိုက် စီမံကိန်းများအကောင် အထည် ဖော်ဆောင် ရွက်ရန် ချေး ယူခြင်းဖြစ်ကြောင်း သိရသည်။

မစ္စတာခန်သန်ရှန်ကာက ''ချေးငွေတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍကို Reform လုပ်မယ်။ အ ရည်အသွေးမြှင့်တင်မယ်။ ဥပဒေ ကြောင်းအရ လုပ်ဆောင်ရမှာတွေ ရှိသလို  e-Government အတွက် လုပ်ဆောင်သွားဖို့တွေ ရှိတယ်'' ဟု ယင်းက ဆက် လက် ပြောသည်။ အဆိုပါဝန်ကြီးဌာနလေးခု ၏ စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ ဘဏ်မှ ချေးငွေများကို ချေးယူ နိုင်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်ထောင်စုလွှတ် တော်သို့ ဩဂုတ် လ ၂၆ရက် က သဝဏ်လွှာ ပေးပို့ခဲ့ပြီး ယင်းကို ပထမအကြိမ် ပြည်ထောင်စုလွှတ် တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ရက်မြောက်နေ့တွင် လွှတ်တော် မှ ကိုယ်စားလှယ်များ သဘော ထားခံယူကာ ခွင့်ပြုခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။

ကမ္ဘာ့ဘဏ်၏  Senior Country Economist Myanmar Mr.Khwiman Nthara က ''ကမ္ဘာ့ ဘဏ်အနေနဲ့ ချေးငွေတွေကို ထုတ် ချေးတဲ့အခါမှာ စီးပွားရေးဆိုင် ရာဘဏ်တွေ တစ်ခုချင်းစီဆောင် ရွက်တဲ့ အနေအထားကိုကြည့်ပြီး သုံးသပ် တယ်။ နိုင်ငံခြားဝင်ငွေ ဘယ်လောက်ရှိသလဲ။ နိုင်ငံခြားကို တင်ပို့တာကနေ နိုင်ငံခြားငွေ ဘယ် လောက်ရမလဲ။ အရင်းအမြစ်တွေ က ဘယ်လောက်ပမာဏကို အ ကြွေးဆပ်ဖို့သုံးလဲ။ ဘယ်လောက် ပမာဏကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် သုံးလဲဆိုတာကို ကြည့် ပြီး ဆုံးဖြတ်တယ်။ အဲဒါတွေအပြင် ဘယ်လောက်ရတဲ့ပမာဏနဲ့ ဘယ် လောက်ပေးတယ်ဆိုတဲ့ ပမာဏ ကိုနှိုင်းယှဉ်တဲ့အခါမှာ ပေးတာ အရမ်းနည်းနေရင် အကြွေးမဆပ် နိုင်ဘူးလို့ သုံးသပ်တယ်။ နိုင်ငံခြား ဝင်ငွေ က များပြီး ပေးဆောင်တာ တွေက နည်းနေတယ်ဆိုရင်တော့ သူ့အနေနဲ့ အကြွေးဆပ်နိုင်တဲ့ အခြေအနေမှာရှိတယ်ဆိုပြီး သုံး သပ်တယ်။ မြန်မာနိုင်ငံက အကြွေး ပြန်ဆပ်နိုင်တဲ့ အခြေအနေမို့လို့ ချေးငွေ ထုတ်ချေးတာဖြစ်တယ်'' ဟု ပြော သည်။

ယင်းကမ္ဘာ့ဘဏ်မှ ချေးငွေ များကို ပြန်လည်ပေးဆပ်ရန်မှာ ဆိုင်းငံ့ကာလ ၁ဝနှစ်၊ ပြန်ဆပ် ကာလ နှစ်၃ဝဖြင့် စုစုပေါင်းချေး ငွေကာလ နှစ်၎ဝဖြစ်ကာ အဆို ပါချေးငွေများအတွက် အတိုးနှင့် ကတိခံကြေးများ ပေးချေရန်မလို အပ်ဘဲ ဝန်ဆောင်ခ အဖြစ် တစ် နှစ်လျှင် ချေးငွေပမာဏ၏ သုည ဒသမရ၅ရာခိုင်နှုန်းသာ ပေးချေ ရမည်ဖြစ်ကြောင်း သိရသည်။

သန်းနိုင်ဦး
Yangon Media Group

0 comments:

Post a Comment