Thursday, September 26, 2013

သရုပ် ဆောင်၊ ဒါရိုက်တာ ဇာဂနာ အဆုတ်ရောင်ရောဂါ ရုတ်တရက် ခံစားရ

 အသက်ရှူမဝသည့်အတွက် အောက်ဆီဂျင် အကူအညီယူနေ ရသည့် သရုပ် ဆောင်၊ ဒါရိုက်တာ ဦးဇာဂနာ အားတွေ့ရစဉ်။ ဓာတ်ပုံ-ဦးဇာဂနာ facebook စာမျက်နှာမှ

သရုပ် ဆောင်၊ ဒါရိုက်တာ ဇာဂနာမှာ အဆုတ်ရောင်ရောဂါ ခံစားနေရ ပြီး အသက်ရှူမဝသည့် အတွက် အောက်ဆီဂျင် အကူအညီယူနေ ရကြောင်း သိရသည်။

ဦးဇာဂနာသည် စက်တင် ဘာ ၂၅ရက်ညပိုင်းတွင် နေအိမ် ၌နေထိုင်စဉ် အသက်ရှူမဝဖြစ် လာသောကြောင့် မိသားစုဝင် များမှာ ဆရာဝန်ပင့်၍ ကုသမှု ပြုလုပ်ခဲ့ရပြီး ယခုအချိန်တွင် အောက်ဆီဂျင်အကူအညီယူ ထားရကြောင်းသိရသည်။

ကိုဇော်သက်ထွေးက''ကျွန် တော် အခုပဲ ကိုသူရအိမ်ကပြန် တော့မလို့။ အိမ်မှာသတင်းလာ မေးတဲ့သူတွေ သိပ်များနေပြီး ကိုသူရကလဲ အသက်ရှူမဝတော့ စကားကို ကောင်းကောင်းမပြော နိုင်ဘူးလေ။ အဲဒါကြောင့် လူနာ စိတ်ရှုပ်မှာစိုးလို့ ပြန်မှာပါ။ သက် သာလားဆိုတော့ နည်းနည်း တော့ သက်သာနေပါပြီ။ စကား ကတော့ ကောင်းကောင်းမပြော နိုင်သေးဘူး။ သူ့ကို စကားသွား ပြောရင် လက်ကလေးလှုပ်ပြ၊ မျက်လုံးအဖွင့်အပိတ် ဒီလောက် ပဲ လုပ်ပြတယ်''ဟုပြောသည်။

ဦးဇာဂနာတွင် ရောဂါမျိုး စုံရှိနေသော်လည်း ယခုဖြစ်ပွား သောရောဂါမှာ အသက်ရှူမဝ သော အဆုတ်ရောင်ရောဂါ သက် သက်သာဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

Yangon Media Group

0 comments:

Post a Comment