အီရန်နိုင်ငံသမ္မတ Hassan Rouhani (Credit: AFP)
ကမ္ဘာ့နိုင်ငံတွေအားလုံး နျူးကလီးယား လက်နက်ကို လက်ဝယ်မထားရှိသင့်ဘူးလို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပပြုလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ အီရန်သမ္မတ Hassan Rouhani က ပြောလိုက်ပါတယ်။
အီရန်နိုင်ငံ သမ္မတသစ် Hassan Rouhani ကအခုလိုပြောကြားလိုက်တဲ့အပေါ် နျူးကလီးယားကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ အနောက်နိုင်ငံတွေနဲ့ ငြိနှိုင်းဖို့အတွက် ချဉ်းကပ်တဲ့ ခြေလမ်းသစ်တရပ်ကို ပြသပ်လိုက်တာဖြစ်ပါတယ်။
အဲဒါအပြင် အစ္စရေးနိုင်ငံအနေနဲ့ကလည်း သူတို့ရဲ့ သံသယဖြစ်ဖွယ် နျူးကလီးယား လက်နက်တွေကိုလည်း နိုင်ငံတကာ ထိန်းချုပ်မှုအောက်မှာ ချပြဖို့လိုတဲ့အကြောင်း အီရန်သမ္မတသစ်က ပြောပါတယ်။
တဆက်တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်းစီးကလည်း ဆီးရီးယားနိုင်ငံက ဓာတုလက်နက်တွေကို ဖယ်ရှားပြစ်ဖို့အတွက် အခြေအနေတွေ တိုးတက်လာပြီးလို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ရောက်စဉ် တွေ့ဆုံးခဲ့ကြပြီး ဒီ ဓာတုလက်နက်ကိစ္စနဲ့ပတ်သက်ပြီးတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တခု ရှိသင့်တယ်လို့ တတပ်တအား သဘော တူညီ ခဲ့ကြပါတယ်။
ABC Radio Australia
0 comments:
Post a Comment