Friday, September 27, 2013

အမှုဆင် ဖမ်းဆီးထားသော အမျိုးသမီးများကို အမြန်ဆုံးလွှတ်ပေးရန် သမ္မတထံ ယနေ့တင်မည်

အမှုဆင် ဖမ်းဆီးခံထားရသည် ဟုဆိုသည့် အမျိုးသမီးများ ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအ တွက် ထောက်ခံ လက်မှတ်၄၇၀ ဖြင့် ယခုလ ၂၇ ရက်တွင် သမ္မတ ထံတင်ပြသွားမည်ဟု အမျိုးသမီး များ အဖွဲ့ (မြန်မာနိုင်ငံ)၏ အထွေ ထွေအတွင်းရေးမှူး ဒေါ်တင် တင်ညိုက ပြောသည်။

အဆိုပါထောက်ခံလက်မှတ် ၄၇ဝသည် အမျိုးသမီးဖိုရမ်ပြု လုပ်ခဲ့သည့် သုံးရက်အတွင်းတွင် ဒုတိယမြောက်နေ့(အပြည်ပြည် ဆိုင်ရာငြိမ်း ချမ်းရေးနေ့)နှင့် တတိယ နေ့ တို့တွင် ကောက်ခံခဲ့ခြင်းဖြစ် ပြီး အမျိုးသမီးများ လက်မှတ်ရေး ထိုးမှု ရာခိုင်နှုန်း ၉ဝပါဝင်ကြောင်း သိရသည်။

''သမ္မတကြီးအနေနဲ့ အခြေ အနေတွေ၊ အကြောင်းအရာ တွေ အကုန်လုံးကို စေ့စေ့ငငအမှန် အတိုင်းသိစေချင်တဲ့သဘောနဲ့ သမ္မတဆီကိုတင်မှာပါ။ ဒီအမျိုး သမီးတွေဟာ အလုပ်သမားအရေး၊ လယ်သမားအရေးလှုပ်ရှားရင်း၊ လူထုအတွက် လုပ်ဆောင်ရင်းနဲ့ ဒီလိုဖမ်းဆီးခံခဲ့ရတာ သိဖို့၊ အမှန်တရားအတွက် ဆန္ဒထုတ်ဖော် တဲ့သူတွေ၊ အမှန်တရားဘက်က ရပ်တည်တဲ့သူတွေကို ဒီလိုမျိုး ဖမ်းဆီးတယ် ဆိုတာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကိုလဲ အနှောင့် အယှက်ဖြစ် စေတယ်'' ဟု ဒေါ်တင်တင်ညိုက ပြောသည်။

ဒေါ်နော်အုန်းလှ၊ ဒေါ် ဘောက်ဂျာ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင် စသည့်အမျိုးသမီး ခေါင်းဆောင်လေးဦးအပါအဝင် တခြားနိုင်ငံရေး တက်ကြွလှုပ်ရှား မှုဖြင့် ဖမ်းဆီးခံရသော အမျိုး သမီးများ အတွက် ပြည်သူများ ထောက်ခံ လက်မှတ် ကောက်ခံ မှု ကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံအမျိုး သမီးများကွန်ရက်တို့မှ ဦးဆောင် ပြုလုပ်ခြင်းဖြစ်သည်။

ကရင်အမျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စူ စင်နာလှလှစိုးက ''ဒီလက်မှတ် ကောက်တာ က ဖိုရမ်ကို တက် ရောက်လာတဲ့သူတွေ ကို ကောက် ခံတာပါ။ အဲဒီမှာ အထူးဖိတ် ကြားထားတဲ့ အစိုးရအရာရှိတွေ လဲ လက်မှတ် ထိုးခဲ့ကြ တယ်။ ဖိုရမ် မှာ ဒေသကို ကိုယ်စားပြုတဲ့ ပြည် တွင်း၊ ပြည်ပ၊ နယ်စပ်က NGO ခေါင်းဆောင် တွေ၊ အမျိုးသမီး အဖွဲ့ကဥက္ကဋ္ဌတွေတက်ပြီး လက် မှတ်ထိုးခဲ့ကြတဲ့အတွက် ဒီလက် မှတ်တွေဟာ တစ်နိုင်ငံလုံးကို ကိုယ်စားပြု တယ်လို့ ထင်တယ်'' ဟု ပြော သည်။

ပြည်သူထောက်ခံလက် မှတ် ၄၇ဝအား ဒေါ်အောင်ဆန်း စုကြည်ထံသို့လည်း ပို့ဆောင် သွားမည်ဖြစ်ပြီး ဆက်လက်၍ လည်း သက်ဆိုင်ရာဌာနများသို့ တင်ပြသွားမည်ဖြစ်သည်။

Yangon Media Group

0 comments:

Post a Comment