မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်၏ အခန်းကဏ္ဍ လျှော့ချရေးမှာ ပါတီအသီးသီးနှင့် နိုင်ငံရေး အင်အားစုများအပေါ်၌ အဓိက မူတည်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနရုံး၌ ပြုလုပ်သည့် အစိုးရ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ တွေ့ဆုံစဉ် နိုင်ငံရေး၌ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်အပေါ် ၎င်းက ယင်းသို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။“တပ်မတော်က နောင်မှာ အမျိုးသား နိုင်ငံရေးပဲ လုပ်မယ်၊ အာဏာနိုင်ငံရေး မလုပ်ဘူးဆို အမြဲတမ်း ပြောခဲ့တယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ အသားကျလာရင် အခြေခံဥပဒေကိုလည်း ပြောင်းလို့ရတယ် လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြောခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
သို့သော် နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချရန် နိုင်ငံရေး အင်အားစုများ မည်မျှရင့်ကျက်သည်၊ ဒို့တာဝန် အရေးသုံးပါးကို မည်မျှ စောင့်ထိန်းနိုင်မည် စသည့်အချက်များပေါ်တွင် အဓိက မူတည်ကြောင်း ၎င်းကထပ်လောင်း ပြောဆိုသည်။တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်း ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်တို့ တွေ့ဆုံစဉ် နိုင်ငံရေး၌ တပ်မတော်၏ အခန်းကဏ္ဍကို လျှော့ချမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်အပေါ် ၎င်းက ယင်းသို့ ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။“တပ်မတော်က နောင်မှာ အမျိုးသား နိုင်ငံရေးပဲ လုပ်မယ်၊ အာဏာနိုင်ငံရေး မလုပ်ဘူးဆို အမြဲတမ်း ပြောခဲ့တယ်။ ဒီမိုကရေစီ ကျင့်စဉ်တွေ အသားကျလာရင် အခြေခံဥပဒေကိုလည်း ပြောင်းလို့ရတယ် လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ပြောခဲ့ပါတယ်” ဟု ဦးရဲထွဋ်က ဆိုသည်။
လက်ရှိတပ်မတော်၏ အခန်းကဏ္ဍမှာ ရှိသင့်သည်ထက် များစွာမြင့်မားနေပြီး ယင်းကို ပုံမှန်ရှိသင့်သည့် အနေအထားသို့ လျှော့ချမည် ဆိုခြင်းကို ကြိုဆိုကြောင်း၊ သို့သော် လိုအပ်သည်ထက်ပို၍ လျှော့ချဖို့လည်း မဖြစ်သင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအထွေထွေ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက မှတ်ချက်ပြုသည်။
“နိုင်ငံရေး အင်အားစုတွေ ရင့်ကျက်ဖို့ ဆိုတာက ဘယ်အပိုင်းကို ပြောတာလဲ၊ စီးပွားရေးလား၊ မူဝါဒအပေါ်လား ကွဲကွဲပြားပြား သိဖို့လိုပါတယ်” ဟု ၎င်းကဆိုသည်။
နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးကဲ့သို့ ကိစ္စရပ်များတွင် တပ်မတော်၏ ရပ်တည်ချက်ကို ထိခိုက်သည်အထိ အတိုက်အခံ နိုင်ငံရေး အင်အားစုများက တောင်းဆိုခဲ့လျှင် တပ်နှင့် ထိပ်တိုက်တွေ့နိုင်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ သဘောတူညီမှု မရှိဘဲ မည်သည့် အရေးကိစ္စမျှ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ စာရေးဆရာ ကျော်ဝင်းက ပြောဆိုထားသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် မြန်မာ့နိုင်ငံရေးစနစ်၌ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးသည့်စနစ် စတင်ခဲ့သော်လည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး အခန်းကဏ္ဍများတွင် ယခင်တပ်မတော် အစိုးရလက်ထက် တာဝန်ယူခဲ့သူ အများစုသာ ပြန်လည် နေရာယူထားခြင်း၊ လွှတ်တော်တွင် တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းတို့မှာ ဒီမိုကရေစီ စံနှုန်းများနှင့် မကိုက်ညီကြောင်း ပြည်တွင်း နိုင်ငံရေး အင်အားစုများနှင့် နိုင်ငံတကာက ထောက်ပြဝေဖန်ထားသည်။
The Voice Weekly
0 comments:
Post a Comment