leap Motion ဆိုတာ အမေရိကန် အခြေဆိုက် နည်းပညာ ကုမ္မဏီ တစ်ခု ဖြစ်ပြီး သူ့ထုတ်ကုန် ပစ္စည်းက Leap Motion Controller ဖြစ်ပါတယ်။ လက်ဟန်ကို အာရုံခံပြီး တီဗီ မျက်နှာပြင်မှာ ပြန်လည် ပြသတဲ့ စနစ် ဖြစ်ပါတယ်။ ဒီတော့ လက်လှုပ်နေရုံနဲ့ လုပ်ငန်းပြီးမြောက်စေတဲ့ ပစ္စည်းတစ်ခုလို့ အလွယ်မှတ်နိုင် ပါတယ်။
အဲဒါကို HP ရဲ့  Laptop မှာ Built in အဖြစ် ထည့်သွင်းပေးလိုက် ပါပြီ။ HP Envy 17 မှာ ဖြစ်ပါတယ်။ ၁၇.၃ လက်မ ကျယ်တဲ့ အရွယ်ကြီး Laptop မှာ ထည့်သွင်းပေးလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ကီးဘုတ်၊ touchpad သုံးနေစရာမလိုပဲ လက်လှုပ်ရုံနဲ့တင် Feature နဲ့ ပရိုဂရမ်အချို့ ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် Game and Entertainment အတွက် ပိုမို ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ Laptop ကလည်း High specification နဲ့ တည်ဆောက်ထားတာပါ။
မျက်နှာပြင်က 1920x1080 HD resolution ပေးနိုင်ပြီး Windows 8 OS ကို အသုံးပြု ထားပါတယ်။ Intel Core i7 processor တပ်ဆင်ထားခြင်းပါ။ Hard Disk က 1TB တောင်ရှိတာမို့ Storage များတဲ့ အမျိုးအစားပါပဲ။ ဒီတော့ လပ်တော့ ဈေးလည်း သက်သာမှာ မဟုတ်ပါဘူး။ ကာလတန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၀၅၀ ဝန်းကျင်နဲ့ အောက်တိုဘာလအတွင်း စတင်ရောင်းချမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း (TSJ Team)
TechSpace Journal
0 comments:
Post a Comment