Sunday, June 15, 2014

ကေအင်န်ယူနှင့် RCSS/SSA ဥက္ကဋ္ဌတို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်


KNU ဥက္ကဋ္ဌစောမူတူး စေးဖိုးနှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်

ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌစောမူတူး စေးဖိုးနှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်တို့ တစ်နိုင် ငံလုံးအပစ်အခတ်ရပ်စဲရးနှင့်ပတ် သက်၍ ယခုရက်ပိုင်းအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း (SSA/ SSPP)မှ ပြောရေးဆိုခွင့်ရှိသူဗိုလ် မှူးကြီးစိုင်းလှကပြောသည်။‘‘မနေ့(ဇွန် ၁၄ရက်)ကပဲ KNU ဥက္ကဋ္ဌကြီးထွက်သွားပြီ။ဒီနေ့ တွေ့ဖြစ်မလားမသိဘူး’’ဟု KNU ဗဟိုကော်မတီဝင်တစ်ဦးကပြော သည်။ ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌအနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတ တို့ကိုတွေ့ဆုံပြီးနောက် တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ သွားရောက်ဆွေး နွေးခဲ့ခြင်းဖြစ်သည်။

‘‘KNUကလည်း အပစ်အ ခတ်ရပ်စဲရေးကို မြန်မြန်သွားချင် တယ်။ RCSSကလည်း အမြန်ဖြစ် ချင်တယ်။ စိတ်ဝင်စားတာချင်း တူလို့တွေ့ကြတာ’’ဟု မြန်မာ့ငြိမ်း ချမ်းရေးနှင့် ပြန်လည်ထူထောင် ရေးဗဟိုဌာနအပစ်အခတ်ရပ်စဲ ရေးဒါရိုက်တာ ဒေါက်တာမင်း ဇော်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ်အောက်တို ဘာလအတွင်း KNUနှင့် RCSSအ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီးအချက်ရှစ် ချက်ပါ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့(NCCT)အနေဖြင့် ဇွန်လ ၁၃ရက်မှစ၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးစာချုပ်မူကြမ်းနှင့် ပတ်သက် ၍ ထိုင်းနိုင်ငံတွင် ဆွေးနွေးနေ ကြောင်း သတင်းရရှိသည်။


7Day Daily

0 comments:

Post a Comment