Monday, June 16, 2014

သံတော်ဆင့်ဂျာနယ်ပါသတင်းဖော်ပြချက်မှာ ဆရာတော်ကိုအထင်လွဲအောင်လုပ်ခြင်းနှင့် သံဃာသင်းခွဲသလိုဖြစ်နေဟုအလိုတော်ပြည့်ဆရာတော်မိန့်ကြား



ဇွန် ၁၃ ရက်နေ့ထုတ်သံဃာတော်ဆင့်ဂျာနယ်ပါမဟာသန်္တိသုခကျောင်းတိုက်အရးနှင့် ပတ်သက် သည့်အလိုတော်ပြည့်ဆရာတော် မိန့်ကြားမှုဆိုသည်မှာဆရာတော် ကိုအထင်လွဲအောင်လုပ်ခြင်းနှင့်သံဃာသင်းခွဲသကဲ့သို့ဖြစ်နေ ကြောင်းပြည်တွင်းပြည်ပသာသ နာပြုအမျိုးသားအကျိုးစီးပွားကိုရှေးရှု၍ ပရဟိတလုပ်ငန်းများလုပ်ဆောင်နေသောအလိုတော်ပြည့်ဆရာတော်ဒေါက်တာဘဒ္ဒန္တအရိ ဟာဘိဝံသကမီဒီယာများသို့မိန့်ကြားရှင်းလင်းလိုက်သည်။
ဆရာတော်ကြီးဆီးချိုတက် ၍ ကျန်းမာရေးမကောင်းချိန်ဇွန် ၉ ရက်နေ့က ကျောက်ပန်းတောင်းကျောင်းတိုက်သို့မြန်မာသံတော်ဆင့်အယ်ဒီတာချုပ်ဦးကျော်စွာဝင်း နှင့် ၎င်း၏ယောက္ခမဖြစ်သူတို့ ရောက်ရှိလာပြီး မဟာသန္တိသုခ ကျောင်းတိုက်အရေးကိစ္စလည်း တစ်ခွန်းမျှမေးမြန်းပြောဆိုခြင်းမရှိ ဘဲ၎င်းတို့ကပ်လှူသော ကြံ့ခိုင် ရေးပါတီတံဆိပ်ပုံပါစာအုပ်ကို ဆရာတော်ကြီးကိုင်ဖတ်နေစဉ် ဓာတ်ပုံရိုက်သွားခဲ့ကြောင်း ဆရာ တော်ကြီးကမိန့်ကြားသည်။

“ငါတစ်ခွန်းမှ မပြောဘဲသူတို့ ရေးချင်တာရေးတာ ငါနဲ့သံဃာ ထုကြားပရိသတ်ကြားသင်းခွဲသလို လုပ်တာ၊ အခုသူတို့ကိုဖုန်းဆက် နေတာလည်း ဖုန်းမကိုင်ဘူး၊ဘုန်းကြီးနဲ့ သန္တိသုခကိစ္စဘာမှမဆိုင် ဘူး၊ဘာမှလည်းမဝေဖန်လိုဘူး အဲဒါလေးတော့မင်းတို့ဖော်ပြပေး ပါ”ဟု HotNews နှင့် မီဒီယာများသို့ဆရာတော်ကြီးကမေတ္တာရပ်ခံ ခဲ့သည်။

ဆရာတော်ကြီးကလုံးဝမပြော ဘဲ “မင်းသား၊ မင်းသမီးတွေရော နိုင်ငံရေးပါတီတွေရောဝင်ရှုပ်နေ ကြတယ်။ ဘုန်းကြီးတွေကိစ်္စဘုန်း ကြီးတွေအေးအေးမလုပ်ရဘူး”ဆိုသည့်စကားကိုဆရာတော်ကြီးပြော သယောင် ၎င်းဂျာနယ်ကရေးသား ခဲ့သည်ဟုဆရာတော်ကြီးကမိန့်ကြား သည်။

အဆိုပါကိစ္စအတွက် ဇွန် ၁၄ ရက်နေ့က အလိုတော်ပြည့် ကျောင်းတိုက်မှ ကြေညာချက်တစ် စောင်ထုတ်ပြန်ရာတွင် “မြန်မာ သံတော်ဆင့်ဂျာနယ်အတွဲ (၃) အမှတ် (၄)ဇွန် ၁၄-၂၀/၂၀၁၄ ခုနှစ် ထုတ်စာစောင်တွင် ဖော်ပြ ပါရှိသည့်မဟာသန္တိသုခကျောင်း ကိစ္စနှင့် ပတ်သက်၍အလိုတော် ပြည့်ဆရာတော်ကြီး၏သဘောထား မှာမဟာသန္တိသုခကျောင်းတော် ကြီးကိစ္စနှင့် ပတ်သက်ပြီးဆရာ တော်ကြီးအနေဖြင့် ဆက်စပ်မှု လုံးဝမရှိပါကြောင်း၊ သံတော်ဆင့် ဂျာနယ်မှ သတင်းအချက်အလက် များသည်အလိုတော်ပြည့်ဆရာ တော်၏အာဘော်လုံးဝမဟုတ်ပါ ကြောင်း ရှင်းလင်းပြတ်သားစွာ ပြောကြားလိုသည်”ဟု ဖော်ပြပါ ရှိသည်။

ယင်းကိစ္စအတွက် သံတော် ဆင့်ဂျာနယ်သို့ ဇွန် ၁၅ ရက်နေ့ က ဆက်သွယ်မေးမြန်းရာမဖြေ နိုင်ကြောင်း၊ ခွင့်ယူထားပြီး နယ် သွားနေကြောင်းနှင့် အယ်ဒီတာချုပ်၏ဖုန်းနံပါတ်ကိုလည်း မပေး နိုင်ကြောင်း ဒုအယ်ဒီတာချုပ် ဦးအံ့ခေါင်မင်းကဖြေကြားခဲ့ပြီး တာဝန်ကျဝန်ထမ်းတစ်ဦးကလည်း အယ်ဒီတာချုပ်ဖုန်းနံပါတ်မရှိကြောင်းပြောဆိုခဲ့သည်။

၎င်းကိစ္စအတွက် ဆရာတော် ကြီးအနေဖြင့် အလွန်အမင်းစိတ် မကောင်းဖြစ်၍ အားလုံးအမြင် ရှင်းလင်းစေရန်ယခုလိုသဘော ထားထုတ်ပြန်ရခြင်းဖြစ်ကြောင်း၊၎င်းဂျာနယ်မှအယ်ဒီတာချုပ် ဦးကျော်စွာဝင်းကိုနောက်နောင် တွင် အလိုတော်ပြည့်ဆရာတော် သတင်းနှင့် ပတ်သက်ပြီးမဟုတ် မမှန်စကားကြံစည်ပြီး မရေးသား ရန်နှင့်အလိုတော်ပြည့်ဆရာတော် နှင့် နောင်တွင်လုံးဝမပတ်သက် ရန်ကိုလည်း အထူးတားမြစ်လိုက် ကြောင်း ဆရာတော်ကြီး၏ သဘောထားကြေညာချက်တွင်ဖော်ပြထားသည်။


Hot News

0 comments:

Post a Comment