Wednesday, June 18, 2014

တက္ကသိုလ်ဆရာ၊ ဆရာမများ အပြောင်းအရွှေ့ ပါရဂူတန်း စတုတ္ထနှစ်များပါနေ၍ အခက်တွေ့


ရန်ကုန်တက္ကသိုလ်အတွင်းမြင်ရသော တက္ကသိုလ်ဆရာမနှစ်ဦး (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
တက္ကသိုလ်၊ ဒီဂရီကော လိပ်နှင့် ကောလိပ်များရှိ ဆရာ၊ ဆရာမများ၏ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးကြေညာချက်များကို ဇွန်လ ၁၇ ရက် ညနေပိုင်းတွင် သက်ဆိုင်ရာ ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးခဲ့ပြီး နယ် ပြောင်းရွှေ့ခံရသည့် ဆရာများ တွင် သုတေသန ပြုလုပ်ရမည့် ပါရဂူတန်း (စတုတ္တနှစ်) သို့ ရောက်ရှိ နေသည့် ဆရာများ ပါဝင်နေသောကြောင့် အခက်တွေ့နေကြောင်း သတင်းရရှိသည်။‘‘အရင်က (၄) ပါကို နယ် ပေးမထွက်ဘူး။ နယ်ကလူကို တောင် ပြန်ခေါ်တယ်။ နောက် ဆုံးနှစ်ဆိုတော့ အလုပ်အများဆုံး နှစ် supervisor နဲ့ lab အနီးဆုံး မှာရှိနေရမယ့် အချိန်မှာ ရန်ကုန် နဲ့ ဝေးတဲ့နေရာကို အပို့ခံရတာ တော်တော် အခက်ကြုံပါလိမ့် မယ်။ တစ်ပတ်တစ်ခေါက် ခွင့်ရ လို့ ပြန်လာရင်တောင် လစာ တစ် သိန်း ခုနစ်သောင်း ကားခသာသာ ရှိပါမယ်။ ကျွန်တော့်တစ်ယောက် စာ ထမင်းစားဖို့တောင် အနိုင်နိုင် ပါ။ မိသားစုတော့ ကျီးထိုးထိုး လင်းတနားနား ထားခဲ့ရဦးမှာပါ’’ ဟု နယ်ပြောင်းရွှေ့ခံရသည့် ဒဂုံ တက္ကသိုလ် ရူပဗေဒဌာနမှ လက် ထောက်ကထိထ ဦးဇော်မျိုးလှိုင် က ပြောသည်။

ယခင် ဆရာ၊ ဆရာမများ၏ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးစာ ရင်းများကို အဆင့်မြင့်ပညာဦးစီး ဌာနရုံးမှာပင်ကပ်၍ ကြေညာခဲ့ ရာမှ ယခုအခါတွင် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်အသီးသီး ရှိ ပါမောက္ခချုပ်များထံသို့ ဇွန်လ ၁၇ ရက် ညနေတွင် စာရင်း ပေးပို့၍ထုတ်ပြန် ကြေညာခဲ့သည်။

‘‘တစ်ပြည်လုံး အတိုင်းအ တာအနေနဲ့ ပါမောက္ခကနေပြီး တော့ ကျူတာအထိ ထုတ်ပေး ထားတယ်။ အဲဒီမှာ သရုပ်ပြ၊ နည်း ပြရာထူးကနေ လက်ထောက် ကထိကနဲ့ လက်ထောက်ကထိက ကနေ ကထိကရာထူး စတဲ့ ရာထူးတိုးတချို့ ကျန်နေသေးတယ်။ ကျန်တာတွေကတော့ အကုန်လုံး လွှတ်လိုက်ပါပြီ။ နယ်ပြောင်းတာတို့၊ ရာထူးတိုးတို့က သူသတ်မှတ်ထားတဲ့ မူအတိုင်းပဲပြောင်းပေးတာပါ။ သူတို့ကို အား လုံးချပြထားပြီးသားပါ’’ ဟု အ ဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ယခင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးလက်ထက်၌ ၂၀၁၂ ခုနှစ် က နောက်ဆုံးပြောင်းရွှေ့ရေးနှင့် ရာထူးတိုးကိစ္စများကို ထုတ်ပြန် ကြေညာပေးခဲ့ပြီးနောက် တစ်နှစ် ခွဲကျော်အကြာ ယခုပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ခင်စန်းရီလက်ထက် တွင် ပထမဆုံးအကြိမ်အဖြစ်ထုတ်ပြန်ကြေညာပေးခဲ့ခြင်းဖြစ်သည်။

‘‘Transfer တွေ ထွက်လာ တော့ နယ်ကဆရာ၊ ဆရာမတွေ တော်တော်ပျော်တာပေါ့။ Trans fer ကို ၀န်ထမ်းတွေ အချင်းချင်း ပြန်အကဲဖြတ်တဲ့စနစ်နဲ့ အမှတ် ပေးတဲ့စနစ်ကို ကျင့်သုံးသွားတယ်။ဖြစ်စေချင်တာက ဆရာ၊ ဆရာမတွေကို ကျောင်းသူ၊ ကျောင်းသားတွေက အကဲဖြတ်တဲ့စနစ်ကို ကျင့်သုံးစေချင်တယ်။ နောက်ပြီးတော့ ဆရာများအသင်းက ဆရာတွေတော်တော်များများ နယ်ပြောင်းရွှေ့ခံရတာက ထူးခြားတယ်’’ ဟု တက္ကသိုလ်ဆရာ၊ ဆရာမအသင်းမှ ဒေါက်တာအာကာမိုးသူက ပြောသည်။

နယ်တက္ကသိုလ်ဆရာ၊ ဆ ရာမများ ပြောင်းရွှေ့ရေးနှင့် ရာ ထူးတိုးကြေညာချက်များ ထွက်ရှိ ပေးရန် မေလ ၂၈ ရက်မှစတင်၍ တက္ကသိုလ်ဆရာ၊ ဆရာမများ သမဂ္ဂမှ စတင်တောင်းဆိုခဲ့ကြသည်။

ထို့နောက် တက္ကသိုလ်ဆရာ၊ ဆရာမများ အဖွဲ့ချုပ် (ယာယီ) မှ ဇွန်လ ၁၂ ရက်တွင် နယ်တက္က သိုလ်အသီးသီးတွင် သတ်မှတ် အိမ်ပြန်ချိန်ကျော်လွန်ကာ မိသား စုများနှင့် ခွဲခွာတာဝန်ထမ်းဆောင် နေရသည့် ဆရာ၊ ဆရာမများအ တွက် ပညာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုများအပေါ် ကန့်ကွက် ကြောင်း သဘောထားကြေညာ ချက်နှင့် ဆရာ၊ ဆရာမများ သက် ဆိုင်ရာ တက္ကသိုလ်အသီးသီးတွင် ထိထိရောက်ရောက် တာဝန်ထမ်း ဆောင်နိုင်ရေး Transfer Order အမြန်ဆုံးထုတ်ပေးရန် တောင်းဆို ချက် ထုတ်ပြန်ခဲ့သည်။

‘‘Transfer ကို ရာနှုန်းပြည့် ကျေနပ်တဲ့လူလည်းရှိသလို၊ နည်း နည်းဝေးတာသွားရလို့စိတ်ထဲမှာ ကသိကအောက်ဖြစ်တာလည်း ရှိ မှာပဲ။ ဒါက လူက သောင်းချီ၊ သိန်း ချီရှိတဲ့ကိစ္စတွေမှာ သိပ်ပြောဖို့ မလွယ်ဘူး။ ထွက်ချိန်တန်လို့ ထွက်လိုက်တာပဲ။ သူတို့ Transfer က နည်းနည်းနောက်ကျလို့ သွား ဖို့လာဖို့ ခက်ခဲတာတို့၊ ပြင်ရဆင်ရ တာတို့၊ မျှော်လင့်တဲ့လူတို့ ဒါလေး လောက်ပဲ ရှိတာပါ’’ ဟု မန္တလေး နိုင်ငံခြား ဘာသာတက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရေး ၀န်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ် ၆၆ ခုတွင် ဆရာ၊ဆရာမအင်အား တစ်သောင်းတစ်ထောင်ကျော် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။


7Day Daily

0 comments:

Post a Comment