Tuesday, June 17, 2014

အခွင့်ထူးခံ ဒီမိုကရေစီ


ဒီမိုကရေစီရရှိရေး ဦးဆောင်နေသူတွေကို ဒီမိုကရေစီမီဒီယာတွေက ၀ိုင်းအမြှောက် လွန် သွားတဲ့အခါ အခွင့်ထူးခံ ဒီမိုကရေစီခေါင်းဆောင်တွေ ဖြစ်လာပါတော့တယ်။ဗမာတွေရဲ့ သူရဲကောင်း ကိုးကွယ်လွန်ဖြစ်ရပ်တွေကြောင့် ကျန်စစ်သားမင်းရဲ့ စွမ်းရည်တွေကို ချဲ့ ကားလွန်းလိုက်တော့ ပုံပြင်လို ဖြစ်သွားခဲ့ရ တယ်။အခုလည်းကြက်တူရွေးကတော်တော်မယ်ဘော်ကကဲကဲဆိုသလိုဒေါ်အောင် ဆန်းစု ကြည်ကိုယ်တိုင်ကအထူးအခွင့်အရေးပေးရင် ကျွန်မကိုစော်ကားတယ် လို့မြင်တယ်၊ဒီလောက်တောင် ညံ့လို့အထူးအခွင့်အရေးပေးထားရမှာလား လို့ပြော ထား ရက် နဲ့ဒီအပါတ်ထုတ်အလဲဗင်းဂျာနယ် ၊ဒေါက် တာ မျိုးရန်နောင်သိမ်းရဲ့ ဆောင်းပါး မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ထူးခြား သူတစ်ဦးဖြစ်လို့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့အထူးကိစ္စအနေနဲ့စဉ်းစားပေးသင့်ကြောင်းမြှောက် ပင့်ရေးသားထား တာ ဘ၀င်မကျဖြစ်ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို အမွှမ်းတင်ပေးသူတွေကြောင့် တချို့ ကိစ္စတွေမှာ ဂုဏ်မြှင့်ပေး ရာမရောက်ဘဲ ဂုဏ်နှိမ့် သလိုဖြစ်ခဲ့ရတာတွေရှိပါတယ်။ အခုအရေး အသားကလည်း စေတနာနဲ့ ဖြစ် စေချင်တာ ရေးပေမယ့် ဒီမိုကရေစီပေတံနဲ့ညီမညီ တိုင်းတာပြီးရေးသင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပုံတွေချိတ်ဆွဲ ကိုးကွယ်နေသူတွေ စဉ်းစားစေချင်တာက အခုလို ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့  အထူးအခွင့် အရေး ပေး ရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း က လက်ခံပါ့မလားဆိုတာ ပါပဲ ။ ပြော တော့ဗိုလ်ချုပ်အောင်ဆန်း လုပ်တော့ သူ့မူဝါဒနဲ့ တလွဲတွေ မဖြစ်သင့်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDပါတီဟာ လူထုနဲ့ ကင်းကွာလာပြီး အခြေ အနေမှန် တွေ မသိမြင်ဖြစ်လာတာ ဂျာနယ်မီဒီယာတွေ ရဲ့ တာဝန် အများကြီး ရှိပါတယ်။ဘယ်အဖွဲ့ အစည်း ဘယ်လူ ပုဂ္ဂိုလ်မဆို အားနဲချက် ကိုယ်စီရှိပါတယ်။ မိမိအားနဲချက်ကို ရှာဖွေပြုပြင်ပြီး အားသာချက်တွေဖြစ်လာ အောင် အမြဲတမ်းပြုပြင်နေမှ သာ တိုးတက်နေမှာဖြစ်ပါတယ်။ အားနဲချက်ကိုရှာဖွေ ထောက်ပြပေးသူ ကို လည်း ကျေးဇူးတင် ရမှာဖြစ်ပါတယ်။အခုလက်ရှိအခြေအနေ မှာေ တာ့ ဒေါ်အောင် ဆန်းစုကြည်နဲ့  NLDကို ဝေဖန် လိုက်တာနဲ့  စစ်ခွေးတွေ စစ်ကျွန်တွေ တရားစွဲမယ်တွေ ပလူပျံသွားပါလိမ့်မယ်။ဂျာ နယ်တွေ အများစု (အားလုံးနီးပါး) ကလည်း ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ကို အားနဲချက် ဝေဖန်ချက် မထည့်ရဲကြပါဘူး။ဒီကိစ္စကို ဂျာနယ် ထုတ်ဝေ သူ တစ်ဦးနဲ့ ဆွေးနွေးကြည့်တဲ့အခါ သူ ရှင်းပြ တာက ဒါကတော့ဆရာရယ် စစ်တပ်ထဲ မှာ မကောင်းတဲ့ရဲဘော်မရှိ၊မကောင်းတဲ့အရာရှိသာရှိတယ် ဆိုသလိုပေါ့၊မကောင်းတဲ့ အစိုးရသာ ရှိတယ်၊မကောင်းတဲ့ အတိုက်အခံမရှိဘူးပေါ့၊ပြည်သူလူထု အများစုက လည်း အစိုးရမကောင်းကြောင်းပဲဖတ်ချင်ကြတာ၊ဒီမိုကရေစီအတိုက်အခံတွေ မကောင်း ကြောင်းရေးရင်ဂျာနယ်ရောင်းရမှာမဟုတ်ဘူးတဲ့။ဂျာနယ်တွေကစီးပွားရေးအရ ပြည်သူလူထု ကို အလို လိုက် ၊ပြည်သူလူထုက အစိုးရကိုမကျေနပ် သမျှ အတိုက်အခံ ဒီမိုကရေစီ တွေကို အလိုလိုက်နဲ့  ဝေဖန်ဆုံးမခံရခြင်းမရှိဘဲအလိုလိုက်ခံထားရတဲ့ ကလေးကြီးလာတော့လူဆိုးဖြစ်လာသလိုအတိုက် အ ခံဒီမိုကရေစီတွေဟာ အချိန်ကြာ လို့သာလူကြီးဖြစ်လာရပေမယ့်သူငယ်နာမစင်တဲ့ဘ၀ဖြစ်လာပါ တော့ တယ်။

နေပြည်တော် လူထု ဟောပြောပွဲကအပြန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၃၆ မပြင်ရေး ဆန္ဒ ပြတဲ့ ဦးဆန်းလွင် (ခ) ဦးစု တို့ရဲ့ အပြန်အလှန်ပြောဆို ချက်တွေ လူမှုမီဒီယာ facebook တွေမှာ ပလူပျံနေပေမယ့် ဂျာနယ်လစ်တွေကတော့ ဒီမို ကရေစီ ခေါင်းဆောင်ကို အထူးအခွင့် အရေးပေးတဲ့ အနေနဲ့ ဘာမှ မဖော်ပြခဲ့ကြပါ ဘူး။facebook မှာ စစ်ခွေးနဲ့ဒီမိုခွေး(သူတို့ အချင်းချင်းနံမည်ပေးထား တာ) အပြန်အလှန် ကိုက် နေကြပေမယ့် ဂျာနယ်တွေမှာတော့ ဒီမိုခွေးတွေက တဖက်သတ် အခွင့် ထူးခံအသာစီးရနေပါတယ်။ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီမို ကရေ စီခေါင်းဆောင် အဖြစ်လူထုကအ သိ အမှတ်ပြုထားပြီးသားပါ။ ဒီမိုကရေစီ ပန်းတိုင်ကိုရောက်အောင် ၀ိုင်းဝန်းအကြံညဏ်ပေးဝန်းရံပေးရ မှာ ဖြစ်ပါတယ် ။ဒေါ်အောင်ဆန်းစုကြည် ဂုဏ်န္တောအနန္တော ၊ဒေါ်စုလုပ်သမျှကောင်းလေစွ လို့ ၀ိုင်းမြှောက် ပေးနေရင်တော့ အစွန်းရောက် အာဏာရှင် ဒီမိုကရေစီပဲ ရလာပါလိမ့်မယ်။

NLD ဟာ သက်တမ်းရင့်ပါတီကြီးတစ်ခု အဓိက အတိုက်အခံပါတီကြီး တစ်ခု ဖြစ်ပေမယ့် တည်ငြိမ်ရင့်ကျက်တဲ့ပါတီ၊အဖွဲ့စနစ်ကျစ်ကျစ်လစ်လစ် ခိုင်ခိုင် မာမာ ရှိတဲ့ ပါတီ၊ မဟာဗျူဟာ နည်းဗျူဟာ ပီပီပြင်ပြင် အကောင်အထည်ဖော်နေတဲ့ပါတီ ဖြစ်မလာတာ ပြည်သူလူထု အများစုရဲ့ အလိုလိုက်မှု မီဒီယာတွေ ရဲ့ အ ပြု သဘော ဝေဖန်ချက်မပြုရဲမှုတွေကြောင့်ဖြစ်ပါတယ်။အခုထိလည်း NLDရဲ့ မဟာ ဗျူရည်မှန်းချက်မခိုင်မာမှု၊ နည်းဗျူဟာလွဲချော်နေမှုတွေကို အပြုသဘော ထောက်ပြဝေဖန် တာတွေ ဂျာနယ်တွေမှာ မဖော်ပြရဲကြပါဘူး။ ဒီလိုလုပ်ရပ်တွေဟာ NLDနဲ့လူထု ကိုချစ်ရာ မရောက် ဘဲ နှစ်ရာသာ ကျမယ်ဆိုတာ သတိပြုသင့်ပါတယ်။ NLDကိုယ်တိုင်ကလည်းအဝေဖန်ခံနိင်တဲ့ရင့်ကျက်မှုလိုပါတယ်။ ဆရာတော် ကြီးတပါးပြောသလို သူပြောတာ ဟုတ်သလား ပြန်သုံးသပ်ပြီး ဟုတ်နေရင် ပြင်လိုက်ပါ၊ မဟုတ်ဘူးဆိုရင်တော့ ဒီအတိုင်းပဲနေလိုက်ပါ ဆိုသလို ခံယူတတ်ဖို့ တော့ လိုပါတယ်။

အခုဆောင်းပါးဟာ ၄၃၆ပြင်ရေးမပြင်ရေး၊ ၅၉(စ)ပြင်ရေးမပြင်ရေး မဟုတ်ပါဘူး။ဒီမိုကရေ စီ သမားတွေအနေနဲ့ အခွင့်ထူးခံ ဒီမိုကရေစီ မဖြစ်ရေး သတိပြုမိဖို့ သာဖြစ်ပါတယ်။၄၃၆ပြင်ရေး ၅၉(စ) ပြင်ရေး မပြင်ရေး ဟာ ပြည်သူလူထု လိုလားချက်နဲ့NLD ရဲ့ စွမ်းဆောင်နိင်တဲ့ စွမ်းရည်ပေါ်မှာမူတည် နေပါတယ် ။တော် လှန်ရေးတစ်ရပ်ဟာအခက်အခဲမျိုးစုံကြားကအောင်မြင်အောင်လုပ်ကြရတာ ဖြစ်ပါ တယ်။ အင်္ဂလိပ် ကသာ ပေါချောင်ကောင်းနဲ့ အလွယ်တကူ လွတ်လပ်ရေး ပေးခဲ့ရင် ဗိုလ်ချုပ်အောင် ဆန်း ဆိုတာ ဖြစ်လာစရာမရှိပါဘူး။နည်းမျိုးစုံ ဖိနှိပ်ခံခဲ့ရလို့  NLD ဟာ အခုလို အရည်အချင်းမပြည့် ၀ခဲ့တာ ပါ လို့ ပြောတာ လုံးဝ မှားပါတယ်။နိင်ငံရေးဝမ်းစာ ပြည့်စုံခဲ့ရင် အဖိနှိပ်ခံရလေ ပိုတောက် ပြောင်လာလေ ဖြစ်ရမှာပါ။တိုင်းပြည်အတွက် နိင်ငံသားအားလုံး တန်းတူညီမျှ အခွင့်အရေးအတွက် ပြည်သူ လူထု အများစုက ၅၉(စ)ပြင်ချင်ရင်ပြင်သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့  အထူးအခွင့် အရေးပေးစဉ်းစား စီစဉ်ပေး တာမျိုးကတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရှိနေရင် သဘောတူ မတူ အရင်ဆုံးစဉ်းစားကြစေလိုပါကြောင်း တင်ပြလိုက်ရပါတယ်။ ။

U Thaung Aye Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်
မြန်မာ့နိုင်ငံရေးဆောင်းပါးများ

0 comments:

Post a Comment