Thursday, June 19, 2014

ပွဲပယ်ပြစ်ဒဏ်ကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်နှင့် လွဲချော်သွားသည့် ဗန်ပါစီ



ဩစတြေးလျနှင့် ပွဲစဉ်တွင် အဝါကတ် ထိခဲ့သည့်နောက် နယ်သာလန်၏ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံး ပွဲစဉ်နှင့် ရော်ဘင်ဗန်ပါစီ လွဲချော်သွားပြီ ဖြစ်သည်။

နယ်သာလန် အသင်းခေါင်းဆောင် တိုက်စစ်မှူးသည် (၄၇)မိနစ်တွင် ပြိုင်ဘက် နောက်ခံကစားသမား မက်သရူး စပီရာနိုဗစ်နှင့် အခြေအတင် ဖြစ်ခဲ့သည့်နောက် ဒိုင်လူကြီး၏ အဝါကတ်ပြ သတိပေးခြင်းကို ခံခဲ့ရသည်။ အဆိုပါ အဝါကတ်သည် ကမ္ဘာ့ဖလားတွင် ဗန်ပါစီအတွက် ဒုတိယမြောက် ရရှိခြင်းဖြစ်ပြီး နောက်တစ်ပွဲစာ အလိုအလျောက် ပွဲပယ်ခံလိုက်ရသည်။နယ်သာလန်အတွက် ကမ္ဘာ့ဖလားတွင် (၃)ဂိုးထိ သွင်းယူပေးပြီးဖြစ်သော မန်ချက်စတာ ယူနိုက်တက် ရှေ့တန်းကစားသမားသည် အုပ်စုဗိုလ် နေရာအတွက် အဆုံးအဖြတ် ခံယူမည့် ချီလီနှင့်ပွဲကို ပါဝင်ကစားခွင့် မရှိတော့ချေ။ နည်းပြ လူးဝစ်ဗန်ဂါးလ် အနေဖြင့် ယင်းပွဲစဉ်တွင် ကလက်စ်ဂျန် ဟန်တဲလားကို ဗန်ပါစီအစား အသုံးပြုလာနိုင်သည်။

ဗန်ပါစီသည် အုပ်စုအဖွင့် စပိန်နှင့် ကစားသည့် ပွဲစဉ်တွင်လည်း ပက်ဒရို ရိုဒရီဂွတ်ဇ်ကို ပြစ်ဒဏ်ကျူးလွန်သဖြင့် အဝါကတ် ထိထားခဲ့ပြီးဖြစ်သည်။

_Ref; Dailymail

7Day Daily

0 comments:

Post a Comment