Monday, June 16, 2014

K.T.V သွားမိတဲ့အကျိုးဆက်



မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊သပိတ်ကျင်းမြို့ နယ်၊ တအာင်းမြို့နယ်ခွဲ၊ အင်းနက် အုပ်စု၊ မြိုင်သာယာကျေးရွာ တောင်ဘက်ဆုံး“ရှန်းရှန်းတောက်”မာဆက်တွင် အဖျော်ယမကာ၊ဘီယာနှင့်ွှုဠ တို့အားတွဲ၍ ဖွင့်လှစ်ခဲ့ပြီး (၂.၄.၂၀၁၄) ရက် နေ့ည (၁၀း၁၅) အချိန်ခန့်တွင်သွားရောက်ခဲ့ကြသော လူငယ်များ မှာ ယင်းနေရာကိုရှမ်းတရုတ်များ နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ ယင်းတို့ မှကားနှင့် လိုက်၍ တိုက်ခဲ့သော ကြောင့်လူငယ်အချို့မြတောင်ဆေးရုံသို့အတွင်းလူနာအဖြစ်တက်ရောက်ကုသခံရကြောင်း သိရ သည်။ဆေးရုံတက်ရောက်ကုသခံ နေရသောလူငယ်တစ်ဦး၏ပြော ပြချက်အရ ထိုနေရာသို့ယင်းတို့သွားရောက်ခဲ့စဉ်က ဆိုင်ကယ်ခြောက်စီးလူဆယ့်သုံးရောက်သွားရောက်ခဲ့ကြခြင်းဖြစ်၍ လူငယ် ခြောက်ဦးမှာ အခန်းတွင်းသို့ဝင် ရောက်နေကြစဉ်အပြင်ဘကKTV အခန်းအနီးတွင် ထိုင်နေသော လူငယ်ခုနစ်ဦးမှ သီချင်းဆိုသံတိုးခိုင်းရာ ရှမ်းတရုတ်များက ၎င်းတို့ အားဆဲဆိုပြောသည်ဟုအထင်လွဲ ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟုပြောသည်။

ယင်းသို့ခိုက်ရန်ဖြစ်ပွားနေကြ သံများကြောင့် အခန်းတွင်ရှိ လူ ငယ်ခြောက်ဦးမှာ အပြင်သို့ထွက် လာခဲ့ပြီး ယင်းတို့နှင့်ပါဆက်လက် ၍ခိုက်ရန်ဖြစ်ပွားခဲ့ကြကြောင်းသိရသည်။ ခိုက်ရန်ဖြစ်ပွားအပြီး လူငယ်ဆယ့်သုံးဦးမှာ ဆိုင်ကယ် များဖြင့် ပြန်သွားခဲ့ကြ၍ စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်စု၊ ရေရှင်တံတားအလွန် မန္တလေး-ဗန်းမော်မဟာဗျူဟာ အဝေးပြေးကားလမ်းမကြီးမိုင်တိုင် အမှတ် (၆၀/၅) အနီးသို့အရောက် တွင်ရှမ်းတရုတ်များက ကားနှစ်စီးဖြင့်လိုက်လာကာနောက်ကျကျန် ခဲ့သော ဆိုင်ကယ်နှစ်စီးကို လိုက်လံတိုက်ခဲ့သောကြောင့် ဆိုင်ကယ်နှင့် လူများမှာ လွင့်စစ် လဲကျသွားခဲ့၍ လဲကျနေကြချိန် တွင်ရှမ်းတရုတ်များက ကားပေါ် မှ ဆင်း၍ ဒုတ်/ဓားကိုယ်စီဖြင့် လူခွဲလိုက်လံရှာဖွေခဲ့ကြသော ကြောင့် လူငယ်များမှာ ပျိုးကွယ် နေခဲ့၍ သေဘေးမှ လွတ်မြောက်ခဲ့ရသည်ဟုပြောသည်။

ကားဖြင့်တိုက်ခံရခြင်းကြောင့် ငွေကျပ် (၃၅) သိန်းခန့်တန် ထွက်(စ်)ကာဆိုင်ကယ်တစ်စီးမှာ အရှေ့ပိုင်းပျက်စီးသွားခဲ့ပြီး။ လူ ငယ်တစ်ဦးမှာလည်း ထိခိုက်ဒဏ် ရာများနှင့်တကွဘယ်ခြေဒူး အောက်ပိုင်း (ခြေသလုံး) ကျိုးသွား ခဲ့ကာ နောက်သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိသွားခဲ့ ကြောင်းနှင့် ရှမ်းတရုတ်များက ပြာ၊ စိမ်း၊ နီသုံးရောင်ခြယ် အလံ နမ့်ခမ်း (ဒေသ) ပြည်သူ့စစ်၊ မြို့မ ပြည်သူ့စစ်စာတမ်းပါ အလံတစ်ခု ကို ယင်းနေရာ၌ ချပြထားခဲ့၍ ကောက်ယူသိမ်းဆည်းထားခဲ့ ကြောင်းကိုဆေးရုံတက်နေသော ကိုဇင်ကိုနောင်ကပြောကြားသည်။

အဆိုပါ အမှုကိစ္စကို ထီးချိုင့် မြို့၊ မြို့နယ်ရဲမှူးရုံးတွင် ပနံပါတ် ၁၂၃/၂၀၁၄ ပုဒ်မ ၃၀၇၊ ၃၂၅၊ ၃၂၃ တို့ဖြင့် အမှုဖွင့်ထား၍ ဒုရဲ အုပ်ထွန်းထွန်းလင်းကစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။


Hot News

0 comments:

Post a Comment