Wednesday, June 18, 2014

တရုတ်နိုင်ငံ ချေးငွေဖြင့် သမ၀ါယမအသင်းသားများအား ထောက်ပံ့နေခြင်းဖြစ်ဟုဆို


မုံရွာမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း (ဓာတ်ပုံ − မျိုးမင်းဦး)

မုံရွာ− တရုတ်နိုင်ငံမှ ချေးငွေကိုရ ယူကာ သမ၀ါယမအသင်းသား များအား ထောက်ပံ့နေခြင်းဖြစ် ကြောင်း မုံရွာမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ ၁၇ ရက် နံနက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘ၀မြှင့်တင်ရေး အခမ်းအနားတွင် သမ၀ါယမ ပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။‘‘၀ယ်တဲ့ စက်ကိရိယာတွေ ကိုတော့ ကိုယ့်ဆန္ဒနဲ့ အညီဝယ်ယူ ခွင့်ရှိပါတယ်။ အခုအတိုးနှုန်းနဲ့ ပတ်သက်ပြီး ၇၅ ပြားအထိ လျှော့ချခဲ့တယ်။ အဲဒီ ၇၅ ပြားအတိုး နှုန်းနဲ့ ပတ်သက်ပြီး အသင်းသား တွေနဲ့ ပြောတော့ အခုလိုအခမ်း အနားတွေ ကျင်းပတဲ့ ကုန်ကျ စရိတ်တွေ၊ တရုတ်နိုင်ငံကချေး ထားတဲ့ ချေးငွေတွေအတွက် အတိုးတွေပေးရမယ်။ အတိုးနှုန်း ၇၅ ပြားမှ မရရင် သမ၀ါယမ အသင်းဆက်လက်ရပ်တည်ဖို့ မလွယ်ဘူး’’ဟု သမ၀ါယမ၀န် ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မုံရွာမြို့နယ် သမ၀ါယမအသင်း ၀င်များအား ပြောကြားသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံ မှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူခွင့်ရခဲ့သည်။ ယင်းအ နက် ပထမအရစ် ဒေါ်လာ သန်း ၁၀၀ ချေးယူခဲ့ပြီး ပြည်သူများထံ ချေးငွေနှင့် စက်ကိရိယာများ ဆက်လက်ထုတ်ပေးနေခြင်းဖြစ် ကြောင်း သိရသည်။ ချေးငွေအတွက် အတိုးနှုန်းအနေဖြင့် တောင်သူများသက်သာအောင် အနည်းဆုံးဆောင်ရွက်ပေးထား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သမ၀ါယမအသင်းသား များအား ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းကပြောကြားခဲ့သည်။

၂၀၁၂ ခုနှစ် အောက်တိုဘာ လမှစတင်၍ ယနေ့အထိ သမ၀ါ ယမ၀န်ကြီးဌာနက ဆောင်ရွက် ပေးထားမှုအခြေအနေများအရ ပြည်သူများ၏ အရင်းအနှီးအ တွက် ကျပ်သန်းပေါင်း ၁၄၀,၀၀၀ကျော် သန်းကျော် ထုတ်ချေးထားရှိခဲ့ပြီး တန်ဖိုးကျပ်သိန်းပေါင်း ၅၄,၀၀၀ ကျော်တန်ဖိုးရှိ လုပ်ငန်း သုံးယာဉ်၊ စက်ကိရိယာ အမျိုး မျိုးအရေအတွက်အားဖြင့် ၄,၇၆၅ ခုကို အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးပြီးဖြစ်သည်။


7Day Daily

0 comments:

Post a Comment