Friday, June 20, 2014

တပ်ကုန်းကအဖိုးကြီးကို ဒေါ်စု ကက်ကက်လန်ပြန်ပြောတာမြင်တော့ သူ့ကိုခွပ်ဒေါင်းလို့မမြင်တော့ဘူး (ANGRY BIRD) စိတ်တိုနေတဲ့ငှက်မကြီးလို့ပဲ မြင်မိတယ် သမ္မတလုပ်ဖို့ရည်မှန်းခဲ့ရင် အရင်တည်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ပေါ့



နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ပြင်ဆင်ရေးအတွကNLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကနေပြည်တော်တပ်ကုန်းမြို့နယ်သို့သွားရောက်ဟောပြောစဉ် တပ်ကုန်းမြို့အ၀င်၌ အသက်၇၆ နှစ် အရွယ်အဘိုးအိုက““လူထုကိုလမ်းပေါ်မတင်ရန်ဒေါ်အောင်ဆန်းစုကြည်ကိုပြော၍ ပုဒ်မ ၄၃၆အားပြင်ဆင်ရန်မလိုကြောင်း၊ မပြင်လိုကြောင်းစတင်ပြောရာမှ ဒေါ်အောင်ဆန်းစုကြည်နှင့်အချေအတင်စကားများ ခဲ့ပြီး ယင်းမှာဒေါ်အောင်ဆန်းစုကြည်အတွက်နိုင်ငံရေးဖြတ်သန်းမှုကာလတစ်လျှောက်ကြီးမားသောရိုက်ခတ်မှုတစ်ခုအဖြစ်အများကရှုမြင်ကြပြီးပြည်သူ့အသံနားထောင်သည်ဟုဆိုသော်လည်းအဘိုးအို၏ စကား အပေါ်ချေပပြောဆိုမှုများနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေ၏အမြင်ကိုနေပြည်တော်၌ ခေတ္တတွေ့ဆုံစဉ် သဘောထားမေးမြန်းခဲ့ပါသည်။နေပြည်တော်တပ်ကုန်းမှာဒေါ်အောင် ဆန်းစုကြည်သွားပြီး ၄၃၆ ပြင်ဆင်ရေး အတွက် ဟောပြောပွဲသွားလုပ်တုန်းက အသက် ၇၆နှစ်အရွယ်အဘိုးကြီးတစ် ယောက်နဲ့အချေတင်ဖြစ်ခဲ့တဲ့အနေအထား ရှိခဲ့ပါတယ်။ နောက်ပြီးတော့ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ကြီးမားတဲ့ရိုက်ခတ်မှုအနေနဲ့လည်း ရှိခဲ့တော့ ဒီ ဖြစ်စဉ်ပေါ်မူတည်ပြီး ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီတစ်ဦးရဲ့ ဒီဖြစ်စဉ်အပေါ် Personal အမြင်လေးပြောပြပေးပါဦး။

ပြည်သူ့အသံဆိုတာ နားထောင်ရ မှာပဲလေ။ ပြောရရင် နိုင်ငံရေးသမားဆို တာ ပြည်သူက ဝေဖန်တာကို အပြုံး မပျက်တည်တည်ငြိမ်ငြိမ် နားထောင်ရမှာ ပဲ။ ဥပမာကန်သမ္မတဂျော့ဒဗလျူဘွရှ် ကို Press တစ်ခုမှာ ဖိနပ်နဲ့ လှမ်းပေါက် လိုက်တယ်။ဒါတောင်အမေရိကန်သမ်္မတ နော်။ ပထမပေါက်တော့ သူရှောင်လိုက် တယ်။နောက်တစ်ဖက်လည်းလာရော သူက ““ကျွန်တော့်ကိုပေါက်လိုက်တဲ့ဖိနပ် က နံပါတ် ၇ ဖြစ်မယ်ထင်တယ်ဆိုပြီး ဟာသလုပ်ပစ်လိုက်တယ်။ သူ့ကိုလာ လုပ်တာကို ဟာသလုပ်ပစ်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကအဲဒီလိုသဘော မထားနိုင်ဘူးဗျ။ ဒီအဘိုးကြီးဝေဖန်တာ ကို စိတ်တိုပြီး ဘာဖြစ်တယ်၊ ညာဖြစ် တယ်ဆိုပြီးပြန်ပြောတယ်။ရန်တုံ့တယ်။ သူကပြောရမယ်ဆိုရင် ခွပ်ဒေါင်းတဲ့။ တကယ်တော့ခွပ်ဒေါင်းမဟုတ်ဘူး။ Angry Bird ဗျ။ ဆိုလိုချင်တာက စိတ်မတို ရဘူးလေ။စိတ်တိုတယ်၊ စိတ်ဆိုးတယ် ဆိုမှတော့ ခွပ်ဒေါင်းမှမဟုတ်တော့ဘဲ လေ။ Angry Bird ပေါ့ဗျာ။ အမေရိကန် လို ကမ္ဘာ့နိုင်ငံကြီးရဲ့သမ္မတJ.W. Bush တောင် ဒေါ်အောင်ဆန်းစုကြည်လို အပြောခံ၊ အဝေဖန်ခံရတာမဟုတ်ဘူး။ ဖိနပ်နဲ့ကို ပစ်ပေါက်ခံရတာ။ ဒါတောင် သမ္မတBush က အပြုံးမပျက်ဘဲ ဟာသ လုပ်နိုင်သေးတယ်။သတင်းစာရှင်းလင်း ပွဲကြီးမှာဗျာ။ ဖိနပ်နဲ့ပေါက်တဲ့ကောင်ကို သူကအပြုံးမပျက်ဘဲ ဟာသလုပ်ပစ် လိုက်တာ။ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့လည်း ဟာသလုပ်ရမှာ။ဒါပေမဲ့ သူ မလုပ်နိုင်ဘူး။ မလုပ်နိုင်ဘဲနဲ့ အဘိုးကြီး ကိုRecord ဖမ်းထား၊ ဘာလုပ်မယ်၊ညာ လုပ်မယ်နဲ့ပြောတာ။Bush က တကယ့် ဒီမိုကရေစီနိုင်ငံရဲ့ သမ္မတလေဗျာ။ဒေါ်စု ကြည်က ခုမှဒီမိုကရေစီနိုင်ငံရဲ့ သမ်္မတ ဖြစ်ချင်ပါတယ်ဆိုတဲ့သူလေ၊ အလောင်း အလျာလေ။ ဒါကြောင့်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ခွပ်ဒေါင်းမဟုတ်ဘူး။ Angry Bird ပဲ ဒေါင်းလည်း ငှက်ပဲ။ ဒါပေမဲ့ ဒေါ်စုကြည်က ဒေါင်း မဟုတ်ဘူး။ Angry Bird စိတ်တိုနေတဲ့ ငှက်မကြီးပေါ့ဗျာ။

နိုင်ငံရေးရပ်တည်မှု အခန်းကဏ္ဍမှာ ဒီလိုမျိုးအရှိန်အ၀ါရှိတဲ့ နိုင်ငံရေးခေါင်း ဆောင်တစ်ဦးကို၊သူရဲ့လုပ်ရပ်တွေကို ရှုတ် ချခံရတာ။ နောက်ပြီးတော့အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးပေါ့နော်။သွားလေရာပြည်သူတွေရဲ့ ထောက်ခံမှုရ နေတယ်ဆိုတဲ့ ကြီးမားတဲ့ Image ရှိသူတစ်ယောက်အပေါ် မထင်မှတ်ဘဲ ဒီလို ကန့်ကွက်ခံရမှုရှိလာတယ်။ ဒါဟာနိုင်ငံရေး အရ ကျဆုံးခြင်းအစလို့ ယူဆနိုင်မလား။

ဆိုလိုချင်တာက ခုနကပြောသလို ပဲ။ သူကဘယ်သူကပဲ ကြမ်းကြမ်းတမ်း တမ်းဆက်ဆံနေပါစေ သူဒီလိုပြန်မပြော ရဘူး။ အပြုံးနဲ့ပဲ တုံ့ပြန်နိုင်ရမှာပေါ့ဗျာ။ဆိုလိုချင်တာက နိုင်ငံရေးသမားလေဗျာ။ နေရာတကာ ဒေါသရှေ့ထားလို့မရဘူး။ ဗညါမပ ငြမိ လိုမျိုးပေါ့နော်။ နောက်ပြီး တော့ အရည်ထူရမယ်လေ။ နိုင်ငံရေးသမားဆိုတာက အဘိုးကြီးပြောတာကို ဟုတ်တာပေါ့၊ မှန်တာပေါ့ဆိုပြီး ဟာသ လုပ်ရမယ်လေဗျာ။ နိုင်ငံရေးပါးမ၀ဘူး။ နည်းနည်းလောက် ထပ်သင်လိုက်ပါဦး လို့။ပြောချင်တာက Angry Bird နဲ့ ခွပ် ဒေါင်းနဲ့ကတခြားစီဗျ။ အဘိုးကြီးကို သူ က ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ဗျာ။ အဘိုးကြီးက ဒါတွေဒါတွေ ကန့်ကွက် တာဒီအကြောင်းကြောင့်ပါ။ သူဟာသူ နိုင်ငံခြားသားနဲ့ယူတာ ကျွန်တော်တို့ပေး စားတာမဟုတ်ဘူး။ သူငယ်ငယ်ကတည်း က သမ်္မတဖြစ်ဖို့ ရည်မှန်းခဲ့ရင် ဗိုင်းကောင်းကျောက်ဖိနေခဲ့ရမှာပေါ့။ငါ့အဖေ ကဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်ချုပ်အောင် ဆန်းကိုတစ်တိုင်းပြည်လုံးက ချစ်တယ်။ ငါအင်္ဂလိပ်နဲ့ ယူလို့မရဘူးဆိုပြီး အဲလိုစိတ်မျိုးသူမထားခဲ့ဘူးလေ။ ခုမှလာပြီး သမ်္မတဖြစ်ချင်တော့ ဘယ်ရမလဲဗျ။ အစ ကတည်းက ဗိုင်းကောင်းကျောက်ဖိနေခဲ့ ရမှာပေါ့။ အဲဒီတုန်းက သူ့ဟာသူယူခဲ့ ပြီးတော့။

ခုဒေါ်အောင်ဆန်းစုကြည်က ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောတာတွေ၊ စည်းရုံးတာတွေလုပ်နေတယ်။ အခြား သောနိုင်ငံရေးအင်အားစုတွေအပါအ၀င် ပေါ့နော်။ ဖွဲ့စည်းပုံပြင်ဖို့ သမ္မတရဲ့ကတိ၊ လွှတ်တော်နာယကရဲ့ကတိ၊ တပ်ချုပ်ရဲ့ကတိတွေကလည်းရှိပြီးသားဆိုတော့ ဖွဲ့ စည်းပုံပြင်ရင် ဒီ ၄၃၆ ကစပြီးဖွင့်ရမှာ ပဲလေ။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အချို့အင်အားစုတွေပူးပေါင်းပြီး၄၃၆ ပြင်ဆင်ရေးဆိုတာ လုပ်နေတော့ အဲဒီပေါ် ဘယ်လိုမြင်ပါသလဲ။
ဒီအကွက်တွေရိုးနေပြီဗျ။ ဘာဖြစ်လို့ ရိုးနေပြီးလည်းဆိုတော့ ၄၃၆ ဆိုတာ ခဏထားဦး။ အခြေခံဥပဒေပြင်ရင်ဥပဒေ ဘောင်တွင်းက ပြင်မယ်လို့ကာချုပ်က ပြောတယ်။နောက်တစ်ခါဦးသိန်းစိန်က လည်း အခြေခံဥပဒေပြင်မယ်မလောပါနဲ့ လို့ပြောတယ်။ ဦးရွှေမန်းက ပြင်မယ်ပြော တယ်။ ခုလွှတ်တော်မှာကော်မရှင်တောင် ဖွဲ့ပြီးပြီ။သုံးယောက်စလုံးက ပြင်မယ်ဆို တဲ့ စကားပါတယ်။ ပြင်မယ်ဆိုကတည်းက ပုဒ်မ ၄၃၆ ဆိုတာကြီးကိုဖွင့်ရမှာပဲလေ။ အဲဒီကစပြီးလုပ်ရမှာပဲ။ ဒါမှကျန်တာတွေကိုပြင်လို့ရမှာပေါ့ဗျာ။ ၃ ယောက်စလုံး ကိုက ပြင်မယ်ပြောပြီးပြီ။ ကျွန်တော့် ဒေသကနေ လွှတ်တော်သွားခါနီး ပြည်သူ တွေကို ဘာများကျွန်တော်လွှတ်တော်မှာတင်ပြပေးရပါမလဲ။ ကျွန်တော့်ကို ပြည်သူ ခိုင်းပါဆိုတော့ တစ်ယောက်ကကျွန်တော် NLD မြို့နယ် အမှုဆောင်ပါတဲ့။ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ပေးပါတဲ့။ ကျွန်တော်က မေးတယ်။ ဖွဲ့စည်းပုံမှာပုဒ်မဘယ်နှစ်ခု ရှိလဲသိလား။ အဲဒီထဲက ဘယ်ပုဒ်မကို ပြင်စေချင်ရတာလဲလို့။ သမ္မတရော၊ နာယကရော၊ ကာချုပ်ကရော ၄၃၆ ကိုပြင်မယ်ပြောတာမဟုတ်ဘူး။ အခြေခံ ဥပဒေကိုပြင်မယ်ပြောတာလေ။ ဗိုလ်ချုပ် အောင်ဆန်းကိုရှိစေချင်လိုက်တာဗျာ။ ဗိုလ်ချုပ်သာရှိရင် ၅၉ (စ) ကို လုံးဝအထိခံမှာမဟုတ်ဘူး။ ခု ဒီပုဂိ္ဂုလ်တွေကပြင် မယ်လို့ပြောပြီးတာတောင် ဒေါ်စုကြည်က ၈၈ နဲ့ပေါင်းပြီး ဇာတ်နာအောင်လုပ်နေ တယ်။ ဒါကုလားကွက်တွေဗျ။ ရိုးနေပြီ။ကုလားကားထဲမှာ အမီတာဘဂျန်းတို့ ချတဲ့ ကုလားကွက်တွေကရိုးနေပြီဗျ။ ဂျက်ကီချန်းတို့ ချတဲ့သိုင်းကားကမှ ပို ကြည့်ကောင်းနေသေးတယ်။ ခုနကပြောတဲ့အထဲမှာNLD အမှုဆောင်ဆိုတဲ့ တစ် ယောက်က ကျွန်တော်လွှတ်တော်မသွား ခင် ကျွန်တော့်ကို ပုဒ်မ ၄၃၆ ပြင်ပေးပါ တဲ့။ ဒါလွှတ်တော်မှာပြောပေးပါတဲ့။ကျွန်တော်ကNLD က မြို့နယ်အမှုဆောင် ပါတဲ့။ မေးတော့ ၄၃၆ ဆိုတာ ဘာမှန်း မသိဘူး။ အဲဒါခင်ဗျားကမသိဘဲ ဘာလို့ ပြင်ချင်တာလဲဆိုတော့ အထက်ကညွှန် ကြားလို့တဲ့။နောက်တစ်ရွာထပ်ရောက် တော့ လူထုတွေ့ဆုံပွဲမှာ အခြေခံဥပဒေ ပြင်ပေးပါတဲ့။ သူလည်းNLD အမှုဆောင် ပါတဲ့။ အဲဒီတော့ ကျွန်တော်ကဟုတ်ပြီ။ဘယ်ပုဒ်မပြင်စေချင်တာလဲဆိုတော့အဲဒီNLD အမှုဆောင်ဆိုတဲ့သူက ဘယ်ပုဒ်မ ပြင်ပေးရမလဲဆိုတာတော့ မသိဘူးတဲ့။ ပြီးတော့ကျွန်တော်ကအခြေခံဥပဒေပုဒ်မဘယ်နှခုပါလဲမေးတော့လဲ မသိဘူးတဲ့။ ဒါဆို ဘာလို့ပြင်ခိုင်းရတာလဲဆိုတော့ ဂျာနယ်ထဲမှာပါလို့ ပြင်ခိုင်းရတာတဲ့။NLD ဗျ။ အဲဒါကိုလည်း ညီလေးတို့ရေအခြေခံဥပဒေပြန်ဖတ်လိုက်ဦးဆိုပြီး တစ် အုပ်ပေးခဲ့လိုက်တယ်။ မင်းပြင်ချင်တာကို သေချာဖတ်။ နောက်တစ်ခါကျရင်ပြော ဆိုပြီး ခုဖွဲ့စည်းပုံပြင်ဖို့ တစ်နိုင်ငံလုံးကအော်နေတယ်၊ ပြောနေတယ်လို့လျှောက် ပြောနေတာ။ ဘာမှတစ်နိုင်ငံလုံးမအော် ဘူး။ သူတုNLD သက်သက်လျှောက် အော်နေတာ။ NLD သက်သက်အော်နေတဲ့အထဲမှာတောင်မှ ဖွဲ့စည်းပုံကို ဖွဲ့ စည်းပုံမှာ တစ်ပိုဒ်လောက်ကိုတောင် ဘာမှမဖတ်ဖူးတဲ့သူတွေချည်းပဲ။NLD က အမီတာဘဂျန်းရဲ့ ကုလားကွက်တွေနင်းနေတယ်။ အကွက်တွေမပြောင်းဘူး။ ဒါတွေတော့ ရိုးနေပြီဗျာ။

နောက်တစ်ခုက ပုဒ်မ ၄၃၆ ကိုဖွင့် ပြီးတော့ ပုဒ်မ ၅၉ (စ) ပြင်မယ်ဆိုတာ ရောက်ရင်ရော အဲဒီ ၅၉ (စ) တကယ် ပြင်နိုင်ပါ့မလား။ ပြင်လို့ရနိုင်ချေ၊ မရနိုင်ချေအပေါ် ဘာများပြောချင်ပါသလဲ။

သမ္မတရော၊နာယကဦးရွှေမန်းရော၊ တပ်ချုပ်ကရော ပြင်မယ်ပြောပြီးပြီ။ ပြင် ရင် ခုသူတို့လျှောက်အော်နေတဲ့ ၄၃၆ ဆို တဲ့တံခါးကို အရင်ဖွင့်ရမယ်။ ဖွင့်ပြီးလို့ရှိ ရင်တော့၅၉ (စ) ပြင်ပေးဖို့ဆိုတာက ခက်ပြီ။ ၄၃၆ ကတော့ပွင့်သွားမှာပဲ။ ၅၉ (စ) မှာတော့ လုံးဝခက်ပြီဗျ။ အဲဒီလိုခက် ပြီဆို ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်နိုင်ဘူး။ ၂၀၁၅ဆိုတဲ့ကာလမှာ NLD က အပြတ်အသတ်နိုင်တယ်ထား။ ကျွန်တော်တို့ကျန်တဲ့အင်အားစုတွေလုံးဝ အပြတ်အသတ်ရှုံးတယ်ပဲထား။ အခြေခံ ဥပဒေကို ၂၀၁၅ မှာစပြင်လိုက်မယ်ပေါ့ ဗျာ။ ၂၀၂၀ မှာမှ သူသမ္မတဖြစ်မယ်။ ၂၀၁၅ မှာဆို သူ ၇၁ နှစ်ရှိနေပြီ။ ၂၀၂၀ မှာဆို ဒေါ်စု ကြည်ရဲ့အသက်က ၇၆ နှစ်ဖြစ်နေပြီ။ အဲဒီအချိန်သူဘာလုပ်နိုင် တော့မလဲ။ ဗမာလူမျိုး ၇၆ နှစ်ဆိုတဲ့ အဘွားကြီးတစ်ယောက်က တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်တော့မှာလဲဗျာ။

ခုလိုသုံးသပ်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Hot News

0 comments:

Post a Comment