Monday, June 16, 2014

လုမ္ဗနီဥယျာဉ်ရောက် ဒေါ်အောင်ဆန်းစုကြည်



နီပေါနိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ၄ ရက်တာ ခရီးစဉ်အတွင်း
နီပေါခေါင်းဆောင်များနဲ့ တွေ့ဆုံခဲ့ပါတယ်။ နာမည်ကျော် လုမ္ဗနီဥယျာဉ် ကိုလည်း သွားရောက်ခဲ့ပါတယ်။
ဒီကနေ့ တနင်္လာနေ့ ညနေပိုင်း မြန်မာနိုင်ငံကို ပြန်ရောက်ပါမယ်။

NLD ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတခုမှာတော့ ခရီးစဉ်အကြောင်း ဒီမနက် ရေးသားထားတာတွေနဲ့ ပုံတွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ဘုရားလောင်း ဖွားမြင်ရာ လုမ္ဗနီဥယျာဉ် သို့ သွားရောက်ကြည်ညို.

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ နိုင်ငံ တတိယနေ့ ခရီးစဉ် အဖြစ် နီပေါနိုင်ငံရှိ ဘုရားလောင်း သိဒ္ဒတ္တ မင်းသားဖွားမြင်ရာ လုမ္ဗနီဥယျာဉ်သို့ သွားရောက် ကြည်ညိုခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ သည် ထို မှတဆင့် နီပေါနိုင်ငံ လုမ္ဗနီဥယျာဉ် ရှိ မြန်မာ ဘုန်းကြီးကျောင်းသို့သွားရောက် ဝတ်ပြုဆုတောင်းပြီး နဝကမ္မ အလှူငွေ ကို ဆရာတော်ထံ ဆပ်ကပ်လှူဒါန်း ခဲ့ပါသည်။


.









ဧရာဝတီ

0 comments:

Post a Comment