Friday, June 20, 2014

အီရတ်ရှိ ဓာတုလက်နက်စက်ရုံဟောင်းတစ်ခု ISIS တို့ လက်အောက် ကျရောက်



အီရတ်နိုင်ငံရှိ ဓာတုလက်နက်စက်ရုံဟောင်း တစ်ခုကို ISIS အစ္စာလာမစ် စစ်သွေးကြွများက သိမ်းပိုက်ထားလိုက်ကြောင်း သိရှိရသည်။

အီရတ်မြောက်ပိုင်းမှတစ်ဆင့် မြို့များကို သိမ်းပိုက်ပြီး ဘဂ္ဂဒက်သို့ ဦးတည်ခြိမ်းခြောက်လာနေသည့် စစ်သွေးကြွများသည် အာဏာရှင်ဟောင်း ဆက်ဒမ်ဟူစိန်၏ မွေးရပ်မြို့ တီကရစ်ရှိ ဓာတုလက်နက် စက်ရုံနေရာကို ချုပ်ထိန်းနိုင်ခဲ့ခြင်း ဖြစ်သည်။ တီကရစ်ကို ISIS တို့က ထိန်းချုပ်ထားသည်။“ISIS က အယ်လ်မူသန်နာ စက်ရုံဧရိယာကို သိမ်းယူထားတဲ့အပေါ် ကျွန်မတို့ သတိထား စောင့်ကြည့်နေပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ပြောကြားခဲ့သည်။

သို့သော်လည်း ISIS တို့ အနေဖြင့် အဆိုပါ စက်ရုံနေရာဟောင်းမှ လက်တွေ့အသုံးချနိုင်သည့် ဓာတုလက်နက်များ ထုတ်လုပ်နိုင်မည်ဟု မယုံကြည်ကြောင်းလည်း ဆိုသည်။ ယင်းစက်ရုံသည် ဘဂ္ဂဒက်မြို့တော်မှ အနောက်မြောက်ဘက် (၄၅)မိုင်မျှ အကွာတွင် တည်ရှိသည်။

ဆက်ဒမ်ဟူစိန် အစိုးရ လက်ထက်တွင် တည်ဆောက်ခဲ့သော စက်ရုံသည် (၁၉၈၀)ပြည့်လွန် နှစ်များက ဆာရင်း အဆိပ်ဓာတ်ငွေ့ကဲ့သို့ ဓာတုလက်နက်များကို ထုတ်လုပ်ခဲ့ပြီး ပထမ ပင်လယ်ကွေ့စစ်ပွဲ အပြီးတွင်မူ ပိတ်ပစ်ခဲ့ကြောင်း သိရှိရသည်။

_Ref; Channelnewsasia

7Day daily

0 comments:

Post a Comment