● အိန္ဒိယသမုဒ္ဒရာနှင့် အမေရိကန်ပြည်ထောင်စု ●
အမေရိကန်အစိုးရ ရပ်ဆိုင်းခြင်း မဖြစ်မီ ၂၀၀၉ ခုနှစ်ကပင် ရေးသားခဲ့သော ကက်ပလန်း၏ ဟောကိန်းတွင် အမေရိကန်သည် ၁၉ ရာစုက ဂရိတ်ဗြိတိန်နမူနာလမ်းကြောင်းအတိုင်း လျှောက်လှမ်း မည် ဟု ဟောကိန်းထုတ်ခဲ့သည်။ အိန္ဒိယ၊ ဂျပန်စသည့် အမေရိကန်၏ မဟာမိတ်နိုင်ငံများ၏ ပါဝါ ကြီး ထွာလာခြင်းကြောင့် တရုတ်နိုင်ငံကို တန်ပြန်ထိန်းညှိနိုင်မည် ဖြစ်၍ အမေရိကန်နိုင်ငံ၏ အင်အားလျှော့ချ မှု စတင်နေပြီ ဟု ဆိုခဲ့သည်။ အမေရိကန်ရေတပ်အနေဖြင့် မည်မျှအချိန်ကြာအောင် လွှမ်းမိုးထားနိုင်မည် နည်း ဟု မေးခွန်းထုတ်ခဲ့သည်။ အမှန်စင်စစ် ကာကွယ်ရေးဘတ်ဂျက်လျော့ကျလာမှုကြောင့် အမေရိကန် နိုင်ငံအနေဖြင့် ပင်လယ်ရေကြောင်းလုံခြုံရေးတာဝန်များကို ပူးပေါင်းအထူးတပ်ဖွဲ့အမှတ်-၁၅၀၊ ၁၅၁ ကဲ့သို့ သော မဟာမိတ်တပ်ဖွဲ့များနှင့် မျှဝေဆောင်ရွက်နေရကြောင်း တွေ့ရှိရသည်။ အမှတ်-၁၅၀ အထူးတပ်ဖွဲ့မှာ အကြမ်းဖက်နှိမ်နင်းရေး တာဝန်ထမ်းဆောင်ရပြီး အမှတ်-၁၅၁ အထူးတပ်ဖွဲ့မှာ ပင်လယ်ဓါးပြနှိမ်နင်းရေးတာဝန် ထမ်းဆောင်ရသည်။
ဆူပါပါဝါ ဖြစ်နေဆဲ အမေရိကန်ပြည်ထောင်စုသည် အပြည်ပြည်ဆိုင်ရာကူးသန်းရောင်းဝယ် ရေးနှင့် ပင်လယ်ရေကြောင်းလုံခြုံရေးကို အာမခံပေရးသူ အဖြစ် မိမိကိုယ်ကို ရှုမြင်နေဆဲ ဖြစ်သည်။အိန္ဒိယ သမုဒ္ဒရာတစ်ခုတည်းကိုပဲကြည့်လျှင် ဘာရိန်း၊ ဒီယေဂိုဂါစီယာ၊ Djibouti တို့တွင် အမေရိကန် ရေတပ်များ ရှိနေပြီး အိန္ဒိယကမ်းရိုးတန်းတစ်လျှောက်ရှိ အာဖရိက၊ အာရှနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများ နှင့် စစ်ရေးပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်လျက် ရှိသည်။ ၄င်းအပြင် အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာန၏ ၂၀၁၂ ခုနှစ် မဟာဗျူဟာ လမ်းညွှန်တွင် အမေရိကန်စီးပွားရေးနှင့် အကျိုးစီးပွားအတွက် အိန္ဒိယသမုဒ္ဒရာ၊ အရှေ့တောင်အာရှဒေသနှင့် တောင်အာရှဒေသတို့၏ အရေးပါမှုတို့ကို ဖော်ပြထား သည်။ ၂၀၁၄ ခုနှစ် လေးလ တစ်ကြိမ်ထုတ် ကာကွယ်ရေးရီဗျူးတွင်လည်း အိန္ဒိယသမုဒ္ဒရာနှင့် အမေ ရိကန်၏ ထိတွေ့ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား ကြားဝင်ပေးသည့် အကျိုး ဆောင်အဖြစ် ချိန်ခွင်လျှာထိန်းသိမ်းထားနိုင်မည် ဟု ကက်ပလန်းက ယူဆထားခဲ့သည်။ ပြီးခဲ့သည့် (၅)နှစ်တာကာလ အတွင်း အမေရိကန်နိုင်ငံအနေဖြင့် အဆိုပါအခန်းကဏ္ဍကို ၀င်ရောက်ရယူရန် မလိုအပ်ခဲ့ဘဲ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပံ့ပိုးပေးသူအဖြစ်ပင် ဆောင်ရွက်ခဲ့ရသည်။ အိန္ဒိယသမု ဒ္ဒရာအတွင်း၌ ပူးပေါင်းရေကြောင်းတပ်ဖွဲ့မှတစ်ဆင့် ထိထိရောက်ရောက် ကူညီပံ့ပိုးမှုများ ပြုလုပ်နိုင်ခဲ့ သည်။ အလားတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် အရေးပါသည့်နေရာမှာ ဆက် လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ သို့သော်လည်း အဓိကအချက်မှာ အိန္ဒိယသမုဒ္ဒရာဝင်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုသည့် ဒေသတွင်းနိုင်ငံများ၏ ဦးဆောင်မှုဖြင့် ကျယ်ပြန့်လာခြင်းဖြစ်ပြီး အမေရိကန် နိုင်ငံ၏ ဦးဆောင်မှု မဟုတ်သည့်အချက်ပင် ဖြစ်သည်။ အမေရိကန်နိုင်ငံမှာ ဒေသတွင်းပူးပေါင်းဆောင် ရွက်မှုတွင် ပါဝင်သူ အနေဖြင့် ရပ်တည်နေရခြင်း ဖြစ်သည်။ သြစတြေးလျနိုင်ငံက ဥက္ကဌအဖြစ် တာဝန် ယူထားသော IORA နှင့် IONS အဖွဲ့များတွင် အမေရိကန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်းကစ၍ ဒိုင်ယာ လော့မိတ်ဖက် အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးများကို အမေရိကန်ရေတပ်အရာရှိများ တက်ရောက်လေ့လာနေပြီ ဖြစ်သော်လည်း တရားဝင် လေ့လာသူအဆင့်တွင် အမေရိကန်နိုင်ငံ ပါဝင် ခြင်း မရှိသေးပေ။
အိန္ဒိယသမုဒ္ဒရာအတွင်း သဘာဝဘေးကာကွယ်ရေးကိစ္စရပ်များတွင် အရေးပါသော အခန်း ကဏ္ဍကို ၂၀၀၄ ခုနှစ်အတွင်းက ရယူနိုင်ခဲ့ပြီး ဆူနာမီပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်းအဖွဲ့တွင် အမေရိကန်၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျတို့ ပါဝင်သည်။ သို့သော်လည်း အိန္ဒိယနှင့် ဒေသတွင်းနိုင်ငံများမှ ဆူနာမီ၊ ဆိုင်ကလုန်း၊ မြေငလျင် စသည့် သဘာဝဘေးကာကွယ်ရေးကိစ္စရပ်များ တွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ အင်စတီကျူးရှင်းများ အသုံးပြုမှုမြင့်တက်လာခြင်းသည်လည်း အိန္ဒိယသမုဒ္ဒရာနိုင်ငံများအနေဖြင့် အမေ ရိကန်ကို မှီခိုစရာမလိုဘဲ မိမိတို့ဘာသာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်စေသည့် နည်းလမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် အပြည်ပြည်ဆိုင်ရာပင်လယ်ပြင်အငြင်းပွားမှုဆိုင်ရာအနုညတ ခုံရုံးက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြစ်ပွားခဲ့သော အငြင်းပွားမှုကို ဆုံးဖြတ်ချက် ချမှတ် ခဲ့သည်။ အလားတူပင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှစ်နိုင်ငံအကြား အငြင်းပွားမှုကို ယခုနှစ်နွေရာသီ တွင် ချမှတ်တော့မည် ဖြစ်သည်။ ပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ သဘောတူညီချက်အမှတ်(၇)ကို အမေရိကန်နိုင်ငံက လက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အငြင်းပွားမှု ခုံရုံးဆုံးဖြတ်ချက် ထွက်ပေါ်လာလျှင် အိန္ဒိယသမုဒ္ဒရာအတွင်း နိုင်ငံ အချင်းချင်းအကြား ဖြစ်ပွားသော အငြင်းပွားမှုကို မည်သည့် အင်အားကြီးနိုင်ငံ၏ ကြားဝင်မှုမှ မလိုဘဲ အောင်မြင်စွာ ဖြေရှင်းနိုင်မည့် သာဓကတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။ တရုတ်နိုင်ငံသည်လည်း အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင် သတ္တုတူးဖော်ရေးလုပ်ပိုင်ခွင့်ကို နိုင်ငံတကာပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ထံမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာအတွင်း ပူးပေါင်းဆောင်ရွက်မှုများမှာ ကက်ပလန်း ဟောကိန်းထုတ်ထားခဲ့သည့် တင်းမာမှုများကို ရှောင်ရှားနိုင်ခဲ့သည်။ မကြာသေးခင်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကိုကြည့်လျှင် နေရာတိုင်းတွင် အငြင်းပွားမှုများ ကြုံတွေ့ လာနိုင်သည်ကို တွေ့ရှိနိုင်သည်။ အမေရိကန်နှင့် တရူတ်နိုင်ငံတို့သည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များ တွင် ပင်လယ်ဓါးပြနှိမ်နင်းရေးစစ်ရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယနှင့် တရုတ်တို့ အကြား မြေယာလုပ်သားကိစ္စတင်းမာမှု ဖြစ်ပေါ်နေပြီး တရုတ်နှင့် ဂျပန်နိုင်ငံအကြား အရှေ့တရုတ် ပင်လယ်ကိစ္စတင်းမာမှုများဖြစ်ပေါ်သည့်အချိန်တွင် အိန္ဒိယ၊ တရုတ်၊ ဂျပန်နိုင်ငံ တို့သည် အေဒင် ပင်လယ် ကွေ့၌ ပူးတွဲကင်းလှည့်ရန် သဘောတူညီနိုင်ခဲ့ကြသည်။ တောင်ကိုရီးယားရေတပ်သည်လည်း ယင်းနိုင်ငံများနှင့် တင်းမာမှုများ ရှိခဲ့ကြသည်။ ဤသို့နိုင်ငံများအကြား ပင်လယ်ဓါးပြနှိမ်နင်းရေး၊ သဘာဝ ဘေးကာကွယ်ရေး၊ ရေပြင်ပိုင်နက်အငြင်းပွားမှု စသည်တို့ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သော သာဓက များအရ အိန္ဒိယသမုဒ္ဒရာသည် The Art of Possible ၏ လက်တွေ့စမ်းသပ်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။
● သုံးသပ်ချက် ●
ရောဘတ်ကက်ပလန်း၏ ၂၀၀၉ ခုနှစ် စာတမ်းသည် အိန္ဒိယသမုဒ္ဒရာ၏အရေးပါသော ဇာတ်ကြောင်း စုံလင်ကို ဖွင့်ဆိုရှင်းလင်းနိုင်ခဲ့ပြီး ကြီးမားလှသည့် ပထ၀ီနိုင်ငံရေးအကျိုးဆက်များကို အစ ပြုဖြစ်ပေါ်ရာ မဟာဗျူဟာရပ်ဝန်းအဖြစ် ရေးသားဖော်ပြခဲ့သည်။ ကက်ပလန်း ဟောကိန်းထုတ်ခဲ့သလို တရုတ်-အိန္ဒိယ ဂရိတ်ပါဝါကြီးများ၏ အားပြိုင်မှု ထွက်ပေါ်လာခြင်း မရှိခဲ့သော်လည်း အိန္ဒိယသမုဒ္ဒရာ သည် မဟာဗျူဟာ သပွတ်အူဖြစ်ကြောင်း အလေးထားလာခဲ့ကြသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ကိုယ်ပိုင်မဟာဗျူဟာလမ်းကြောင်းအတိုင်း ရေတပ်စွမ်းအားနှင့် ဒေသတွင်း ဦးဆောင်မှုကို ဆက်လက်ပုံဖော်သွားမည် ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးအကျိုးစီးပွားများ၏ စေ့ဆော်မှုကြောင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် အိန္ဒိယသမုဒ္ဒရာအတွင်း တည်ရှိနေ ဦးမည် ဖြစ်သည်။ တရုတ်နိုင်ငံနှင့် နိုင်ငံငယ်လေးများအကြား လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာမည်ကို မြင်တွေ့ရဖွယ်ရှိနေပြီး ယင်းနိုင်ငံငယ်လေးများအနေဖြင့် မိမိရေပြင်လုံခြုံရေးတာဝန် ကို ထမ်းဆောင်နိုင်ရန်အတွက် ရေတပ်နှင့် ကမ်းခြေစောင့်တပ်များ စွမ်းရှည်မြှင့်တင်ရန် လိုအပ်လာမည် ဖြစ်သည်။ စစ်ရေးလေ့ကျင့်ခန်းများအပါအ၀င် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ မြင့်တက်လာမည့် တရုတ်နိုင်ငံအား အိန္ဒိယနိုင်ငံက မည်သို့ သဘောထားမည်နည်း။ အိန္ဒိယနိုင်ငံအနေဖြင့်လည်း တရုတ် နိုင်ငံနှင့် ရေတပ်လေ့ကျင့်ခန်းများ ပုံမှန်ပူးပေါင်းဆောင်ရွက်နိုင်ပါမည်လား။
ယင်းနှစ်နိုင်ငံအကြား ပူး ပေါင်းဆောင်ရွက်မှုများမှာ အေဒင်ပင်လယ်ကွေ့လုံခြုံရေးတွင် နားလည်မှုရှိရှိ ဆောင်ရွက်ခဲ့ကြပြီး ဖြစ် သည်။ ၂၀၀၅ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံ ကိုချီတွင် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့သလို ၂၀၁၄ ခုနှစ် ဧပြီလ၌ တရုတ်နိုင်ငံ၌ နိုင်ငံစုံပါဝင်သော ပူးပေါင်းလေ့ကျင့်ခန်း ဆောင် ရွက်ခဲ့ပြီး ဖြစ်သည်။ အာရေဗီးယန်းပင်လယ်တွင် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ရေတပ်များ ပူးပေါင်းဆောင် ရွက်ခဲ့မှု (၁၀)နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ၂၀၁၅ ခုနှစ်အတွင်း စစ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်သင့် ကြောင်း အကြံပြုလိုသည်။
အပြန်အလှန်ထိတွေ့ ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ မြှင့်တင်ခြင်း အားဖြင့် ကက်ပလန်းညွှန်းဆိုထားသည့် တင်းမာမှုများကို လျှော့ချနိုင်မည် ဖြစ်သည်။
လုံခြုံရေးကျွမ်းကျင်သူများက ဂရိတ်ပါဝါ အားပြိုင်မှု ဖြစ်လာနိုင်ချေကို မျှော်လင့်ထားကြသော် လည်း အိန္ဒိယသမုဒ္ဒရာသည် ပင်လယ်ဖြတ်ကျော်စိန်ခေါ်မှုများကို ဂရိတ်ပါဝါများ အတူတစ်ကွ လက်တွဲ ဖြေရှင်းနိုင်သည့် ဒေသတစ်ခုလည်း ဖြစ်လာနိုင်သည်။ ကက်ပလန်း မှန်းဆထားသလို အမေရိကန် ရေတပ်၏ လျှော့ချမှု ဖြစ်မလာနိုင်ဘဲ အမေရိကန်ရေတပ်၏အခြေစိုက်မှု မြင့်မားလာမည့် အနေအထား ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာသည် ဂရိတ်ပါဝါကြီးများအကြား အားပြိုင်သော အင်အားနိုင်ငံရေးကို ရှောင် လွှဲ၍ ရေပြင်လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုခေတ်သစ်တစ်ရပ်၏ အလားအလာကို ဖော်ထုတ်ပေး သည့်နေရာလည်း ဖြစ်လာနိုင်သည်။ သို့သော် ပစိဖိတ်အတွင်းမှ အားပြိုင်မှုများ အိန္ဒိယ.သမုဒ္ဒရာသို့ ကူးစက်လာ နိုင်သော အန္တရာယ်မှာ အချိန်မရွေး ရှိနေသည်။ ဒေသတွင်း ဂရိတ်ပါဝါ နိုင်ငံများမှ ရေတပ် များ၏ စိုးမိုးမှုကြောင့်လည်း အချိန်မရွေး ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာနိုင်သည်။ ယင်းတင်းမာမှုများကို ရှောင်လွှဲနိုင်ရန်မှာ အိန္ဒိယသမုဒ္ဒရာအတွင်း ဂရိတ်ပါဝါဂိမ်းများ မဖြစ်စေရန်အတွက် ဘုံအကျိုးစီးပွားနှင့် ဘုံလိုက်နာနိုင်သော အင်စတီကျူးရှင်းများ ပေါ်ထွန်းရေးသာ အခရာ ကျမည် ဖြစ်သည်။ ထို့ကြောင့် အိန္ဒိယသမုဒ္ဒရာကို ဂရိတ်ပါဝါတို့၏ အန္တရာယ်ဇုံမဖြစ်စေရန် ဒေသတွင်းနိုင်ငံများ၌ အဓိက တာဝန်ရှိပါ ကြောင်း တင်ပြလိုက်ရပေသည်။
Hmuu Zaw
[The Indian Ocean : A Great-Power Danger Zone By Nilanthi Samaranayake]
Source: The Voice Weekly
0 comments:
Post a Comment