Thursday, June 19, 2014

တရုတ်တွင် ခြစားမှု တိုက်ဖျက်ရေး နှိုးဆော်လှုပ်ရှားသူ (၃)ဦးကို ထောင်ဒဏ်များချမှတ်



တရုတ်နိုင်ငံတွင် အစိုးရ အာဏာပိုင်များ ကြွယ်ဝချမ်းသာမှု အစုစုကို ထုတ်ဖော်ပြသရန် တောင်းဆိုခဲ့သည့် ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ (၃)ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သိရှိရသည်။

New Citizen’s Movementခေါ် ခြစားမှုနှင့် လာဘ်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ခုတွင် အဓိက ပါဝင်ခဲ့သည့် ဝေရှောင်ပင်းနှင့် လူပင်းတို့မှာ ထောင်ဒဏ်(၆)နှစ်ခွဲစီ ချမှတ်ခံရပြီး ကျန်တစ်ဦးဖြစ်သည့် လီဆီဟွာမှာမူ အတန်ငယ် လျော့နည်းသည့် ပြစ်ဒဏ်မျိုး စီရင်ခြင်း ခံခဲ့ရသည်။
လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့တို့ကမူ ယခုစီရင်ချက်များသည် အဓိပ္ပါယ် လုံးဝမရှိကြောင်း ရှုတ်ချပြောဆိုထားသည်။

ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားသူ (၃)ဦးသည် အစိုးရ အာဏာပိုင်များ အနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု အစုစုကို မကွယ်မဝှက် ကြေညာပေးရန် တောင်းဆိုသည့် စာတန်းများ ကိုင်ဆောင်ပြီး ဓာတ်ပုံရိုက်ခဲ့သည့်နောက် ထိန်းသိမ်းခံခဲ့ရသည်။

၎င်းတို့ကို ရှင်ယူရှိ လုံခြုံရေး တင်းကျပ်ထားသော တရားရုံးတစ်ရုံးတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စတင်စစ်ဆေးခဲ့ပြီး ယခုအခါ အပြီးသတ် စီရင်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

_Ref: BBC
7Day Daily

0 comments:

Post a Comment