Sunday, August 3, 2014

ယောက်ျားလေးတွေက သူတို့ပြောတဲ့စကားကို ဂရုစိုက်နားထောင်တတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျ



ယောက်ျားလေးတစ်ယောက်ရဲ့ အသည်းကို ဟတ်ထိသွားစေနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုက သူ့ကို ဂရုစိုက်ကြောင်းပြသနိုင်ဖို့သာဖြစ်တယ်လို့ ဟိုးအရင်နှစ်များစွာကပြောခဲ့တဲ့ Dusty Springfield ရဲ့စကားက မှန်ကန်ခဲ့တယ်။ ယောက်ျားလေးတွေက သူတို့ကို တုံ့ပြန်စကားပြောဆိုတတ်တဲ့ မိန်းကလေးတွေကို ပိုပြီးစွဲလမ်းတတ်ကြတယ်။ ဒါပေမဲ့ ယောက်ျားလေးတွေအတွက် မိန်းကလေးဆီက ဒီလိုစွဲဆောင်မှုရနိုင်တယ်လို့တော့ တထစ်ချ ပြောလို့တော့မရဘူးလို့ လေ့လာချက်အသစ်တစ်ရပ်က ဆိုပါတယ်။တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံတဲ့နောက်ပိုင်း ကိုယ့်ကိုယ် တုံ့ပြန်စကားပြောဆိုတဲ့ မိန်းကလေးတွေကို ပိုစွဲလမ်းမယ့် အလားအလာပိုများတယ်။ တုံ့ပြန်မှုပေးတတ်တဲ့ မိန်းကလေးတွေဆိုတာ ကိုယ်ထင်ထားတဲ့အရာနဲ့ ကိုယ်ခံစားတဲ့အရာတွေကို နားလည်ပေးတာ (သို့) ကိုယ်ပြောတဲ့စကားကို ဂရုစိုက်နားထောင်ပေးတဲ့ မိန်းကလေးတွေကို ဆိုလိုတာဖြစ်ပါတယ်။ ယောက်ျားလေးတွေအနေနဲ့ ကိုယ့်ကိုယ် တုံ့ပြန်တတ်တဲ့ မိန်းကလေးတွေကို ပိုပြီး မိန်းကလေးဆန်တယ်၊ ဒါကြောင့် ဖိုမကိစ္စမှာလည်း ပိုမိုစွဲဆောင်မှုရှိတယ်လို့ မှတ်ယူကြပါတယ်။

တုံ့ပြန်ပြောဆိုတတ်ခြင်း ရှိမရှိကြည့်ခြင်းဖြင့် ဘယ်မိန်းကလေးတွေကို ရေရှည်လက်တွဲလို့ရမယ့်လက်တွဲဖော် (သို့) ခဏသာခံမယ့် လက်တွဲဖော်ဆိုတာ ကောက်ချက်ချလို့ရနိုင်ပါတယ်။ ဂရုစိုက် တုံ့ပြန်ပြောဆိုတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကို နွေးထွေးပြီး ဂရုစိုက်တတ်တဲ့၊ ရေရှည်လက်တွဲလို့ရနိုင်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။

ယောက်ျားလေးတွေအပေါ် မိန်းကလေးတွေရဲ့ အမြင်ကတော့ ဂရုစိုက်တုံ့ပြန် ပြောဆိုမှုရှိခြင်းဆိုတဲ့ ကိစ္စဟာ နားလည်ရ ပိုမိုခက်ခဲပါတယ်။ တခြားဆန့်ကျင်ဘက်အမြင်မှာတော့ ဂရုစိုက်တုံ့ပြန်ပြောတတ်တဲ့ ယောက်ျားကို လိင်ဆက်ဆံဖို စိတ်ဆန္ဒရှိသူလို့ ရှုမြင်ကြပြီး တခြားသူတွေကလည်း လိင်ဇာတ်ခင်းဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သံသယနဲ့ ရှုမြင်ကြပါတယ်။ အဲဒါကို ယောက်ျားမဆန်ဘူး၊ ဒါကြောင့်ဆွဲဆောင်မှုလည်း မရှိဘူးလို့ ထင်မြင်တဲ့လူတွေလည်း ရှိသေးတယ်။

ဒါ့ကြောင့် ခပ်အေးအေးသာနေတဲ့သူတွေ နောက်ကျမှစွံ(nice guys finish last) ဆိုတဲ့ စကားရဲ့ နောက်ကွယ် အကြောင်းတချိုတော့ ရှိကိုရှိပါလိမ့်မယ်။

ဘယ်လောက်စိတ်ပျက်ဖို့ကောင်းလိုက်လဲ။

Ref: TIME

Trend Myanmar

0 comments:

Post a Comment