မွေးမြူရေးဆိုင်ရာ အသားကဏ္ဍတွင် ထုတ်လုပ်မှုနှင့်ကုန်သွယ်မှုဆိုင် ရာ ဥပဒေများမရှိသည့်အတွက် တရုတ်ကြက်များ တရားမ၀င်တင်သွင်းမှုကို တရားဥပဒေအရ အရေးယူမှုများ ပြုလုပ်၍မရကြောင်း အသားတိုးကြက်ထုတ်လုပ်ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာဒေါ်လှလှသိန်းက ပြောသည်။
“တရုတ်ပြည်က ကြက်ပေါက်သွင်းလာတယ်။ တိုင်းဒေသကြီးကိုလည်းအကြောင်းကြားပြီး သက်ဆိုင်ရာဌာနတွေနဲ့ သွားရောက်ပြီး မ၀င်ဖို့အတွက် တားဆီးတယ်။ သူ့ကို ဖျက်ဆီးလို့ပဲရတယ်။ နောက်ထပ်မလာဖို့အတွက် တကယ်တမ်းအရေးယူမယ် ဆိုတဲ့အခါကျတေယခင်နှစ်ကလည်း ထိုင်းနိုင်ငံမှ အေးခဲကြက်သားများ ၀င်ရောက်၍ ရောင်းချသောနေရာများကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းကာ ဖမ်းဆီး ခဲ့သော်လည်း အရေးမယူနိုင်သည့်အတွက် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာဥပဒေမ
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် တိရစ္ဆာန်ကျန်းမာရေးဖွံ့ဖြိုးမှုဥ
အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် များစွာတာဝန်ရှိကြောင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်သိန်းက ပြောသည်။
“အိပ်စ်ပို့သွားဖို့က ရေလုပ်ငန်းက တော်တော်အဆင်ပြေတယ်။ စီပီကုမ္ပဏီကိုယ်တိုင် စင်ကာပူကို ကြက်ဥပို့ဖို့ ကြိုးစားတယ်။ မရခဲ့ဘူး။ ဒီကိစ္စရပ်တွေ အားလုံးက မွေးကုဦးစီးက ဖြေရှင်းပေးရမယ်။ မွေးကုဦးစီးက ထောက်ခံပေးရမယ်။ အကုန်လုပ်ပေးရမယ်။ မလုပ်ပေးတဲ့အတွက် ဒီပြဿနာတွေဖြစ်တာ။ အသားဆိုတာ တကယ်တော့ ပို့ရမယ်။ ခွာနာလျှာနာကြောင့်ပိတ်တယ်ဆို ခွာနာလျှာနာကင်းအောင် ဘယ်လို လုပ်မလဲ။ ကင်းအောင်လုပ်ပြီး ကိုယ်ကထောက်ခံပေးရမယ်။ ထောက်ခံပေးတဲ့ အပေါ်မှာ မူတည်ပြီး ကိုယ်ကတာဝန်ယူရမယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အသားကဏ္ဍ၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ မွေးကုက တာဝန်ရှိတယ်။ ဒီလုပ်ငန်းတွေက စဉ်ဆက်မပြတ် ဆက်တိုက်လုပ်ဖို့လိုတယ်။ ကြားထဲမှာမလုပ်ဘဲထားရင် တစ်ချိန်မှာ ကွင်းဆက်ပြတ်သွားမယ်။ ငါးကိစ္စ ငါးဦးစီးကလုပ်၊ အသားအလုပ် မွေးကုကလုပ်”ဟု ၎င်းက စက်တင်ဘာလ ၈ရက်နေ့ တွင် ပြောသည်။
- မိုးမိုးသူ
အတွဲ(၅) အမှတ်(၆၃) မြန်မာတောင်သူကြီးများဂျာနယ်
@The Farmer Media
0 comments:
Post a Comment