Sunday, September 1, 2013

ကောက်တမ်းမှာ ဝန်ကြီးချုပ် ရှုံးနိမ့်ကြောင်း ပြသ

ကြိုတင်ကောက်တမ်းအရ လက်ရှိဝန်ကြီးချုပ် ကယ်ဗင်ရဒ် ရှုံးနိမ့်မယ်လို့ ပြသ (Credit: AAP) 

သြစတြေးလျ ​နိုင်ငံက ​ဒီတပါတ်ကုန်မှာ ​ကျင်းပ ​ပြုလုပ်မှာ ​ဖြစ်တဲ့ ​အထွေထွေ ​ရွေးကောက်ပွဲမှာ  ​ကြိုတင်ခန့်မှန်းတဲ့ ​ဟောကိန်းကောက်ချက်တွေအရ ​အတိုက်အခံ ​ပါတီ ​ခေါင်းဆောင်က ​အပြတ် ​အသတ် ​မဲအသာ၇မှု ​တွေ ​ပြသ ​နေတဲ့ ​အကြောင်း ​ဒီကနေ့မှာ ​ထွက်တဲ့ ​ကောက်တမ်းတွေအရ ​သိရပါတယ်။

ဝန်ကြီးချုပ်အဖြစ် ​ဘယ်သူ့ကို ​နှစ်သက် ​သလဲဆိုတဲ့ ​ကောက်တမ်းအရ ​အတိုက်အခံ ​ခေါင်းဆောင်  ​Tony ​Abbott ​က ​၄၃% ​အသာရနေပြီး ​ဝန်ကြီးချုပ်  ​Kevin ​Rudd ​က ​၄၁% ​ဖြစ်နေပါတယ်။

 ပါတီ ​၂ ​ခု ​နှိုင်းယှဉ် ​လိုက်တဲ့အခါမှာ ​လေဘာပါတီက ​၃၃% ​နဲ့ ​အတိုက်အခံ ​ညွန့်ပေါင်း ​က ​၄၆% ​အသာရ ​နေတာကို ​တွေ့ရပါတယ်။ရွေးကောက်ပွဲ ​မစခင် ​တပါတ်အလို ​မှာ ​လက်ရှိ ​အစိုးရပါတီက ​နောက်ကို ​ရောက်သွားပြီ ​ဖြစ်ပါတယ်။

ကြိုတင် ​ခန့်မှန်းမဲတွေဟာ ​များသောအားဖြင့် ​တိမ်းစောင်းမှားယွင်းမှု ​၃% ​လောက်ဘဲ ​ရှိတတ်ပါတယ်။ဝန်ကြီးချုပ်  ​Kevin ​Rudd ​ကတော့ ​ရွေးကောက်ပွဲ ​အကြို ​တပါတ်မှာ ​မဲဆွယ်စည်း ​ရုံးရေးတွေ ​ပြည်နယ်တိုင်း ​ရပ်ကွက်တိုင်းကို ​သွားနိုင်သရွေ့ ​သွားမယ်လို့ ​ဆိုပါတယ်။

ဒီတပါတ်ထဲမှာလဲ  ​Townsville ​မြို့မှာ ​ဒေါ်လာ ​၁၅ ​သန်း ​တန်ဘိုးရှိတဲ့ ​အားကစားနဲ့ ​ဖျော်ဖြေရေးရုံကို ​ဆောက်ပေးမယ်ဆိုတဲ့အကြောင်း၊ ​တွင်းထွက် ​သယံဇာတပစ္စည်း ​တူးဖေါ်တဲ့ကရိယာ ​အသစ် ​အဆန်းတွေ ​အတွက် ​ရံပုံငွေ ​ကူညီပေးမယ်ဆိုတဲ့ ​အကြောင်းနဲ့ ​အဓိကအားဖြင့် ​လူတွေရဲ့ ​အလုပ်အကိုင် ​လုံခြုံရေးကို ​ဆောင်ရွက်သွါးမယ်လို့ ​ဆိုပါတယ်။

အတိုက်အခံ ​ခေါင်းဆောင် ​တိုနီအာဘော့တ် ​ကတော့ ​သုံးငွေနဲ့ ​ပတ်သက်ပြီး ​ထုတ်ပြန်မှု ​မရှိ ​သေးတဲ့အတွက် ​ဖိအားပေးခံနေရပြီး ​ရွေးကောက်ပွဲမတိုင်ခင် ​ရက်ပိုင်း ​အတွင်း ​ထုတ်ပြန်မယ်လို့ ​တုန့်ပြန်ခဲ့ပါတယ်။အတိုက်အခံ ​ညွန့်ပေါင်းက ​ကျန်းမာရေး ​ပညာရေးနဲ့ ​ပင်စင်ခံစားခွင့်ငွေတွေ ​ထိခိုက်မှု ​ရှိမှာ ​မဟုတ်ဘူးလို့ ​ပြောဆိုပါတယ်။

ABC Radio Australia


0 comments:

Post a Comment